iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္မေလးတစ္ေယာက္က ကၽြန္မကို မက္ေဆ့ပို႔ၿပီးေမးတယ္.. အစ္မ အသည္းကဲြဖူးလား၊ အသည္းကဲြတာနဲ႔ ပတ္သက္တဲ့စာေလးနဲ႔ အားေပးပါဦးတဲ့။

ကၽြန္မက႐ုပ္သာၾကမ္းတာ အသည္းႏုေတာ့ စံြတယ္သိလား .... စံြေတာ့ အသည္းကလည္း ခဏခဏကဲြတာပဲ (မယံုမ႐ွိနဲ႔)။ လူတိုင္းနီးနီး အသည္းကဲြဖူးၾကပါတယ္။ အသည္းကဲြေတာ့ ဘာျဖစ္သလဲ.. အသည္းကဲြေတာ့ နာက်င္တာေပါ့၊ ဝမ္းနည္းတာေပါ့၊ ငိုတာေပါ့၊ စိတ္တိုေဒါသျဖစ္တာေပါ့။ တခ်ဳိ႕က ဒီအသည္းကဲြေဝဒနာကို ခဏေလးနဲ႔ကုစားႏိုင္တယ္။ တခ်ဳိ႕က တႏံု႔ႏု႔ံနဲ႔ အခ်ိန္အၾကာႀကီးပဲ။


 အဲဒီလိုပဲ ေရစိုတဲ့အဝတ္ကို ေနေရာင္မရတဲ့အခန္းမွာထည့္ထားတဲ့အခါ ၾကာလာရင္ မိႈေစာ္နံ႔လာတယ္၊ ေတာ္ေတာ္နဲ႔မေျခာက္ဘူး။ အလင္းထုတ္ျပလိုက္ေတာ့ ခဏေလးနဲ႔ေျခာက္သြားေရာ။ အဲဒီလိုပဲမ်က္ရည္စိုတဲ့မ်က္ဝန္းကို ေနလွန္းလိုက္.. ေနလွန္းလိုက္ဆို ေနပူႀကီးထဲမ်က္ႏွာကို
ေမာ့ထားခိုင္းတာ မဟုတ္ဘူးေနာ္။ အလင္းနဲ႔ေပးေတြ႔လိုက္.. ဒီမွာေျပာတဲ့အလင္းက ေပ်ာ္စရာေတြ၊ စိတ္ခ်မ္းသာစရာေတြကို ေျပာတာ။

ဟင္း..အသည္းကဲြၿပီးဝမ္းနည္းေနပါတယ္ဆိုမွ ေပ်ာ္စရာဘယ္နားသြား႐ွာမလဲလို႔ ေမးၾကလိမ့္မယ္။

 ေပ်ာ္စရာေတြက တကူးတက႐ွာစရာမလိုပါဘူး။ ကိုယ့္ေဘးအနီးနားမွာပဲ႐ွိတယ္... အခန္းေအာင္းၿပီး ငိုမေနဘဲ မိသားစုနဲ႔ပိုေနမယ္၊ ေမာင္ႏွမ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္မယ္။ ကိုယ့္ဝါသနာပါရာထဲ စိတ္နစ္ၿပီးလုပ္မယ္။ လုပ္စရာေတြက အမ်ားႀကီး။ အသည္းကဲြလို႔ဆိုၿပီး အခန္းေအာင္းေနတာတို႔၊ ဝမ္းနည္းစရာေတြကိုပဲေတြးၿပီး ငိုတာတို႔မလုပ္နဲ႔။ ဝမ္းနည္းတဲ့တြင္းထဲက်သြားလို႔ ျမန္ျမန္ျပန္မတက္ႏိုင္ရင္ က်ေလနက္ေလျဖစ္သြားၿပီး မစားႏိုင္ မအိပ္ႏိုင္ တမႈိင္မႈိင္ျဖစ္လိမ့္မယ္။ တမႈိင္မိႈင္တေတြေတြ မလုပ္ဘဲ လွလွပပေလးျပင္ၿပီး အျပင္ထြက္ၾကည့္ တျခားေယာက္်ားေလးေတြ လည္ျပန္ၾကည့္တာကိုေတာင္ ခံရဦးမယ္။

