iMyanmarHouse.com - Best Property Website for Myanmar
×

ပိုက္ဆံဘယ္ေတာ့မွ မကပ္ဘူးဆိုတဲ့လူေတြရဲ႕ လကၡဏာေတြက ဘာေတြလဲ။ ေငြေၾကးဟာ သူတို႔ဆီကေန အျမဲထြက္ေျပးေနတဲ့ အခ်က္ အခ်ိဳ႕ကို စဥ္းစားၾကည့္ရေအာင္။

၁ - စိတ္မဝင္စား

ပိုက္ဆံကို စိတ္ဝင္စားေပမဲ့ ပိုက္ဆံရေပါက္ရလမ္းေတြကို စိတ္မဝင္စားတာ ျဖစ္ပါတယ္။ ပိုက္ဆံရႏိုင္မယ့္ သတင္းအခ်က္အလက္ေတြကုိ စိတ္မဝင္စားတာ ျဖစ္ပါတယ္။ ဥပမာ- ပစၥည္းတစ္ခု ဝယ္မယ္ဆိုရင္ သူမ်ားေတြက ေစ်းသက္သက္သာသာနဲ႔ ရႏုိင္မယ့္ ေနရာမ်ိဳးကို စံုစမ္းတတ္ေပမဲ့ သူတို႔ကေတာ့ ဒါမ်ိဳးအက်င့္မရွိပါဘူး။ ေငြေၾကးနဲ႔ပတ္သက္ရင္ စနစ္တက် စီမံတာမ်ိဳး မရွိပါဘူး။

၂ - အေပါင္းအသင္းမ်ားျပား

သူငယ္ခ်င္းအေပါင္းအသင္းမ်ားျပားတဲ့လူေတြဟာ အေပ်ာ္အပါးစရိတ္ ပိုကုန္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ စားေသာက္ဆိုင္သြားတာ၊ တစ္ေနရာရာသြားတာမ်ိဳးေတြဟာ ေငြကုန္ေၾကးက်ခံျပီးမွ ရတဲ့ ကိစၥေတြြ ျဖစ္ပါတယ္။ သူငယ္ခ်င္းေတြကို အလိုလိုက္ရင္း ကိုယ္လုပ္ရမယ့္ အလုပ္ေတြ မလုပ္ျဖစ္ဘဲ ေႏွာင့္ေႏွးၾကန္႔ၾကာကာ မကုန္သင့္တာေတြ ကုန္ရတာမ်ိဳးလည္း ရွိပါတယ္။
 - အျမင္ခံခ်င္တယ္

ကိုယ့္ကို လူေတြက ဂရုစိုက္တာမ်ိဳးကို သေဘာက်တတ္ၾကပါတယ္။ ဒါေပမဲ့ တခ်ိဳ႕လူေတြကေတာ့ သာမန္ထက္ ပိုပါတယ္။ သူတို႔အသံုးအေဆာင္အဝတ္အစားေတြကို ဝယ္ယူတဲ့အခါ လိုတာထက္ ပိုသံုးၾကပါတယ္။ ၾကြားဝါတတ္တဲ့အက်င့္လည္းရွိျပီး တကယ္သံုးသင့္တာထက္ ပိုသံုးတာေၾကာင့္ သူတို႔မွာ ေငြေၾကး အျမဲလိုေနတတ္ပါတယ္။

၄ - ေလာင္းကစား

ေလာင္းကစားၾကိဳက္တဲ့လူေတြမွာ ပိုက္ဆံကို ကိုင္ထားမယ္၊ စုေဆာင္းထားမယ္ဆိုတဲ့ စိတ္မ်ိဳးဘယ္ေတာ့မွ မရွိတတ္ပါဘူး။ ပိုက္ဆံကို သံုးစြဲေလ သူတို႔ႏွစ္သက္ရာကို ပိုလုပ္ႏုိင္ေလ ျဖစ္တာေၾကာင့္ပါ။ ခဏတာ အေပ်ာ္သေဘာဟာ ကိစၥမရွိေပမဲ့ ဘဝၾကီးတစ္ခုလို ျဖစ္ေနရင္ေတာ့ ေငြေၾကး အျမဲလိုအပ္ေနတတ္ပါတယ္။

၅ - ႏႈိင္းယွဥ္တာ

အျခားလူေတြနဲ႔ ႏႈိင္းယွဥ္တာ ျဖစ္ပါတယ္။ ကိုယ္ပိုင္ပံုစံနဲ႔ မရပ္တည္ႏုိင္တာျဖစ္ပါတယ္။ သူမ်ားလုပ္ရင္လိုက္လုပ္ခ်င္တာ၊ သူမ်ားဝယ္ရင္ လိုက္ဝယ္ခ်င္တာ ျဖစ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ျပီး ဘယ္လိုသံုးစြဲမယ္ဆိုတဲ့ ကိုယ္ပိုင္ပံုစံ မရွိတာ ျဖစ္ပါတယ္။

၆ - စီမံခန္႔ခြဲမႈ

ေငြေၾကးနဲ႔ပတ္သက္ျပီး စီမံခန္႔ခြဲမႈ မရွိတာ ျဖစ္ပါတယ္။ စီမံခန္႔ခြဲမႈမရွိတာဟာ ေရရွည္မွာ အလြန္သိသာပါတယ္။ အသက္အရြယ္ၾကီးလာေလ ပိုပင္ပန္းျပီး ရုန္းကန္ရေလ ျဖစ္တတ္ပါတယ္။ ရွာသမွ် ဘယ္ေပ်ာက္ကုန္မွန္းမသိဘူးဆုိတာမ်ိဳးပါ။

