iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးသိတဲ့အတုိင္းပဲ ေႏြရာသီကေတာ့ စတင္ေနပါၿပီ။ ေႏြရာသီမွာ အသားအေရထိန္းသိမ္းဖို႕ရာ အလြန္ခက္ခဲေၾကာင္း အားလံုးလဲသိႏုိင္မွာပါ။ ဒါေၾကာင့္ အခုတစ္ေခါက္မွာေတာ့ ေႏြရာသီအတြက္ အေရးႀကီးတဲ့ အလွအပဆုိင္ရာ နည္းနာေလးေတြကို ေဖာ္ျပေပးပါရေစ။

          သင့္ရဲ႕အသားအေရကို လတ္ဆတ္ၿပီး စိုျပည္တဲ့အသားအေရ အျဖစ္ ထိန္းသိမ္းထားႏုိင္ဖို႕ ဒီနည္းလမ္းေလးေတြက ကူညီေပးမွာပါ။

(၁)     ေရဓါတ္ျပည့္၀ေနဖို႕ လိုအပ္ပါတယ္။

          ေႏြရာသီေၾကာင့္ သင့္ရဲ႕ခႏၶာကိုယ္မွာ အစိုဓါတ္ေတြ အေတာ္မ်ားမ်ား ဆံုးရံႈးရဖုိ႕ရိွပါတယ္။ ဒါေၾကာင့္ H2O ပံုမွန္ ျပန္လည္ျပည့္တင္းေနဖုိ႕ အေရးႀကီးပါတယ္။ ေရနဲ႕ ေဖ်ာ္ရည္မ်ားမ်ားေသာက္ေပးျခင္းက သင့္ရဲ႕ အသားအေရကို ယခင္ကလုိပဲ ႏူးည့ံၿပီး ေျခာက္ေသြ႕မေနေစဖို႕ ေကာင္းစြာ အက်ိဳးျပဳေပးပါလိမ့္မယ္။

(၂)     ေနေရာင္ကာကြယ္ဖို႕ လိုအပ္ပါတယ္။

          တကယ္လုိ႕ ျဖစ္ႏုိင္မယ္ဆုိရင္ မနက္ (၁၁)နာရီမွ ညေန (၃)နာရီအတြင္း အိမ္အတြင္းမွာပဲ ေနပါ။ ဒီအခ်ိန္အတြင္းမွာ ေနေရာင္ျခည္ဟာ အျပင္းဆံုးနဲ႕ အသားအေရကို ထိခုိက္မႈအမ်ားဆံုးျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က အျပင္ထြက္ဖို႕ မိနစ္(၃၀)အလိုမွာ sunscreen ႀကိဳလိမ္းထားၿပီးမွ ထြက္ပါ။ တကယ္လုိ႕ အျပင္မွာ နာရီအေတာ္ၾကာ ေနမိၿပီဆုိရင္လည္း sunscreen ထပ္လိမ္းဖို႕ မေမ့ပါနဲ႕။

(၃)     တုိနာအသံုးျပဳဖို႕ လိုပါတယ္။

          သင့္ရဲ႕ေခၽြးေပါက္ေတြ ပိတ္မေနေစဖို႕နဲ႕ ေကာင္းမြန္တဲ့အသားေရျဖစ္ဖို႕ တုိနာသံုးေပးဖို႕လုိပါတယ္။ သင္နဲ႕သင့္ေတာ္တဲ့ ကုန္တံဆိပ္နဲ႕ ႏွင္းဆီရည္မ်ိဳး သံုးဖုိ႕ဦးစားေပးပါ။ သဘာ၀ပစၥည္းေတြနဲ႕ ျပဳလုပ္ထားတဲ့ အရာေတြက ေႏြရာသီအတြက္ သင့္ေတာ္ပါတယ္။

(၄)     ေရဓါတ္အေျခခံတဲ့ moisturiser ေတြသံုးေပးပါ။

          ေႏြရာသီျဖစ္တာေၾကာင့္ moisturiser သံုးဖုိ႕မလုိဘူးလို႕ မယူဆပါနဲ႕။ သင့္အသားအေရကို အစိုဓါတ္ ဆက္လက္ထိန္းသိမ္းဖုိ႕ moisturiser ေတြက အေထာက္အကူျပဳပါလိမ့္မယ္။ သင့္ရဲ႕ပံုမွန္ moisturiser ေတြက အလြန္အဆီမ်ားေနခဲ့ရင္ ေရဓါတ္အေျခခံတဲ့တစ္ခုကို အသံုးျပဳေပးပါ။

(၅)     တစ္ေန႕ကို မ်က္ႏွာ(၂)ႀကိမ္သစ္ပါ။

          သင့္အေနနဲ႕ တစ္ေနကုန္ အိမ္ထဲမွာပဲ ရွိေနၿပီး မ်က္ႏွာဟာ သန္႕စင္ေနတယ္လို႕ ထင္ေနရင္ေတာင္ တစ္ေန႕ကိုမ်က္ႏွာ (၂)ႀကိမ္သစ္ဖုိ႕လုိပါတယ္။ မအိပ္ခင္ မ်က္ႏွာသစ္ျခင္းနဲ႕ moisturiser သံုးေပးျခင္းက ၿပီးျပည့္စံုတဲ့ ကုထံုးပါပဲ။

