iMyanmarHouse.com - Best Property Website for Myanmar
×

သင္နဲ႔ သင့္လက္တြဲေဖာ္ၾကား အျပန္အလွန္ေျပာဆိုဆက္ဆံမႈနဲ႔ ေလးစားမႈ ေလ်ာ့ပါးလာရင္ အိပ္ေထာင္ေရး စိုးရိမ္ရႏုိင္ပါတယ္။ ၾကာရွည္ခုိင္ျမဲျပီး ၾကည္ႏူးစရာေကာင္းတဲ့ အိမ္ေထာင္ေရးျဖစ္ဖုိ႔အတြက္ ေျပာဆိုဆက္ဆံမႈ၊ အျပန္အလွန္ေလးစားမႈနဲ႔ ကတိေတြ ေစာင့္သိမ္းရမွာ ျဖစ္ပါတယ္။ တကယ္လုိ႔ သင့္ခင္ပြန္း ဒီစကားေတြ မၾကာခဏေျပာဆိုေနပါက သင္ ဘယ္လုိခံစားရလဲဆိုတာ သူနဲ႔ပြင့္ပြင့္လင္းလင္းေျပာဆိုပါ။ သူ သင့္ခံစားခ်က္ေတြနဲ႔ ထင္ျမင္ခ်က္ေတြကို ေလးစားနားလည္မႈေပးသင့္ပါတယ္။

၁။ "ငါပ်င္းတယ္"

တခါတေလ ပုံမွန္လုပ္ရုိးလုပ္စဥ္ကေန ကြဲထြက္တာက တမူထူး၍ ႏွစ္သက္ဖြယ္ရိွပါတယ္။ မိမိတုိ႔ရဲ႕ ပုံမွန္အခ်စ္ေရးဘဝနဲ႔ ေပ်ာ္ရႊင္မႈရေနသလားဆုိတာ မိမိကုိယ္ကုိယ္ေမးၾကည့္ပါ။ သူေပ်ာ္ေနတယ္လုိ႔ေရာ ယူဆလား။ မိမိတုိ႔အခ်စ္ ပိုခုိင္ျမဲဖုိ႔နဲ႔ အခ်စ္ေရးကိစၥမွာ စိတ္ခံစားခ်က္ပိုမိုအားေကာင္းေစဖုိ႔ ရံဖန္ရံခါ အခ်ိန္ေပးဖုိ႔ လုိပါတယ္။

၂။ "ငါေျပာတာေတြ နင္ဘယ္ေတာ့မွ သေဘာမေပါက္ဘူး"

ေယာက်္ားေလးနဲ႔ မိန္းကေလးတုိ႔ အျမင္ခ်င္းကြဲျပားပါတယ္။ ဒါ့ေၾကာင့္ တခါတေလ စုံတြဲႏွစ္ဦးၾကား ဆက္ဆံမႈ ရႈပ္ေထြးသြားတတ္ပါတယ္။ သူ မၾကာခဏအထင္လြဲခံရေၾကာင္း ေျပာေနပါက တစ္ေယာက္စကား တစ္ေယာက္ေသခ်ာနားေထာင္ျပီး နားလည္မႈရယူပါ။ ဒီလုိလုပ္ျခင္းက ခုိင္ျမဲတဲ့အိမ္ေထာင္ေရးတစ္ခုအတြက္ မျဖစ္မေနလုိအပ္ပါတယ္။

၃။ "နင္က …. နဲ႔ တူကို မတူဘူး"

ႏိႈင္းယွဥ္ေျပာဆိုမႈေတြက အခ်စ္ေရးဆက္ဆံမႈကို ပ်က္စီးေစပါတယ္။ သင္ခင္ပြန္း သင့္ကို သူ႔အေမ၊ သူငယ္ခ်င္း၊ ညီမ သုိ႔မဟုတ္ တျခားအမ်ဳိးသမီးေတြနဲ႔ တစ္ခ်ိန္လုံး ႏႈိင္းယွဥ္ေျပာဆိုေနပါက သူ သင့္ကို တကယ္တန္ဖုိးမထားတာပါ။ အေျခအေနကို သုံးသပ္ျပီး ေပ်ာ္ရႊင္မႈရဖုိ႔အတြက္ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ခ်မွတ္ပါ။

၄။ "နင္ ငါခ်စ္ခဲ့တုန္းကနဲ႔ မတူေတာ့ဘူး"

ႏွစ္ေတြၾကာလာတာနဲ႔အမွ် ရုပ္ပိုင္း၊ စိတ္ပုိင္းနဲ႔ ဦးေႏွာက္ဥာဏ္ရည္ပုိင္းေျပာင္းလဲမႈေတြ ျဖစ္ေပၚပါတယ္။ တကယ္လုိ႔ သင့္အမ်ဳိးသားက ဒီစကားကို အလိုမက်ေျပာေနရင္ သူဟာ သင္တုို႔ခ်စ္ၾကိဳက္ခဲ့တုန္းက လူနဲ႔မတူေတာ့တာ သူ႔ကိုယ္သူ မသိတာျဖစ္ပါတယ္။ ဘယ္သူမဆို အျမဲမေျပာင္းမလဲ ရိွေနဖုိ႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။

ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးျဖစ္ဖို႔အတြက္ ႏွစ္ဦးလုံး အတူတကြ ၾကီးျပင္းျပီး ေျပာင္းလဲမႈေတြကို ေက်ာ္လႊားျဖတ္သန္းရမွာ ျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်နဲ့ သင့်လက်တွဲဖော်ကြား အပြန်အလှန်ပြောဆိုဆက်ဆံမှုနဲ့ လေးစားမှု လျော့ပါးလာရင် အိပ်ထောင်ရေး စိုးရိမ်ရနိုင်ပါတယ်။ ကြာရှည်ခိုင်မြဲပြီး ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့အတွက် ပြောဆိုဆက်ဆံမှု၊ အပြန်အလှန်လေးစားမှုနဲ့ ကတိတွေ စောင့်သိမ်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ခင်ပွန်း ဒီစကားတွေ မကြာခဏပြောဆိုနေပါက သင် ဘယ်လိုခံစားရလဲဆိုတာ သူနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုပါ။ သူ သင့်ခံစားချက်တွေနဲ့ ထင်မြင်ချက်တွေကို လေးစားနားလည်မှုပေးသင့်ပါတယ်။

၁။ "ငါပျင်းတယ်"

တခါတလေ ပုံမှန်လုပ်ရိုးလုပ်စဉ်ကနေ ကွဲထွက်တာက တမူထူး၍ နှစ်သက်ဖွယ်ရှိပါတယ်။ မိမိတို့ရဲ့ ပုံမှန်အချစ်ရေးဘဝနဲ့ ပျော်ရွှင်မှုရနေသလားဆိုတာ မိမိကိုယ်ကိုယ်မေးကြည့်ပါ။ သူပျော်နေတယ်လို့ရော ယူဆလား။ မိမိတို့အချစ် ပိုခိုင်မြဲဖို့နဲ့ အချစ်ရေးကိစ္စမှာ စိတ်ခံစားချက်ပိုမိုအားကောင်းစေဖို့ ရံဖန်ရံခါ အချိန်ပေးဖို့ လိုပါတယ်။

၂။ "ငါပြောတာတွေ နင်ဘယ်တော့မှ သဘောမပေါက်ဘူး"

ယောကျ်ားလေးနဲ့ မိန်းကလေးတို့ အမြင်ချင်းကွဲပြားပါတယ်။ ဒါ့ကြောင့် တခါတလေ စုံတွဲနှစ်ဦးကြား ဆက်ဆံမှု ရှုပ်ထွေးသွားတတ်ပါတယ်။ သူ မကြာခဏအထင်လွဲခံရကြောင်း ပြောနေပါက တစ်ယောက်စကား တစ်ယောက်သေချာနားထောင်ပြီး နားလည်မှုရယူပါ။ ဒီလိုလုပ်ခြင်းက ခိုင်မြဲတဲ့အိမ်ထောင်ရေးတစ်ခုအတွက် မဖြစ်မနေလိုအပ်ပါတယ်။

၃။ "နင်က …. နဲ့ တူကို မတူဘူး"

နှိုင်းယှဉ်ပြောဆိုမှုတွေက အချစ်ရေးဆက်ဆံမှုကို ပျက်စီးစေပါတယ်။ သင်ခင်ပွန်း သင့်ကို သူ့အမေ၊ သူငယ်ချင်း၊ ညီမ သို့မဟုတ် တခြားအမျိုးသမီးတွေနဲ့ တစ်ချိန်လုံး နှိုင်းယှဉ်ပြောဆိုနေပါက သူ သင့်ကို တကယ်တန်ဖိုးမထားတာပါ။ အခြေအနေကို သုံးသပ်ပြီး ပျော်ရွှင်မှုရဖို့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချမှတ်ပါ။

၄။ "နင် ငါချစ်ခဲ့တုန်းကနဲ့ မတူတော့ဘူး"

နှစ်တွေကြာလာတာနဲ့အမျှ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဦးနှောက်ဉာဏ်ရည်ပိုင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။ တကယ်လို့ သင့်အမျိုးသားက ဒီစကားကို အလိုမကျပြောနေရင် သူဟာ သင်တို့ချစ်ကြိုက်ခဲ့တုန်းက လူနဲ့မတူတော့တာ သူ့ကိုယ်သူ မသိတာဖြစ်ပါတယ်။ ဘယ်သူမဆို အမြဲမပြောင်းမလဲ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အောင်မြင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့အတွက် နှစ်ဦးလုံး အတူတကွ ကြီးပြင်းပြီး ပြောင်းလဲမှုတွေကို ကျော်လွှားဖြတ်သန်းရမှာ ဖြစ်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top