iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သားကင္ဆာဟာ ႏွစ္စဥ္ ျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနတဲ့ ေရာဂါတစ္ခုျဖစ္ၿပီး အမ်ိဳးသမီးတိုင္း သတိထားရမယ့္ ေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။ အမ်ိဳးသမီးထုၾကားမွာ အျဖစ္မ်ားဆံုး ေရာဂါေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ။ ရင္သားကင္ဆာမျဖစ္ေအာင္ မိမိကိုယ္တုိင္ အၿမဲတမ္းသတိထားေစာင့္ၾကည့္ေနရမွာျဖစ္သလို တစ္ခုခု ထူးျခားတာနဲ႔ ခ်က္ျခင္းကုသသင့္ပါတယ္။ ရင္သားထိပ္သီး ပံုစံေျပာင္းလာတာ၊ ရင္သားနာက်င္တာ၊ အေရျပားမွာ ပံုမွန္မဟုတ္တဲ့ ထူးျခားမႈေတြရွိလာတာ၊ ျပည္တည္ျခင္း၊ ရင္သားပံုသ႑န္ေျပာင္းလဲလာျခင္းနဲ႔ ေရာင္ရမ္းျခမ္းေတြ ျဖစ္လာၿပီဆုိ ဆရာဝန္ထံ အျမန္ဆံုး သြားေရာက္ျပသသင့္ပါတယ္။ ရင္သားကင္ဆာနဲ႔ပတ္သက္ၿပီး လြဲမွားထင္ျမင္ေနၾကတာေတြလည္း ရွိပါေသးတယ္။

၁။ မ်ိဳး႐ိုးလိုက္သလား?

ကိုယ့္ရဲ႕မ်ိဳး႐ိုးထဲမွာ ရင္သားကင္ဆာျဖစ္ဖူးသူရွိရင္ ကိုယ္လည္း ျဖစ္ႏုိင္ေျခမ်ားတယ္ဆုိတာဟာ ၅ ရာခိုင္ႏႈန္းေလာက္သာ ပိုတာပါ။ ကိုယ္လည္း က်ိန္းေသေပါက္ ျဖစ္မယ္ဆုိတာ မဟုတ္ပါဘူး။

၂။ အစိုင္အခဲဆုိရင္ ကင္ဆာပဲလား?

ရင္သားကို စမ္းလိုက္လို႔ အစိုင္အခဲတစ္ခုခု စမ္းမိတာနဲ႔ ရင္သားကင္ဆာလို႔ အတိအက် မေျပာႏိုင္ပါဘူး။ ဒါေပမဲ့ ဒီလိုစမ္းမိတာနဲ႔ ဆရာဝန္ကိုျပဖုိ႔ေတာ့ လိုပါမယ္။

၃။ ေခၽြးနံ႔ေပ်ာက္ေဆးက ရင္သားကင္ဆာျဖစ္ေစတယ္ဆုိ ?

ဒါက လူေတြေျပာေနၾက႐ံု သက္သက္ပါပဲ။ လက္႐ွိအခ်ိန္ထိေတာ့ ေခၽြးနံ႔ေပ်ာက္ေဆးေၾကာင့္ ရင္သားကင္ဆာျဖစ္တယ္ဆုိတာကို အတိအက် သက္ေသမျပႏိုင္ေသးပါဘူး။

၄။ ကြင္းပါတဲ့ဘရာေတြေၾကာင့္?

ဘရာရဲ႕ ခြက္ေအာက္ေျခမွာ ထည့္သြင္းထားတဲ့ ကြင္းေတြက ရင္သားကို ပင့္တင္ေပးပါတယ္။ ဒါေပမဲ့ ျပန္ရည္ေၾကာစနစ္ကို ဖိထားသလိုျဖစ္တာေၾကာင့္ တစ္ရႈးေတြကေန ေသြးေတြဆီကို ျပန္ရည္ေတြမစီးနိုင္ေတာ့ဘဲ ကင္ဆာျဖစ္ရတယ္လို႔ ထင္ၾကတယ္။ ဒါလည္း မဟုတ္ါဘူး။