          ဒီနည္းလမ္းေလးေတြ လုိက္နာခဲ့မယ္ဆုိရင္ေတာ့ ဒီေႏြမွာ မပ်က္စီးတဲ့ အသားအေရကို ပိုင္ဆုိင္ရမွာပါ။

 Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အားလုံးသိတဲ့အတိုင်းပဲ နွေရာသီကတော့ စတင်နေပါပြီ။ နွေရာသီမှာ အသားအရေထိန်းသိမ်းဖို့ရာ အလွန်ခက်ခဲကြောင်း အားလုံးလဲသိနိုင်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ နွေရာသီအတွက် အရေးကြီးတဲ့ အလှအပဆိုင်ရာ နည်းနာလေးတွေကို ဖော်ပြပေးပါရစေ။

          သင့်ရဲ့အသားအရေကို လတ်ဆတ်ပြီး စိုပြည်တဲ့အသားအရေ အဖြစ် ထိန်းသိမ်းထားနိုင်ဖို့ ဒီနည်းလမ်းလေးတွေက ကူညီပေးမှာပါ။

(၁)     ရေဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။

          နွေရာသီကြောင့် သင့်ရဲ့ခန္ဓာကိုယ်မှာ အစိုဓါတ်တွေ အတော်များများ ဆုံးရှုံးရဖို့ရှိပါတယ်။ ဒါကြောင့် H2O ပုံမှန် ပြန်လည်ပြည့်တင်းနေဖို့ အရေးကြီးပါတယ်။ ရေနဲ့ ဖျော်ရည်များများသောက်ပေးခြင်းက သင့်ရဲ့ အသားအရေကို ယခင်ကလိုပဲ နူးညံ့ပြီး ခြောက်သွေ့မနေစေဖို့ ကောင်းစွာ အကျိုးပြုပေးပါလိမ့်မယ်။

(၂)     နေရောင်ကာကွယ်ဖို့ လိုအပ်ပါတယ်။

          တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မနက် (၁၁)နာရီမှ ညနေ (၃)နာရီအတွင်း အိမ်အတွင်းမှာပဲ နေပါ။ ဒီအချိန်အတွင်းမှာ နေရောင်ခြည်ဟာ အပြင်းဆုံးနဲ့ အသားအရေကို ထိခိုက်မှုအများဆုံးဖြစ်ပါတယ်။ နောက်တစ်ချက်က အပြင်ထွက်ဖို့ မိနစ်(၃၀)အလိုမှာ sunscreen ကြိုလိမ်းထားပြီးမှ ထွက်ပါ။ တကယ်လို့ အပြင်မှာ နာရီအတော်ကြာ နေမိပြီဆိုရင်လည်း sunscreen ထပ်လိမ်းဖို့ မမေ့ပါနဲ့။

(၃)     တိုနာအသုံးပြုဖို့ လိုပါတယ်။

          သင့်ရဲ့ချွေးပေါက်တွေ ပိတ်မနေစေဖို့နဲ့ ကောင်းမွန်တဲ့အသားရေဖြစ်ဖို့ တိုနာသုံးပေးဖို့လိုပါတယ်။ သင်နဲ့သင့်တော်တဲ့ ကုန်တံဆိပ်နဲ့ နှင်းဆီရည်မျိုး သုံးဖို့ဦးစားပေးပါ။ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အရာတွေက နွေရာသီအတွက် သင့်တော်ပါတယ်။

(၄)     ရေဓါတ်အခြေခံတဲ့ moisturiser တွေသုံးပေးပါ။

          နွေရာသီဖြစ်တာကြောင့် moisturiser သုံးဖို့မလိုဘူးလို့ မယူဆပါနဲ့။ သင့်အသားအရေကို အစိုဓါတ် ဆက်လက်ထိန်းသိမ်းဖို့ moisturiser တွေက အထောက်အကူပြုပါလိမ့်မယ်။ သင့်ရဲ့ပုံမှန် moisturiser တွေက အလွန်အဆီများနေခဲ့ရင် ရေဓါတ်အခြေခံတဲ့တစ်ခုကို အသုံးပြုပေးပါ။

(၅)     တစ်နေ့ကို မျက်နှာ(၂)ကြိမ်သစ်ပါ။

          သင့်အနေနဲ့ တစ်နေကုန် အိမ်ထဲမှာပဲ ရှိနေပြီး မျက်နှာဟာ သန့်စင်နေတယ်လို့ ထင်နေရင်တောင် တစ်နေ့ကိုမျက်နှာ (၂)ကြိမ်သစ်ဖို့လိုပါတယ်။ မအိပ်ခင် မျက်နှာသစ်ခြင်းနဲ့ moisturiser သုံးပေးခြင်းက ပြီးပြည့်စုံတဲ့ ကုထုံးပါပဲ။

          ဒီနည်းလမ်းလေးတွေ လိုက်နာခဲ့မယ်ဆိုရင်တော့ ဒီနွေမှာ မပျက်စီးတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။


 Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top