iMyanmarHouse.com - Best Property Website for Myanmar
×




သစ်ပင် ထားရှိပါ




ဖယောင်းတိုင်ထွန်းပါ


Credit  : Trend Myanmar



Unicode Version

စိတ်ဖိစီးမှုဆိုတာ အဖော်ပြုလို့ ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ အိပ်မပျော်မျက်စိကြောင်ခြင်းကစ စိုးရိမ်မှုလွန်ကဲခြင်း၊ အအေးမိဖျားနာခြင်းစတဲ့အဆုံး ကျန်းမာရေးပြသနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။ တခါတလေ မိမိကိုယ်ကိုယ် အနားပေးဖို့ လိုအပ်ပြီး မိမိစိတ်ဖိစီးလျော့ကျအောင် ဘယ်က စလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ အကယ်၍ မလိုလားအပ်တဲ့ စိတ်ဖိစီးမှု လျော့နည်းသက်သာစေမယ့် နည်းလမ်းတွေ လိုအပ်နေပါက အောက်ပါအိမ်တွင်းနည်းတွေက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

တွေးကြည့်မြင်ယောင်ပါ

မိမိရည်မှန်းချက်ပန်းတိုင်တွေ သို့မဟုတ် ပျော်ရွှင်စရာအချိန်တစ်ခု ရယူပိုင်ဆိုင်လိုက်နိုင်ပြီလို့ စိတ်ကူးကြည့်ခြင်းက စိတ်ကို အဲဒီအခြေအနေသို့ ပို့ဆောင်ပေးနိုင်ပါတယ်။ စိတ်အပန်းဖြေပြီး တက်ကြွလှုံ့ဆော်မှုရစေကြောင်း သိပ္ပံနည်းကျသက်သေပြထားပါတယ်။

သစ်ပင် ထားရှိပါ

အပင်တွေဟာ အင်မတန်ကောင်းမွန်တဲ့ လေထုသန့်စင်ပေးတဲ့အရာတွေဖြစ်ပြီး စိတ်ငြိမ်သက်စေတယ်လို့လည်း သက်သေအထောက်အထားရှိပါတယ်။

ကွန်ပျူတာနဲ့ ဖုန်းကို ဝေးရာမှာခဏထားပါ

အချိန်ကြာမြင့်စွာ ဖုန်းကြည့်ခြင်း၊ ကွန်ပျူတာရှေ့မှာ ထိုင်ခြင်းတို့က မလိုလားအပ်တဲ့ စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ အနားယူဖို့ သေချာဂရုစိုက်ပြီး မိမိဖုန်းနဲ့ ဝေးရာမှာ ခဏတဖြုတ်နေလိုက်ပါ။

ဖယောင်းတိုင်ထွန်းပါ

ဖယောင်းတိုင်ဆီက အနံ့အသက်တွေက စိတ်ဖိစီးမှုလျော့ချရာမှာ အထောက်အကူဖြစ်စေနိုင်ပြီး မိမိအခန်းကိုလည်း ထူးခြားတဲ့အနံ့ရစေမှာပါ။


Credit  : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top