အသည္းကဲြလို႔ ငိုတာက ငိုလို႔ရတယ္.. ငိုလို႔ဝရင္ အကုန္လံုးကိုေမ့ပစ္လိုက္။ ဆက္ငိုေနရင္လည္း ထူးမွမထူးေတာ့တာ ဘာလို႔မ်က္ရည္ကုန္ခံ၊ ေခါင္းကိုက္ခံေနေတာ့မလဲ.. မဟုတ္လား။ အဲဒီအသည္းကဲြတဲ့ကိစၥ ကိုယ့္ေခါင္းထဲဝင္မလာေအာင္ ကိုယ့္ကိုယ္ကိုအလုပ္မ်ားေအာင္ေနလိုက္။ အခန္းသန္႔႐ွင္းေရးလုပ္၊ အေမ့ကိုကူ၊ တစ္ေနကုန္ ၾကမ္းတိုက္ေနလိုက္ ။

ပါးစပ္နဲ႔ေျပာတာကလြယ္တယ္.. တကယ္တမ္းေတာ့ လုပ္ရခက္တယ္လို႔ ေျပာၾကဦးမယ္ မဟုတ္လား။ လုပ္ၾကည့္ပါ.. မလုပ္ၾကည့္ရင္ ခက္တယ္ထင္ၿပီး လုပ္ၾကည့္ရင္လြယ္တယ္ဆိုတာကို ေတြ႔လိုက္မယ္။ အသည္းကဲြစမွာ ဘယ္သူမဆိုခံရခက္တာခ်ည္းပဲ... အဲဒီအခ်ိန္ကို ျဖတ္ေက်ာ္ရအခက္ဆံုးအခ်ိန္လိုေတာင္ ထင္ၾကတယ္။ အားငယ္ သိမ္ငယ္စိတ္ေတြလည္း အရမ္းဝင္တဲ့အခ်ိန္ေပါ့။ 


အသည္းကဲြၿပီး ဝမ္းနည္းေနခ်ိန္ဆိုရင္ ဘာလုပ္လုပ္ အဆင္မေျပဘူး။ အသည္းကဲြေတာ့ ဝမ္းနည္းေၾကကဲြၿပီး အလုပ္မွာစိတ္မပါ၊ သူေဌးဆဲတာကို ခံရ။ အိမ္ျပန္ေရာက္ေတာ့လည္း မ်က္ႏွာကညႇိဳး ဘာလုပ္လုပ္ စိတ္တိုင္းမက်ေတာ့ အေမ၊ ေမာင္ႏွမေတြ ကိုယ့္ကိုယ္မေကာင္းတာ တစ္ခြန္းႏွစ္ခြန္းေျပာရင္ ပိုဝမ္းနည္း.. တေလာကလံုး ကိုယ့္ကိုစြန္႔ပစ္ထားလားလို႔ေတာင္ ထင္တတ္ၾကတယ္။

ေကာင္မေလးတခ်ဳိ႕ ကၽြန္မကို မက္ေဆ့ပို႔တယ္... "ကိုယ့္ကိုယ္ကို အဆံုးစီရင္ခ်င္စိတ္ျဖစ္တယ္ အစ္မရယ္"တဲ့။ မတန္လိုက္တာ.. ကိုယ့္ကိုမခ်စ္တဲ့လူတစ္ေယာက္အတြက္နဲ႔ ကိုယ့္ကိုယ္ကိုအဆံုးစီရင္တာ မတန္လိုက္တာလို႔။ ဒီလူဟာ ကိုယ့္အသက္ေပးထိုက္သူလားလို႔ ေသေသခ်ာခ်ာစဥ္းစားၾကည့္။ အားလံုးမွတ္မိဦးမလား မသိဘူး... လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္က စင္ကာပူကေကာင္မေလးတစ္ေယာက္ အသည္းကဲြလို႔ တိုက္ေပၚကခုန္ခ်ၿပီး ကိုယ့္ကိုယ္ကိုစီရင္တဲ့ကိစၥ။


