iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
တ်ဓာတ်ကြံ့ခိုင်သူတွေဆိုတာ စက်ရုပ်တွေတော့ မဟုတ်ကြပါဘူး။ ဒါပေမယ့် လောကကြီးကို ဘယ်လိုရင်ဆိုင်ရမယ်၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမယ်၊ ကိုယ်လိုချင်တဲ့အရာကို ဘယ်လိုရအောင် ကြိုးစားရမယ် ဆိုတာတွေကိုတော့ သူတို့ကောင်းကောင်းသိကြသလို ဒီလိုလူမျိုးတွေဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်တတ်ကြသူတွေပါ။ ဒီလိုဖြစ်ဖို့ တစ်ချို့ကလည်း ဘဝလောကဓံတွေကို ရင်ဆိုင်အံတုရင်းကပဲ ဘဝသင်ခန်းစာတွေ ကောင်းကောင်းကြေညက် သွားသူတွေပေါ့။ တစ်ချို့ကျတော့လည်း ကိုယ်လုပ်ခဲ့တဲ့အမှားတွေကနေ ပြန်လည်သင်ယူရင်း ပျော့ညံ့တဲ့ စိတ်ဓာတ်ကို ဖယ်ထုတ်ကာ စိတ်ဓာတ်မာအောင် ကြိုးစားတည်ဆောက်ထားသူတွေ လည်းရှိတတ်ပါတယ်၊ သူတို့တွေ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ အရာတွေကတော့
၁။ကိုယ့်ဘာသာကိုယ် သနားနေဖို့ အချိန်မရှိပါဘူး။ ဘယ်လိုအခက်အခဲ၊ ပြသနာကြုံကြုံ ကိုယ့်ကိုယ်ကို သနားစရာ သတ္တဝါရယ်လို့တော့ မတွေးတတ်ကြပါဘူး။
၂။ကိုယ့်ပြသနာကို သူတစ်ပါးကို မလွှဲချတတ်ကြဘူး။ ကိုယ့်အပြစ်ကိုလည်း သူများအပြစ်မလုပ်တတ်ကြဘူး။
၃။ အပြောင်းအလဲတစ်ခုအတွက် ရှက်ရွံ့နေတာမျိုး မလုပ်တတ်ကြဘူး။
၄။ကိုယ်မလုပ်နိုင် မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် အားအကုန်မခံဘူး။
၅။ တစ်ခြားလူတွေ စိတ်ကျေနပ်စေဖို့အတွက် လိုက်လုပ်မနေဘူး။ အဲ့ဒီအတွက် ပူပန်းခြင်းလည်း မရှိဘူး။
၆။ အတိတ်မှာပဲ တစ်လည်လည် ဖြစ်မနေတတ်ကြဘူး။
၇။အခြားလူတစ်ယောက်ရဲ့ အောင်မြင်မှုကိုလည်း မနာလို၊ ဝေဖန်တာမျိုး မလုပ်ကြဘူး။
၈။တစ်ယောက်တည်း ရှိနေချိန်တွေမှာလည်း အားငယ်မနေတတ်ဘူး။
၉။ဒီကိစ္စအတွက် တစ်ယောက်ယောက်မှာသာ တာဝန်ရှိတယ်လို့ ဘယ်တော့မှ မတွေးဘူး။
၁၀။ တစ်ခုခုဆို ငါလုပ်ထားတာ၊ အဆင်ပြေမှာ၊ တစ်ခြားသူမှ မဟုတ်တာလို့ ဘယ်တော့မှမတွေးဘူး။ နေရင်းထိုင်ရင်း သွေးနာထင်ရောက်တဲ့ အတွေးတွေ မရှိတတ်ကြဘူး။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top