၇ - အသစ္အဆန္း

အသစ္အဆန္းၾကိဳက္တာ ျဖစ္ပါတယ္။ ဖုန္းအသစ္၊ ကြန္ျပဴတာ အသစ္ထြက္လာရင္ ဝယ္ခ်င္ပါတယ္။ သူမ်ားေတြသံုးေနျပီဆုိ လိုက္သံုးခ်င္တာ ျဖစ္ပါတယ္။ သူမ်ားေတြ ဒီေနရာေတြ သြားၾကတယ္ဆို ကိုယ္လည္းသြားခ်င္တာ ျဖစ္ပါတယ္။ ကိုယ္တကယ္လုပ္ခ်င္တဲ့ ကိစၥဟုတ္မဟုတ္ မဆန္းစစ္ပါဘူး။


Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ပိုက်ဆံဘယ်တော့မှ မကပ်ဘူးဆိုတဲ့လူတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ငွေကြေးဟာ သူတို့ဆီကနေ အမြဲထွက်ပြေးနေတဲ့ အချက် အချို့ကို စဉ်းစားကြည့်ရအောင်။

၁ - စိတ်မဝင်စား

ပိုက်ဆံကို စိတ်ဝင်စားပေမဲ့ ပိုက်ဆံရပေါက်ရလမ်းတွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ပိုက်ဆံရနိုင်မယ့် သတင်းအချက်အလက်တွေကို စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ဥပမာ- ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် သူများတွေက ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် နေရာမျိုးကို စုံစမ်းတတ်ပေမဲ့ သူတို့ကတော့ ဒါမျိုးအကျင့်မရှိပါဘူး။ ငွေကြေးနဲ့ပတ်သက်ရင် စနစ်တကျ စီမံတာမျိုး မရှိပါဘူး။

၂ - အပေါင်းအသင်းများပြား

သူငယ်ချင်းအပေါင်းအသင်းများပြားတဲ့လူတွေဟာ အပျော်အပါးစရိတ် ပိုကုန်ပါတယ်။ သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သွားတာ၊ တစ်နေရာရာသွားတာမျိုးတွေဟာ ငွေကုန်ကြေးကျခံပြီးမှ ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေကို အလိုလိုက်ရင်း ကိုယ်လုပ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ဘဲ နှောင့်နှေးကြန့်ကြာကာ မကုန်သင့်တာတွေ ကုန်ရတာမျိုးလည်း ရှိပါတယ်။
 - အမြင်ခံချင်တယ်

ကိုယ့်ကို လူတွေက ဂရုစိုက်တာမျိုးကို သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ သာမန်ထက် ပိုပါတယ်။ သူတို့အသုံးအဆောင်အဝတ်အစားတွေကို ဝယ်ယူတဲ့အခါ လိုတာထက် ပိုသုံးကြပါတယ်။ ကြွားဝါတတ်တဲ့အကျင့်လည်းရှိပြီး တကယ်သုံးသင့်တာထက် ပိုသုံးတာကြောင့် သူတို့မှာ ငွေကြေး အမြဲလိုနေတတ်ပါတယ်။

၄ - လောင်းကစား

လောင်းကစားကြိုက်တဲ့လူတွေမှာ ပိုက်ဆံကို ကိုင်ထားမယ်၊ စုဆောင်းထားမယ်ဆိုတဲ့ စိတ်မျိုးဘယ်တော့မှ မရှိတတ်ပါဘူး။ ပိုက်ဆံကို သုံးစွဲလေ သူတို့နှစ်သက်ရာကို ပိုလုပ်နိုင်လေ ဖြစ်တာကြောင့်ပါ။ ခဏတာ အပျော်သဘောဟာ ကိစ္စမရှိပေမဲ့ ဘဝကြီးတစ်ခုလို ဖြစ်နေရင်တော့ ငွေကြေး အမြဲလိုအပ်နေတတ်ပါတယ်။

၅ - နှိုင်းယှဉ်တာ

အခြားလူတွေနဲ့ နှိုင်းယှဉ်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပုံစံနဲ့ မရပ်တည်နိုင်တာဖြစ်ပါတယ်။ သူများလုပ်ရင်လိုက်လုပ်ချင်တာ၊ သူများဝယ်ရင် လိုက်ဝယ်ချင်တာ ဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုသုံးစွဲမယ်ဆိုတဲ့ ကိုယ်ပိုင်ပုံစံ မရှိတာ ဖြစ်ပါတယ်။

၆ - စီမံခန့်ခွဲမှု

ငွေကြေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှု မရှိတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုမရှိတာဟာ ရေရှည်မှာ အလွန်သိသာပါတယ်။ အသက်အရွယ်ကြီးလာလေ ပိုပင်ပန်းပြီး ရုန်းကန်ရလေ ဖြစ်တတ်ပါတယ်။ ရှာသမျှ ဘယ်ပျောက်ကုန်မှန်းမသိဘူးဆိုတာမျိုးပါ။

၇ - အသစ်အဆန်း

အသစ်အဆန်းကြိုက်တာ ဖြစ်ပါတယ်။ ဖုန်းအသစ်၊ ကွန်ပြူတာ အသစ်ထွက်လာရင် ဝယ်ချင်ပါတယ်။ သူများတွေသုံးနေပြီဆို လိုက်သုံးချင်တာ ဖြစ်ပါတယ်။ သူများတွေ ဒီနေရာတွေ သွားကြတယ်ဆို ကိုယ်လည်းသွားချင်တာ ဖြစ်ပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့ ကိစ္စဟုတ်မဟုတ် မဆန်းစစ်ပါဘူး။


Credit : Duwun



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top