 အဲဒီတုန္းကဆို အဲဒီေကာင္မေလးကုိ အခ်စ္သူရဲေကာင္းဆိုၿပီး အားက်ေလးစားၾကတဲ့လူေတြအမ်ားႀကီးပဲ။ အခ်ိန္ ၂ႏွစ္ေက်ာ္သြားတယ္.. အခ်စ္သူရဲေကာင္းလို႔ ေျပာခဲ့တဲ့လူေတြ အဲဒီေကာင္မေလးကို မွတ္မိခ်င္မွမွတ္မိေတာ့မယ္။ ဒါေပမဲ့ အဲဒီေကာင္မေလးကို ခုခ်ိန္ထိ သတိရေအာင္းေမ့ေနတာက သူ႔မိသားစု၊ သူ႔ညီအစ္ကိုေမာင္ႏွမနဲ႔ သူ႔သူငယ္ခ်င္းတခ်ဳိ႕ပဲဆိုတာကို ကၽြန္မရဲရဲေျပာရဲတယ္။

 ေကာင္မေလးအတြက္ ႏွစ္စဥ္ႏွစ္တိုင္း ဆြမ္းသြပ္ေပးမွာ သူ႔မိသားစုပဲ။ ေကာင္မေလးရဲ႕အသံုးအေဆာင္၊ အိပ္ခန္းေတြထဲဝင္ၾကည့္ၿပီး မ်က္ရည္တစမ္းစမ္းျဖစ္ေနၾကမွာ သူ႔မိဘေတြပဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္အသည္းခြဲသြားသူတစ္ေယာက္အတြက္ အသက္ေပးဖို႔ဆိုတာ မထိုက္တန္ဘူး။ ကိုယ္ေသရင္ သူစိတ္မေကာင္းျဖစ္သြားမွာ အလြန္ဆံုးတစ္ပတ္ေပါ့။ ကိုယ့္မိသားစု၊ ကိုယ့္ေမာင္ႏွမေတြက ကိုယ့္အတြက္ တစ္သက္လံုး စိတ္မေကာင္းျဖစ္ေနမွာ.. အဲတာေလးကို သတိရပါ။

အသည္းကဲြရင္ ကဲြတယ္ေပါ့ ဘာျဖစ္လဲ .... ခပ္တည္တည္ေပါ့။ ဒါဟာ အ႐ြယ္ေရာက္သူတိုင္း လူတိုင္းနီးနီးႀကံဳရတဲ့ ကိစၥတစ္ခုပဲ။ စိတ္ႏွလံုးႀကံ့ခိုင္မႈေနာက္လိုက္ၿပီး အခ်ိန္တိုတာ၊ ႐ွည္တာပဲကြာသြားတယ္။ အခ်ိန္တအားႀကီး႐ွည္ရင္ေတာ့ မေကာင္းဘူးေပါ့.. သူ႔ထက္ေကာင္းတဲ့၊ သူ႔ထက္ကိုယ့္ကိုယ္ပိုခ်စ္မယ့္လူနဲ႔ လမ္းလဲႊသြားႏိုင္တယ္။

အခ်စ္ဆိုတာ ဘဝရဲ႕အစိတ္အပိုင္းေလးတစ္ခုပါ.. ဘဝတစ္ခုလံုး မဟုတ္ေသးပါဘူး။ ဒါေၾကာင့္ အသည္းကဲြတယ္ဆိုတာကလည္း ဘဝထဲက အေတြ႔အႀကံဳေလးတစ္ခုပါ... ဘဝမွာ တျခားအေရးႀကီးတာေတြ လုပ္စရာအမ်ားႀကီးက်န္ပါေသးတယ္.. ဒါေၾကာင့္ အခ်ိန္ဆဲြၿပီး ဝမ္းနည္းေၾကကဲြမေနပါနဲ႔ ငိုလို႔ဝရင္ အလင္းေရာင္ထဲေလွ်ာက္လွမ္းဝင္ေရာက္ပါလို႔...

