iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအေၾကာင္းရင္း ႏွစ္ခုေၾကာင့္ ဝုိင္ခြက္ေတြ အစိတ္စိတ္အျမႊာျမႊာကြဲတာေလာက္ စိတ္မေကာင္းစရာ မရိွပါဘူး။ ပထမအခ်က္က ေဆးေၾကာသန္႔စင္ေပးျခင္း။ ဒုတိယတစ္ခ်က္က ေျခရုိးတံ ပိုမိုေသးမွ်င္ျခင္းတုိ႔ ျဖစ္ပါတယ္။ ဒီေတာ့ ဝုိင္ေတြေဆးေၾကာသန္႔စင္ေပးတဲ့အခါ အထူးသတိေဆာင္ရြက္ရမယ့္အခ်က္ေလးေတြ ရိွပါတယ္။

၁။ ေျခရုိးတံကေန ကိုင္တာ

ေျခရုိးတံက ဖန္ခြက္ရဲ႕ အႏုနယ္ဆုံးအပုိင္း ျဖစ္ပါတယ္။ ေရေဆးတဲ့အခါ ပိုၾကံ့ၾကံ့ခံႏုိင္လုိ႔ ကုိယ္ထည္ကေန ကိုင္တာ အေကာင္းဆုံးပါပဲ။ ဒီ့ျပင္ ေရေဆးရင္း ေခ်ာေနတတ္ေတာ့ မိမိရရ ပိုဆုပ္ကုိင္လုိ႔ရပါလိမ့္မယ္။

၂။ ပူပူေလာင္ေလာင္ေရေႏြးအသုံးျပဳတာ

မိမိ ဝုိင္ခြက္ကို တကြ်ိကြ်ိျမည္ေအာင္ သန္႔ရွင္းေတာက္ေျပာင္ျပီး ပိုးမႊားေတြကင္းရွင္း ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ပူလြန္းတဲ့ ေရက အၾကမ္းမခံႏုိင္တဲ့ ဖန္ခြက္ကို ကြဲသြားေစတတ္ပါတယ္။

၃။ အနံ႔အသက္ပါတဲ့ ပန္းကန္ေဆးဆပ္ျပာအသုံးျပဳတာ

လီမြန္အနံ႔ပန္းကန္ေဆးဆပ္ျပာကို အမ်ားဆုံး ၾကိဳက္ၾကပါတယ္။ ဒါေပမယ့္ ဒီလုိဆပ္ျပာအနံ႔မ်ဳိးနဲ႔ ဝုိင္ခြက္ေဆးတဲ့အခါ ေနာက္တစ္ခါ ဒီခြက္နဲ႔ ဝိုင္ေသာက္ရင္ အနံ႔အရသာေရာေထြးသြားႏုိင္ပါတယ္။ အနံ႔အသက္ကင္းတဲ့ ပန္းကန္ေဆးဆပ္ျပာကိုသာ ေရြးသုံးပါ။

၄။ ဖန္ခြက္ကို ေရတစ္စက္စက္က်ေစျပီး အေျခာက္ခံတာ

ေရေဆးျပီးေနာက္ ဖန္ခြက္ေတြကို သူ႔ဟာသူ ေလနဲ႔ေျခာက္ေစလုိၾကပါတယ္။ ဒါေပမယ့္ ကုိယ္သုံးတာ သတၱဳဓာတ္ပါဝင္မႈျမင့္မားတဲ့ ေရျဖစ္ပါက သတၱဳဓာတ္အနယ္အႏွစ္ေတြက အစြန္းအထင္းကြက္ေလးေတြ က်န္ရစ္ေစတတ္ပါတယ္။ ၎အစား လက္သုတ္ပုဝါ သုိ႔မဟုတ္ ႏူးညံ့တဲ့အဝတ္စတစ္ခုခုနဲ႔ သုတ္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီအကြောင်းရင်း နှစ်ခုကြောင့် ဝိုင်ခွက်တွေ အစိတ်စိတ်အမြွှာမြွှာကွဲတာလောက် စိတ်မကောင်းစရာ မရှိပါဘူး။ ပထမအချက်က ဆေးကြောသန့်စင်ပေးခြင်း။ ဒုတိယတစ်ချက်က ခြေရိုးတံ ပိုမိုသေးမျှင်ခြင်းတို့ ဖြစ်ပါတယ်။ ဒီတော့ ဝိုင်တွေဆေးကြောသန့်စင်ပေးတဲ့အခါ အထူးသတိဆောင်ရွက်ရမယ့်အချက်လေးတွေ ရှိပါတယ်။

၁။ ခြေရိုးတံကနေ ကိုင်တာ

ခြေရိုးတံက ဖန်ခွက်ရဲ့ အနုနယ်ဆုံးအပိုင်း ဖြစ်ပါတယ်။ ရေဆေးတဲ့အခါ ပိုကြံ့ကြံ့ခံနိုင်လို့ ကိုယ်ထည်ကနေ ကိုင်တာ အကောင်းဆုံးပါပဲ။ ဒီ့ပြင် ရေဆေးရင်း ချောနေတတ်တော့ မိမိရရ ပိုဆုပ်ကိုင်လို့ရပါလိမ့်မယ်။

၂။ ပူပူလောင်လောင်ရေနွေးအသုံးပြုတာ

မိမိ ဝိုင်ခွက်ကို တကျွိကျွိမြည်အောင် သန့်ရှင်းတောက်ပြောင်ပြီး ပိုးမွှားတွေကင်းရှင်း စေချင်ကြပါတယ်။ ဒါပေမယ့် ပူလွန်းတဲ့ ရေက အကြမ်းမခံနိုင်တဲ့ ဖန်ခွက်ကို ကွဲသွားစေတတ်ပါတယ်။

၃။ အနံ့အသက်ပါတဲ့ ပန်းကန်ဆေးဆပ်ပြာအသုံးပြုတာ

လီမွန်အနံ့ပန်းကန်ဆေးဆပ်ပြာကို အများဆုံး ကြိုက်ကြပါတယ်။ ဒါပေမယ့် ဒီလိုဆပ်ပြာအနံ့မျိုးနဲ့ ဝိုင်ခွက်ဆေးတဲ့အခါ နောက်တစ်ခါ ဒီခွက်နဲ့ ဝိုင်သောက်ရင် အနံ့အရသာရောထွေးသွားနိုင်ပါတယ်။ အနံ့အသက်ကင်းတဲ့ ပန်းကန်ဆေးဆပ်ပြာကိုသာ ရွေးသုံးပါ။

၄။ ဖန်ခွက်ကို ရေတစ်စက်စက်ကျစေပြီး အခြောက်ခံတာ

ရေဆေးပြီးနောက် ဖန်ခွက်တွေကို သူ့ဟာသူ လေနဲ့ခြောက်စေလိုကြပါတယ်။ ဒါပေမယ့် ကိုယ်သုံးတာ သတ္တုဓာတ်ပါဝင်မှုမြင့်မားတဲ့ ရေဖြစ်ပါက သတ္တုဓာတ်အနယ်အနှစ်တွေက အစွန်းအထင်းကွက်လေးတွေ ကျန်ရစ်စေတတ်ပါတယ်။ ၎င်းအစား လက်သုတ်ပုဝါ သို့မဟုတ် နူးညံ့တဲ့အဝတ်စတစ်ခုခုနဲ့ သုတ်ပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top