၅။ ေယာက္်ားေတြက ရင္သားကင္ဆာမျဖစ္ဘူး

ရင္သားကင္ဆာဟာ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားဆံုး ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသားေတြလည္း ျဖစ္တတ္ပါတယ္။ ယူေကမွာ တစ္ႏွစ္ကို အမ်ိဳးသားဦးေရ ၃၄၀ ေက်ာ္ ရင္သားကင္ဆာျဖစ္ပြားေနတယ္လို႔ သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ရင်သားကင်ဆာဟာ နှစ်စဉ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါတစ်ခုဖြစ်ပြီး အမျိုးသမီးတိုင်း သတိထားရမယ့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးထုကြားမှာ အဖြစ်များဆုံး ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ရင်သားကင်ဆာမဖြစ်အောင် မိမိကိုယ်တိုင် အမြဲတမ်းသတိထားစောင့်ကြည့်နေရမှာဖြစ်သလို တစ်ခုခု ထူးခြားတာနဲ့ ချက်ခြင်းကုသသင့်ပါတယ်။ ရင်သားထိပ်သီး ပုံစံပြောင်းလာတာ၊ ရင်သားနာကျင်တာ၊ အရေပြားမှာ ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေရှိလာတာ၊ ပြည်တည်ခြင်း၊ ရင်သားပုံသဏ္ဍန်ပြောင်းလဲလာခြင်းနဲ့ ရောင်ရမ်းခြမ်းတွေ ဖြစ်လာပြီဆို ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး လွဲမှားထင်မြင်နေကြတာတွေလည်း ရှိပါသေးတယ်။

၁။ မျိုးရိုးလိုက်သလား?

ကိုယ့်ရဲ့မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူရှိရင် ကိုယ်လည်း ဖြစ်နိုင်ခြေများတယ်ဆိုတာဟာ ၅ ရာခိုင်နှုန်းလောက်သာ ပိုတာပါ။ ကိုယ်လည်း ကျိန်းသေပေါက် ဖြစ်မယ်ဆိုတာ မဟုတ်ပါဘူး။

၂။ အစိုင်အခဲဆိုရင် ကင်ဆာပဲလား?

ရင်သားကို စမ်းလိုက်လို့ အစိုင်အခဲတစ်ခုခု စမ်းမိတာနဲ့ ရင်သားကင်ဆာလို့ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုစမ်းမိတာနဲ့ ဆရာဝန်ကိုပြဖို့တော့ လိုပါမယ်။

၃။ ချွေးနံ့ပျောက်ဆေးက ရင်သားကင်ဆာဖြစ်စေတယ်ဆို ?

ဒါက လူတွေပြောနေကြရုံ သက်သက်ပါပဲ။ လက်ရှိအချိန်ထိတော့ ချွေးနံ့ပျောက်ဆေးကြောင့် ရင်သားကင်ဆာဖြစ်တယ်ဆိုတာကို အတိအကျ သက်သေမပြနိုင်သေးပါဘူး။

၄။ ကွင်းပါတဲ့ဘရာတွေကြောင့်?

ဘရာရဲ့ ခွက်အောက်ခြေမှာ ထည့်သွင်းထားတဲ့ ကွင်းတွေက ရင်သားကို ပင့်တင်ပေးပါတယ်။ ဒါပေမဲ့ ပြန်ရည်ကြောစနစ်ကို ဖိထားသလိုဖြစ်တာကြောင့် တစ်ရှုးတွေကနေ သွေးတွေဆီကို ပြန်ရည်တွေမစီးနိုင်တော့ဘဲ ကင်ဆာဖြစ်ရတယ်လို့ ထင်ကြတယ်။ ဒါလည်း မဟုတ်ါဘူး။


၅။ ယောက်ျားတွေက ရင်သားကင်ဆာမဖြစ်ဘူး

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေလည်း ဖြစ်တတ်ပါတယ်။ ယူကေမှာ တစ်နှစ်ကို အမျိုးသားဦးရေ ၃၄၀ ကျော် ရင်သားကင်ဆာဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top