အသည္းကဲြတာနဲ႔ပတ္သက္တဲ့ ကၽြန္မရဲ႕အျမင္က ဒီေလာက္ပါပဲ။ အခ်စ္ဂုရုသိပ္ဆန္သြားလားမသိဘူးေနာ္





Credit: ႏိုင္းႏုိင္းစေန

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ကောင်မလေးတစ်ယောက်က ကျွန်မကို မက်ဆေ့ပို့ပြီးမေးတယ်.. အစ်မ အသည်းကွဲဖူးလား၊ အသည်းကွဲတာနဲ့ ပတ်သက်တဲ့စာလေးနဲ့ အားပေးပါဦးတဲ့။ ကျွန်မကရုပ်သာကြမ်းတာ အသည်းနုတော့ စွံတယ်သိလား .... စွံတော့ အသည်းကလည်း ခဏခဏကွဲတာပဲ (မယုံမရှိနဲ့)။ လူတိုင်းနီးနီး အသည်းကွဲဖူးကြပါတယ်။ အသည်းကွဲတော့ ဘာဖြစ်သလဲ.. အသည်းကွဲတော့ နာကျင်တာပေါ့၊ ဝမ်းနည်းတာပေါ့၊ ငိုတာပေါ့၊ စိတ်တိုဒေါသဖြစ်တာပေါ့။ တချို့က ဒီအသည်းကွဲဝေဒနာကို ခဏလေးနဲ့ကုစားနိုင်တယ်။ တချို့က တနုံ့နုံ့နဲ့ အချိန်အကြာကြီးပဲ။


 အဲဒီလိုပဲ ရေစိုတဲ့အဝတ်ကို နေရောင်မရတဲ့အခန်းမှာထည့်ထားတဲ့အခါ ကြာလာရင် မှိုစော်နံ့လာတယ်၊ တော်တော်နဲ့မခြောက်ဘူး။ အလင်းထုတ်ပြလိုက်တော့ ခဏလေးနဲ့ခြောက်သွားရော။ အဲဒီလိုပဲမျက်ရည်စိုတဲ့မျက်ဝန်းကို နေလှန်းလိုက်.. နေလှန်းလိုက်ဆို နေပူကြီးထဲမျက်နှာကို

မော့ထားခိုင်းတာ မဟုတ်ဘူးနော်။ အလင်းနဲ့ပေးတွေ့လိုက်.. ဒီမှာပြောတဲ့အလင်းက ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေကို ပြောတာ။ ဟင်း..အသည်းကွဲပြီးဝမ်းနည်းနေပါတယ်ဆိုမှ ပျော်စရာဘယ်နားသွားရှာမလဲလို့ မေးကြလိမ့်မယ်။

 ပျော်စရာတွေက တကူးတကရှာစရာမလိုပါဘူး။ ကိုယ့်ဘေးအနီးနားမှာပဲရှိတယ်... အခန်းအောင်းပြီး ငိုမနေဘဲ မိသားစုနဲ့ပိုနေမယ်၊ မောင်နှမ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မယ်။ ကိုယ့်ဝါသနာပါရာထဲ စိတ်နစ်ပြီးလုပ်မယ်။ လုပ်စရာတွေက အများကြီး။ အသည်းကွဲလို့ဆိုပြီး အခန်းအောင်းနေတာတို့၊ ဝမ်းနည်းစရာတွေကိုပဲတွေးပြီး ငိုတာတို့မလုပ်နဲ့။ ဝမ်းနည်းတဲ့တွင်းထဲကျသွားလို့ မြန်မြန်ပြန်မတက်နိုင်ရင် ကျလေနက်လေဖြစ်သွားပြီး မစားနိုင် မအိပ်နိုင် တမှိုင်မှိုင်ဖြစ်လိမ့်မယ်။ တမှိုင်မှိုင်တတွေတွေ မလုပ်ဘဲ လှလှပပလေးပြင်ပြီး အပြင်ထွက်ကြည့် တခြားယောက်ျားလေးတွေ လည်ပြန်ကြည့်တာကိုတောင် ခံရဦးမယ်။


