iMyanmarHouse.com - Best Property Website for Myanmar
×

အခုခ်ိန္မွာျပည္ပကုမၸဏီမ်ား အမ်ားအျပားဝင္ေရာက္လာသလို နိုင္ငံျခားသားမ်ားနွင့္လည္းတြဲဖက္ အလုပ္လုပ္ရတာမ်ိဳးေတြ ရွိလာပါျပီ ။ အင္တာဗ်ဴးတဲ့အခါမွာလည္း  နိုင္ငံျခားသားမ်ားမွ တိုက္ရိုက္ ဗ်ဴးတာေတြလည္း ရွိပါတယ္ ။ ဒီလိုအခ်ိန္မွာ ကိုယ္ဟာ ျပန္လည္ မေျပာနိုင္ဘူးဆိုရင္ ကိုယ့္ရဲ႕ first impression လည္း ေဒါင္းပါတယ္ ။ သူမ်ားေျပာနိုင္ျပီး ကိုယ္မေျပာနိုင္တဲ့အခါမွာ မိမိကိုယ္ကို မိမိလည္း စိတ္ပ်က္အားငယ္သြားနိုင္ပါတယ္ေနာ္ ။

ဒါေပမဲ့ အဂၤလိပ္စာ ေလ့လာဖို႔ မေနာက္က်ေသးပါဘူး ။ သိတဲ့အခ်ိန္ အခ်ိန္မွီပါေသးတယ္ေနာ္ ။အခ်ိဳ႕က ဘယ္ကဘယ္လို စေလ့လာရမွန္း မသိၾကဘူး ။သင္တန္းေတြတက္ျပီးလည္း ဘာမွအက်ိဳးမထူးဘူး ။အဂၤလိပ္စာ ေလ့လာသင္ယူဖို႔ သင္တန္းတက္ရံုနဲ႕လည္း မလံုေလာက္ပါဘူး ။ ဒါ့ေၾကာင့္ အဂၤလိပ္စာေလ့လာဖို႔ ၊ ေျပာရဲဆိုရဲ ရွိလာေစဖို႔အတြက္ အေကာင္းဆံုးလမ္းညႊန္ခ်က္ေတြကို ေျပာျပေပးသြားပါမယ္ေနာ္ ။

၁။ အဂၤလိပ္သီခ်င္းမ်ားမ်ားနားေထာင္ပါ။
အဂၤလိပ္သီခ်င္းေတြ နားေထာင္ျခင္းျဖင့္ Listening skill ေကာင္းမြန္ဖို႔အတြက္ အေထာက္အကူျဖစ္မယ္ ၊ စကားလံုးေတြ နားယဥ္လာမယ္ ။ အဂၤလိပ္စာေလ့လာဖို႔အတြက္ နည္းလမး္ေကာင္းပါပဲ။ နားေထာင္ရံုမဟုတ္ဘဲ ပါးစပ္မွလည္း လိုက္ဆိုေပးရင္ ပိုေကာင္းပါတယ္။

၂။ Vocabulary မ်ား က်က္မွတ္ပါ ။
အဂၤလိပ္စာ ကြ်မ္းက်င္ဖို႔ Vocab ၾကြယ္ဝဖို႔ အေရးၾကီးတယ္ဆိုတာလည္း မေမ့ပါနဲ႕ေနာ္ ။

၃။ အဂၤလိပ္ဇာတ္လမ္းမ်ားၾကည့္ပါ ။
ဇာတ္လမ္းၾကည့္ဆိုလို႔ ေပ်ာ္မေနနဲ႕ဦး ။ အဂၤလိပ္ဇာတ္လမ္းၾကည့္တဲ့အခါ ပထမဦးဆံုးအေခါက္ကို စာတန္းမထိုးဘဲနဲ႕ ၾကည့္ပါ ။ Listening and Speaking အတြက္ က်င့္သားရေအာင္ပါ ။ သူတို႔ဘယ္လိုေျပာတယ္ ၊ ဘယ္လိုအသံုးအနႈန္းေတြ သံုးတယ္ဆိုတာကို မွတ္ထားပါ ။ ဒုတိယတစ္ေခါက္ၾကည့္တဲ့အခါမွ စာတန္းထိုးျပီး ၾကည့္ပါ ။

၄။ Grammar ေလ့လာပါ။
Sentence တစ္ခုကို ေကာင္းေကာင္းမြန္မြန္ မွန္မွန္ကန္ကန္ ေရးနိုင္ဖို႔အတြက္ Grammar ေတြကို ေလ့လာထားဖို႔လိုပါတယ္ေနာ္..

