iMyanmarHouse.com - Best Property Website for Myanmar
×



Credit : Duwun



Unicode Version

လူကြီးတွေက အမြဲတမ်းလိုလို အိပ်ရာစောစောထခိုင်းလို့ စိတ်ညစ်ရတာ အမှန်ပါပဲ။ တခါတလေ အလုပ်ကိစ္စတွေရှိနေရင်တော့ ကိုယ့်ဘာသာကိုယ် နှိုးစက်ပေးထားပြီး ထရတာပေါ့။ ဖြစ်နိုင်မယ်ဆိုရင် အိပ်ချင်တဲ့အချိန်အိပ်ပြီး ထချင်တဲ့အချိန်ထချင်တာပါ။ တကယ်တော့ စောစောအိပ်ရာထခြင်းဟာ ကိုယ့်အတွက်တော့ ကောင်းတဲ့အရာဖြစ်ပါတယ်။

Obesity သိပ္ပံနဲ့ဆေးပညာဂျာနယ်မှာ ဖော်ပြချက်အရ မနက်စောစော အိပ်ရာထသူတွေဟာ အခြားလူတွေထက် ပိုပြီးကျန်းမာသူတွေ ဖြစ်ပါသတဲ့။ ဒါကိုလည်း စနစ်တကျ လေ့လာပြီးမှ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ မနက်စောစောအိပ်ရာထလေ့ရှိသူတွေက အစားအသောက်ကို ရွေးချယ်ခွင့်ပိုမိုရရှိတာကြောင့် အာဟာရလည်းပိုရှိကြပါတယ်။ နေ့လယ်ခင်းကျော်မှ နိုးထသူတွေကတော့ သကြားဓာတ်ကိုပိုမိုတောင့်ကြပြီး အချိုတွေပိုစားမိတာကြောင့် ကျန်းမာရေးထိခိုက်ရတယ်လို့ ဆိုတယ်။ ဒါ့အပြင် စားသောက်ချိန်တွေကလည်း မမှန်တော့သလို အိပ်ချိန်တွေကလည်း ပုံမှန်မရှိတော့ပါဘူး။

မနက်စောစော အိပ်ရာထပြီး အာဟာရရှိတဲ့မနက်စာကို စောစောစားထားတာကြောင့် တစ်နေ့တာကိုလည်း ခွန်အားရှိစွာဖြစ်သန်းနိုင်မှာပါ။ အဝလွန်ခြင်းကိုလည်း ကြိုတင်ရှောင်ရှားသလို ဖြစ်နေတာကြောင့်မို့လို့ စောစောအိပ်ပြီး စောစောထတာ အကောင်းဆုံးဖြစ်ပါတယ်။
Credit : Duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top