အသည်းကွဲလို့ ငိုတာက ငိုလို့ရတယ်.. ငိုလို့ဝရင် အကုန်လုံးကိုမေ့ပစ်လိုက်။ ဆက်ငိုနေရင်လည်း ထူးမှမထူးတော့တာ ဘာလို့မျက်ရည်ကုန်ခံ၊ ခေါင်းကိုက်ခံနေတော့မလဲ.. မဟုတ်လား။ အဲဒီအသည်းကွဲတဲ့ကိစ္စ ကိုယ့်ခေါင်းထဲဝင်မလာအောင် ကိုယ့်ကိုယ်ကိုအလုပ်များအောင်နေလိုက်။ အခန်းသန့်ရှင်းရေးလုပ်၊ အမေ့ကိုကူ၊ တစ်နေကုန် ကြမ်းတိုက်နေလိုက် ။ ပါးစပ်နဲ့ပြောတာကလွယ်တယ်.. တကယ်တမ်းတော့ လုပ်ရခက်တယ်လို့ ပြောကြဦးမယ် မဟုတ်လား။ လုပ်ကြည့်ပါ.. မလုပ်ကြည့်ရင် ခက်တယ်ထင်ပြီး လုပ်ကြည့်ရင်လွယ်တယ်ဆိုတာကို တွေ့လိုက်မယ်။ အသည်းကွဲစမှာ ဘယ်သူမဆိုခံရခက်တာချည်းပဲ... အဲဒီအချိန်ကို ဖြတ်ကျော်ရအခက်ဆုံးအချိန်လိုတောင် ထင်ကြတယ်။ အားငယ် သိမ်ငယ်စိတ်တွေလည်း အရမ်းဝင်တဲ့အချိန်ပေါ့။


အသည်းကွဲပြီး ဝမ်းနည်းနေချိန်ဆိုရင် ဘာလုပ်လုပ် အဆင်မပြေဘူး။ အသည်းကွဲတော့ ဝမ်းနည်းကြေကွဲပြီး အလုပ်မှာစိတ်မပါ၊ သူဌေးဆဲတာကို ခံရ။ အိမ်ပြန်ရောက်တော့လည်း မျက်နှာကညှိုး ဘာလုပ်လုပ် စိတ်တိုင်းမကျတော့ အမေ၊ မောင်နှမတွေ ကိုယ့်ကိုယ်မကောင်းတာ တစ်ခွန်းနှစ်ခွန်းပြောရင် ပိုဝမ်းနည်း.. တလောကလုံး ကိုယ့်ကိုစွန့်ပစ်ထားလားလို့တောင် ထင်တတ်ကြတယ်။ ကောင်မလေးတချို့ ကျွန်မကို မက်ဆေ့ပို့တယ်... "ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်စိတ်ဖြစ်တယ် အစ်မရယ်"တဲ့။ မတန်လိုက်တာ.. ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာ မတန်လိုက်တာလို့။ ဒီလူဟာ ကိုယ့်အသက်ပေးထိုက်သူလားလို့ သေသေချာချာစဉ်းစားကြည့်။ အားလုံးမှတ်မိဦးမလား မသိဘူး... လွန်ခဲ့တဲ့ ၂နှစ်လောက်က စင်ကာပူကကောင်မလေးတစ်ယောက် အသည်းကွဲလို့ တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်ကိုစီရင်တဲ့ကိစ္စ။


