iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ျဖီးရတာေလာက္ရုိးရွင္းလြယ္ကူတဲ့အလုပ္မွာအမွားအယြင္းမရိွႏုိင္ဘူးလို႔ ေတြးေကာင္းေတြးမိပါ
လိမ့္မယ္။ တကယ္ရိွတာပါ။ သင့္ဆံပင္သားကို အၾကီးက်ယ္ ပ်က္စီးေစႏုိင္ပါတယ္။ TRESemme ဆံပင္အလွျပင္ဆရာJeannieကဆံပင္ျဖီးတဲ့အခါသတိမျပဳမိပဲမွားယြင္းစြာလုပ္မိတတ္တဲ့အခ်က္ေလးေတြ
ကို  ထပ္ဆင့္ေဝမွ်ေပးထားပါတယ္။

(၁)ဆံပင္ကိုအေပၚမွ ေအာက္သို႔ ျဖီးခ်ျခင္းအဲဒီလိုျဖီးတာဆံပင္သားက်ဳိးပဲ့ပ်က္စီးျခင္းမ်ား ျဖစ္ေစႏုိင္တယ္။
ဆံထုံးေတြ၊က်စ္ဆံမီးေတြကို ျပန္ေျဖတဲ့အခါ အဖ်ားပိုင္းကေန အျမဲတမ္း စလုပ္သင့္တယ္။ အဲဒီလိုလုပ္ေပးလိုက္တဲ့အခါ ဆံပင္ကို ဆြဲမိတာေတြမျဖစ္ေတာ့ဘဲ ဆံသားေတြ ပ်က္စီးျခင္းကလည္း ကင္းမွာျဖစ္ပါတယ္။

(၂) ဆံပင္အမ်ဳိးအစားနဲ႔မကိုက္ညီတဲ့ဘီးအမ်ိဳးအစားကိုအသုံးျပဳျခင္းဘီးေတြကိုတစ္မ်ဳိးတည္း ျပဳလုပ္ထားတာ မဟုတ္ပါဘူး။ အမ်ဳိးအစားအားလုံးလည္း မတူၾကပါဘူး။ ဒါ့ေၾကာင့္ BFF ဘီးအမ်ဳိးအစားက သင့္ဆံပင္သားနဲ႔ ကိုက္ညီမႈရိွႏိုိင္ပါတယ္။ ဆံပင္ကို ေခ်ာေမာေတာက္ေျပာင္ေနေစခ်င္တယ္ဆုိရင္ အသြားက်ဲတဲ့ ဘီးၾကီးၾကီးေလးေတြကို ေရြးခ်ယ္အသုံးျပဳပါ။သင့္ဆံပင္သားကၾကမ္းတယ္ဒါမွမဟုတ္ ေကာက္ေနတယ္
ဆိုရင္ ဆံပင္ကို ဆြဲႏုိင္မယ့္ ဘီးအမာစားေလးတစ္ခုေတာ့ လိုအပ္ပါတယ္။

(၃) ဆံပင္ကို ေကာင္းေကာင္းျဖီးမထားျခင္းလိႈင္းတြန္႔ပုံစံဆံပင္ ျပဳျပင္မႈစတိုင္ေတြေၾကာင့္ မိန္းကေလးအမ်ားစု သူတို႔ဆံပင္ကုိ သိပ္မျဖီးၾကဘူး။ အထူးသျဖင့္ ဆံပင္က ရွည္ေနတယ္ဆိုရင္ တစ္ေန႔ကို ႏွစ္ၾကိမ္ေလာက္ျဖီးေပးျခင္းသည္လည္း က်န္းမာေရးနဲ႔ညီညြတ္ပါတယ္။ ဆံပင္ကို ေခါင္းလိမ္း
ဆီ လိမ္းေပးျခင္းျဖင့္ သပ္ရပ္လန္းဆန္းေစမွာျဖစ္ျပီး ဦးေရျပားကိုလည္း က်န္းမာေစမွာပါ။

(၄) ေရြးခ်ယ္လိုက္တဲ့ဘီးက ဦးေရျပာအတြက္ ၾကမ္းတမ္းလြန္းေနျခင္း
သန္မာျပီး လွပတဲ့ ဆံပင္သားေတြ ေပါက္ေရာက္လာဖို႔ တကယ့္အဓိကက်တဲ့ အခ်က္ပဲျဖစ္ပါတယ္။ ဆိုေတာ့ ဒါကို ေရႊလို သေဘာထားျမတ္ႏုိးေပးရပါမယ္။ ဦးေရျပားနဲ႔ အဆင္ေျပမႈရိွ၊မရိွကို ေသခ်ာေအာင္ အရင္စမ္းသပ္ၾကည့္ပါ။ ေခါင္းျဖီးရင္ နာက်င္ေနတာမ်ဳိး မျဖစ္သင့္ပါဘူး။