၅။ အြန္လုိင္းမွလည္းေလ့လာနိုင္ပါတယ္ ။
အခုလို အင္တာနက္ေခတ္ၾကီးမွာ ဘာပဲေလ့လာခ်င္ခ်င္ အြန္လိုင္းမွာ အလြယ္တကူရွာလို႔ရေနပါျပီ ။ ေဖ့စ္ဘုတ္လို ဆိုရွယ္မီဒီယာမ်ိဳးမွာလည္း အဂၤလိပ္စာ ေလ့လာဖို႔အတြက္ အသံုးအနႈနး္ေတြ  ၊ေဝါဟာရေတြကို ေလ့လာမွတ္သားလို႔ရပါတယ္ ။ ယူတတ္ရင္ ပညာေတြခ်ည္းပါပဲ ။

၆။ ကိုယ္တိုင္ေလ့က်င့္ေျပာဆိုပါ။
မိမိအိမ္မွာ မွန္ၾကည့္ျပီးျဖစ္ေစ ၊ မိသားစုဝင္မ်ားကိုျဖစ္ေစ အေလ့အက်င့္ျဖစ္ေအာင္ အဂၤလိပ္စကားကို ေျပာဆိုက်င့္ရွိေအာင္ ေလ့က်င့္ေျပာဆိုပါ ။ ေျပာရမွာ မရွက္ပါနဲ႕ ။ ရွက္ရင္ေရွ႕မေရာက္သလို ေၾကာက္ရင္လည္း ခရီးတြင္မွာ မဟုတ္ပါဘူးေနာ္..။ မွားမွာလည္း မစိုးရိမ္ပါနဲ႕ ။ မွားမွန္းသိမွ အမွန္ျပင္နိုင္မွာပါ ။

၇။ေန႔စဥ္ဒိုင္ယာရီေရးပါ။
ဟုတ္ပါတယ္ ။ ဒိုင္ယာရီေရးပါ ။ ေန႔စဥ္ေတာ့ ပံုမွန္ေရးေပးနိင္ေအာင္လုပ္ပါ ။ ေရးတဲ့အခါ ျမန္မာလိုေတြးျပီး အဂၤလိပ္လိုေရးပါ  ။ သို႔မဟုတ္ အရင္ဆံုး ေရးခ်င္တာကို ျမန္မာလို ေရးခ်ပါ ။ ျပီးလွ်င္ အဂၤလိပ္လို ျပန္ေရးပါ ။ ဒီလို အေလ့အက်င့္လုပ္ျခင္းျဖင့္ Writing အတြက္လည္း အေလ့အက်င့္ေကာင္းျဖစ္သလို ေဝါဟာရေတြလည္း ၾကြယ္ဝလာေစမွာပါ ။

ေနာက္ေကာက္မက်ရေလေအာင္..အဂၤလိပ္စာကို ေသခ်ာေလ့လာၾကဖို႔ တိုက္တြန္းခ်င္ပါတယ္ ။

 Credit: (ေရႊအင္းေလး)
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အခုချိန်မှာပြည်ပကုမ္ပဏီများ အများအပြားဝင်ရောက်လာသလို နိုင်ငံခြားသားများနှင့်လည်းတွဲဖက် အလုပ်လုပ်ရတာမျိုးတွေ ရှိလာပါပြီ ။ အင်တာဗျူးတဲ့အခါမှာလည်း  နိုင်ငံခြားသားများမှ တိုက်ရိုက် ဗျူးတာတွေလည်း ရှိပါတယ် ။ ဒီလိုအချိန်မှာ ကိုယ်ဟာ ပြန်လည် မပြောနိုင်ဘူးဆိုရင် ကိုယ့်ရဲ့ first impression လည်း ဒေါင်းပါတယ် ။ သူများပြောနိုင်ပြီး ကိုယ်မပြောနိုင်တဲ့အခါမှာ မိမိကိုယ်ကို မိမိလည်း စိတ်ပျက်အားငယ်သွားနိုင်ပါတယ်နော် ။

ဒါပေမဲ့ အင်္ဂလိပ်စာ လေ့လာဖို့ မနောက်ကျသေးပါဘူး ။ သိတဲ့အချိန် အချိန်မှီပါသေးတယ်နော် ။အချို့က ဘယ်ကဘယ်လို စလေ့လာရမှန်း မသိကြဘူး ။သင်တန်းတွေတက်ပြီးလည်း ဘာမှအကျိုးမထူးဘူး ။အင်္ဂလိပ်စာ လေ့လာသင်ယူဖို့ သင်တန်းတက်ရုံနဲ့လည်း မလုံလောက်ပါဘူး ။ ဒါ့ကြောင့် အင်္ဂလိပ်စာလေ့လာဖို့ ၊ ပြောရဲဆိုရဲ ရှိလာစေဖို့အတွက် အကောင်းဆုံးလမ်းညွှန်ချက်တွေကို ပြောပြပေးသွားပါမယ်နော် ။