 အဲဒီတုန်းကဆို အဲဒီကောင်မလေးကို အချစ်သူရဲကောင်းဆိုပြီး အားကျလေးစားကြတဲ့လူတွေအများကြီးပဲ။ အချိန် ၂နှစ်ကျော်သွားတယ်.. အချစ်သူရဲကောင်းလို့ ပြောခဲ့တဲ့လူတွေ အဲဒီကောင်မလေးကို မှတ်မိချင်မှမှတ်မိတော့မယ်။ ဒါပေမဲ့ အဲဒီကောင်မလေးကို ခုချိန်ထိ သတိရအောင်းမေ့နေတာက သူ့မိသားစု၊ သူ့ညီအစ်ကိုမောင်နှမနဲ့ သူ့သူငယ်ချင်းတချို့ပဲဆိုတာကို ကျွန်မရဲရဲပြောရဲတယ်။


 ကောင်မလေးအတွက် နှစ်စဉ်နှစ်တိုင်း ဆွမ်းသွပ်ပေးမှာ သူ့မိသားစုပဲ။ ကောင်မလေးရဲ့အသုံးအဆောင်၊ အိပ်ခန်းတွေထဲဝင်ကြည့်ပြီး မျက်ရည်တစမ်းစမ်းဖြစ်နေကြမှာ သူ့မိဘတွေပဲ။ ဒါကြောင့် ကိုယ့်ကိုယ်အသည်းခွဲသွားသူတစ်ယောက်အတွက် အသက်ပေးဖို့ဆိုတာ မထိုက်တန်ဘူး။ ကိုယ်သေရင် သူစိတ်မကောင်းဖြစ်သွားမှာ အလွန်ဆုံးတစ်ပတ်ပေါ့။ ကိုယ့်မိသားစု၊ ကိုယ့်မောင်နှမတွေက ကိုယ့်အတွက် တစ်သက်လုံး စိတ်မကောင်းဖြစ်နေမှာ.. အဲတာလေးကို သတိရပါ။ အသည်းကွဲရင် ကွဲတယ်ပေါ့ ဘာဖြစ်လဲ .... ခပ်တည်တည်ပေါ့။ ဒါဟာ အရွယ်ရောက်သူတိုင်း လူတိုင်းနီးနီးကြုံရတဲ့ ကိစ္စတစ်ခုပဲ။ စိတ်နှလုံးကြံ့ခိုင်မှုနောက်လိုက်ပြီး အချိန်တိုတာ၊ ရှည်တာပဲကွာသွားတယ်။ အချိန်တအားကြီးရှည်ရင်တော့ မကောင်းဘူးပေါ့.. သူ့ထက်ကောင်းတဲ့၊ သူ့ထက်ကိုယ့်ကိုယ်ပိုချစ်မယ့်လူနဲ့ လမ်းလွဲှသွားနိုင်တယ်။ အချစ်ဆိုတာ ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုပါ.. ဘဝတစ်ခုလုံး မဟုတ်သေးပါဘူး။ ဒါကြောင့် အသည်းကွဲတယ်ဆိုတာကလည်း ဘဝထဲက အတွေ့အကြုံလေးတစ်ခုပါ... ဘဝမှာ တခြားအရေးကြီးတာတွေ လုပ်စရာအများကြီးကျန်ပါသေးတယ်.. ဒါကြောင့် အချိန်ဆွဲပြီး ဝမ်းနည်းကြေကွဲမနေပါနဲ့ ငိုလို့ဝရင် အလင်းရောင်ထဲလျှောက်လှမ်းဝင်ရောက်ပါလို့... အသည်းကွဲတာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့အမြင်က ဒီလောက်ပါပဲ။ အချစ်ဂုရုသိပ်ဆန်သွားလားမသိဘူးနော်


Credit: နိုင်းနိုင်းစနေ

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top