(၅) ဆံပင္အစိုနဲ႔အေျခာက္အတြက္ ဘီး တစ္ခုတည္းကိုပဲ အသုံးျပဳျခင္း
အထူးသျဖင့္ ဆံပင္ေရစိုတဲ့အခါ က်ဳိးပဲ့ပ်က္ဆီးမႈ ျဖစ္ေလ့ျဖစ္ထရိွပါတယ္။ စိုေနတဲ့ဆံပင္ကို ဖီးတဲ့အခါ ေပ်ာ့ေပ်ာင္းတဲ့ ဆံပင္သားေတြအတြက္ အထူးရည္လုပ္ထားတဲ့ ဘီး ေတြကိုသာ အသုံးျပဳပါ။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆံပင်ဖြီးရတာလောက်ရိုးရှင်းလွယ်ကူတဲ့အလုပ်မှာအမှားအယွင်းမရှိနိုင်ဘူးလို့ တွေးကောင်းတွေးမိပါ
လိမ့်မယ်။ တကယ်ရှိတာပါ။ သင့်ဆံပင်သားကို အကြီးကျယ် ပျက်စီးစေနိုင်ပါတယ်။ TRESemme ဆံပင်အလှပြင်ဆရာJeannieကဆံပင်ဖြီးတဲ့အခါသတိမပြုမိပဲမှားယွင်းစွာလုပ်မိတတ်တဲ့အချက်လေးတွေ
ကို  ထပ်ဆင့်ဝေမျှပေးထားပါတယ်။

(၁)ဆံပင်ကိုအပေါ်မှ အောက်သို့ ဖြီးချခြင်းအဲဒီလိုဖြီးတာဆံပင်သားကျိုးပဲ့ပျက်စီးခြင်းများ ဖြစ်စေနိုင်တယ်။
ဆံထုံးတွေ၊ကျစ်ဆံမီးတွေကို ပြန်ဖြေတဲ့အခါ အဖျားပိုင်းကနေ အမြဲတမ်း စလုပ်သင့်တယ်။ အဲဒီလိုလုပ်ပေးလိုက်တဲ့အခါ ဆံပင်ကို ဆွဲမိတာတွေမဖြစ်တော့ဘဲ ဆံသားတွေ ပျက်စီးခြင်းကလည်း ကင်းမှာဖြစ်ပါတယ်။

(၂) ဆံပင်အမျိုးအစားနဲ့မကိုက်ညီတဲ့ဘီးအမျိုးအစားကိုအသုံးပြုခြင်းဘီးတွေကိုတစ်မျိုးတည်း ပြုလုပ်ထားတာ မဟုတ်ပါဘူး။ အမျိုးအစားအားလုံးလည်း မတူကြပါဘူး။ ဒါ့ကြောင့် BFF ဘီးအမျိုးအစားက သင့်ဆံပင်သားနဲ့ ကိုက်ညီမှုရှိနိုင်ပါတယ်။ ဆံပင်ကို ချောမောတောက်ပြောင်နေစေချင်တယ်ဆိုရင် အသွားကျဲတဲ့ ဘီးကြီးကြီးလေးတွေကို ရွေးချယ်အသုံးပြုပါ။သင့်ဆံပင်သားကကြမ်းတယ်ဒါမှမဟုတ် ကောက်နေတယ်
ဆိုရင် ဆံပင်ကို ဆွဲနိုင်မယ့် ဘီးအမာစားလေးတစ်ခုတော့ လိုအပ်ပါတယ်။

(၃) ဆံပင်ကို ကောင်းကောင်းဖြီးမထားခြင်းလှိုင်းတွန့်ပုံစံဆံပင် ပြုပြင်မှုစတိုင်တွေကြောင့် မိန်းကလေးအများစု သူတို့ဆံပင်ကို သိပ်မဖြီးကြဘူး။ အထူးသဖြင့် ဆံပင်က ရှည်နေတယ်ဆိုရင် တစ်နေ့ကို နှစ်ကြိမ်လောက်ဖြီးပေးခြင်းသည်လည်း ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဆံပင်ကို ခေါင်းလိမ်း
ဆီ လိမ်းပေးခြင်းဖြင့် သပ်ရပ်လန်းဆန်းစေမှာဖြစ်ပြီး ဦးရေပြားကိုလည်း ကျန်းမာစေမှာပါ။

(၄) ရွေးချယ်လိုက်တဲ့ဘီးက ဦးရေပြာအတွက် ကြမ်းတမ်းလွန်းနေခြင်း
သန်မာပြီး လှပတဲ့ ဆံပင်သားတွေ ပေါက်ရောက်လာဖို့ တကယ့်အဓိကကျတဲ့ အချက်ပဲဖြစ်ပါတယ်။ ဆိုတော့ ဒါကို ရွှေလို သဘောထားမြတ်နိုးပေးရပါမယ်။ ဦးရေပြားနဲ့ အဆင်ပြေမှုရှိ၊မရှိကို သေချာအောင် အရင်စမ်းသပ်ကြည့်ပါ။ ခေါင်းဖြီးရင် နာကျင်နေတာမျိုး မဖြစ်သင့်ပါဘူး။

(၅) ဆံပင်အစိုနဲ့အခြောက်အတွက် ဘီး တစ်ခုတည်းကိုပဲ အသုံးပြုခြင်း
အထူးသဖြင့် ဆံပင်ရေစိုတဲ့အခါ ကျိုးပဲ့ပျက်ဆီးမှု ဖြစ်လေ့ဖြစ်ထရှိပါတယ်။ စိုနေတဲ့ဆံပင်ကို ဖီးတဲ့အခါ ပျော့ပျောင်းတဲ့ ဆံပင်သားတွေအတွက် အထူးရည်လုပ်ထားတဲ့ ဘီး တွေကိုသာ အသုံးပြုပါ။

Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top