၁။ အင်္ဂလိပ်သီချင်းများများနားထောင်ပါ။
အင်္ဂလိပ်သီချင်းတွေ နားထောင်ခြင်းဖြင့် Listening skill ကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်မယ် ၊ စကားလုံးတွေ နားယဉ်လာမယ် ။ အင်္ဂလိပ်စာလေ့လာဖို့အတွက် နည်းလမ်းကောင်းပါပဲ။ နားထောင်ရုံမဟုတ်ဘဲ ပါးစပ်မှလည်း လိုက်ဆိုပေးရင် ပိုကောင်းပါတယ်။

၂။ Vocabulary များ ကျက်မှတ်ပါ ။
အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ Vocab ကြွယ်ဝဖို့ အရေးကြီးတယ်ဆိုတာလည်း မမေ့ပါနဲ့နော် ။

၃။ အင်္ဂလိပ်ဇာတ်လမ်းများကြည့်ပါ ။
ဇာတ်လမ်းကြည့်ဆိုလို့ ပျော်မနေနဲ့ဦး ။ အင်္ဂလိပ်ဇာတ်လမ်းကြည့်တဲ့အခါ ပထမဦးဆုံးအခေါက်ကို စာတန်းမထိုးဘဲနဲ့ ကြည့်ပါ ။ Listening and Speaking အတွက် ကျင့်သားရအောင်ပါ ။ သူတို့ဘယ်လိုပြောတယ် ၊ ဘယ်လိုအသုံးအနှုန်းတွေ သုံးတယ်ဆိုတာကို မှတ်ထားပါ ။ ဒုတိယတစ်ခေါက်ကြည့်တဲ့အခါမှ စာတန်းထိုးပြီး ကြည့်ပါ ။

၄။ Grammar လေ့လာပါ။
Sentence တစ်ခုကို ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် ရေးနိုင်ဖို့အတွက် Grammar တွေကို လေ့လာထားဖို့လိုပါတယ်နော်..

၅။ အွန်လိုင်းမှလည်းလေ့လာနိုင်ပါတယ် ။
အခုလို အင်တာနက်ခေတ်ကြီးမှာ ဘာပဲလေ့လာချင်ချင် အွန်လိုင်းမှာ အလွယ်တကူရှာလို့ရနေပါပြီ ။ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာမျိုးမှာလည်း အင်္ဂလိပ်စာ လေ့လာဖို့အတွက် အသုံးအနှုန်းတွေ  ၊ဝေါဟာရတွေကို လေ့လာမှတ်သားလို့ရပါတယ် ။ ယူတတ်ရင် ပညာတွေချည်းပါပဲ ။

၆။ ကိုယ်တိုင်လေ့ကျင့်ပြောဆိုပါ။
မိမိအိမ်မှာ မှန်ကြည့်ပြီးဖြစ်စေ ၊ မိသားစုဝင်များကိုဖြစ်စေ အလေ့အကျင့်ဖြစ်အောင် အင်္ဂလိပ်စကားကို ပြောဆိုကျင့်ရှိအောင် လေ့ကျင့်ပြောဆိုပါ ။ ပြောရမှာ မရှက်ပါနဲ့ ။ ရှက်ရင်ရှေ့မရောက်သလို ကြောက်ရင်လည်း ခရီးတွင်မှာ မဟုတ်ပါဘူးနော်..။ မှားမှာလည်း မစိုးရိမ်ပါနဲ့ ။ မှားမှန်းသိမှ အမှန်ပြင်နိုင်မှာပါ ။

၇။နေ့စဉ်ဒိုင်ယာရီရေးပါ။
ဟုတ်ပါတယ် ။ ဒိုင်ယာရီရေးပါ ။ နေ့စဉ်တော့ ပုံမှန်ရေးပေးနိင်အောင်လုပ်ပါ ။ ရေးတဲ့အခါ မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုရေးပါ  ။ သို့မဟုတ် အရင်ဆုံး ရေးချင်တာကို မြန်မာလို ရေးချပါ ။ ပြီးလျှင် အင်္ဂလိပ်လို ပြန်ရေးပါ ။ ဒီလို အလေ့အကျင့်လုပ်ခြင်းဖြင့် Writing အတွက်လည်း အလေ့အကျင့်ကောင်းဖြစ်သလို ဝေါဟာရတွေလည်း ကြွယ်ဝလာစေမှာပါ ။

နောက်ကောက်မကျရလေအောင်..အင်္ဂလိပ်စာကို သေချာလေ့လာကြဖို့ တိုက်တွန်းချင်ပါတယ် ။


 Credit: (ရွှေအင်းလေး)

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top