iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာင္းေၾကာင့္ေၾကာင့္ မ်က္နွာေပၚမွာ အရုပ္ဆိုးတဲ့ အမည္းစက္ေတြ ၊ အစက္အေျပာက္ေတြကို အာလူးနည္းပညာ သံုးျပီး ဖယ္ရွားနိုင္တဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးသြားပါမယ္ ။ အခ်ိန္ ၃ ရက္အတြင္းမွာ သိသိသာသာ ေလ်ာ့နည္းသက္သာသြားတာကို ျမင္ေတြ႔ရမွာပါ ။

(၁)အာလူး နွင့္ မုန္လာဥနီ
ပထမဦးဆံုး အာလူးတစ္လုံုးနွင့္ မုန္လာဥနီ တစ္ဝက္ခန္႔ကို အရင္ေဆးေၾကာပါ ။ အခြံႏႊာျပီး အေနေတာ္ခန္႔လွီးကာ blender ျဖင့္ ေၾကညက္သြားေအာင္ ၾကိတ္ပါ ။ ထို႔ေနာက္ မ်က္နွာေပၚသို႔ အနွံ႕ ေသခ်ာလိမ္းပါ။ မိနစ္ ၂၀ခန္႔ထားျပီးေနာက္ ေရျဖင့္ ေဆးေၾကာလို႔ရပါျပီ ။

(၂) အာလူး နွင့္ ၾကက္သြန္နီ
အာလူးတစ္လံုးနွင့္ ၾကက္သြန္နီ တစ္ဝက္ခန္႔ကို ေဆးေၾကာအခြံႏႊာျပီး blender ျဖင့္ ပထမနည္းအတုိင္း ညက္ေနေအာင္ ၾကိတ္ပါ။ ထို႔ေနာက္ ရလာေသာ အေရာအေနွာကို အမည္းစက္ရွိရာေနရာသို႔ နွံ႔နွ႕ံစပ္စပ္လိမ္းပါ။ ၁၅မိနစ္ခန္႔ၾကာလွ်င္ ေရျဖင့္ေဆးေၾကာလိုက္ပါ ။

(၃) အာလူး နွင့္ သခြါးသီး
အာလူးတစ္လံုး နွင့္ သခြာသီး အနည္းငယ္ခန္႔ကို blender ျဖင့္ၾကိတ္ျပီး မ်က္နွာေပၚသုတ္လိမ္းပါ ။ မလိမ္းခင္မွာ မ်က္နွာကို ေဆးေၾကာသန္႔စင္ထားဖုိ႔မေမ့ပါနွင့္ ။ လိမ္းျပီး ၂၅ မိနစ္ခန္႔ၾကာလွ်င္ ေရျဖင့္ေဆးေၾကာနိုင္ပါျပီ ။ အမည္းစက္မ်ား ေလ်ာ့နည္းသက္သာေစသည့္ျပင္ ေအးျမနူးညံ့ေသာ မ်က္နွာအသားအေရကိုလည္း ပိုင္ဆိုင္ေစမွာပါ။

(၄) အာလူး နွင့္ သံပုယိုသီး
ပထမဦးစြာ အာလူးတစ္လံုးကို သန္႔စင္ေဆးေၾကာျပီး blender ျဖင့္ ေၾကညက္ေနေအာင္ ၾကိတ္ပါ ။ ထို႔ေနာက္ သံပုယိုသီး ကို တစ္ဝက္ခန္႔ အရည္ညွစ္ျပီး ၾကိတ္ေခ်ထားေသာ အာလူးျဖင့္ ေရာေနွာလိုက္ပါ ။ ျပီးလွ်င္ မ်က္နွာေပၚသို႔ သုတ္လိမ္းျပီး မိနစ္ ၂၀ ခန္႔ၾကာလွ်င္ ေရေအးျဖင့္ ေဆးေၾကာလို႔ ရပါျပီ ။

အထက္ပါ နည္းလမ္း (၄)ခုမွ  မိမိ နွစ္သက္အဆင္ေျပေသာ နည္းလမ္းကို အသံုးျပဳနိုင္ပါသည္ ။ နည္းလမ္းေတြက လြယ္ကူရိုးရွင္းတာေၾကာင့္ အိမ္မွာပဲ အလြယ္တကူ ျပဳလုပ္နိုင္မွာပါ။ ပံုမွန္ျပဳလုပ္ျခင္းျဖင့္ ၃ရက္ခန္႔ၾကာလွ်င္ အမည္းစက္မ်ား သက္သာေလ်ာ့နည္းသြားတာကို ျမင္ေတြ႔ရမွာပါ ။


Credit: ( ေရႊအင္းေလး)

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကြောင်းကြောင့်ကြောင့် မျက်နှာပေါ်မှာ အရုပ်ဆိုးတဲ့ အမည်းစက်တွေ ၊ အစက်အပြောက်တွေကို အာလူးနည်းပညာ သုံးပြီး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ် ။ အချိန် ၃ ရက်အတွင်းမှာ သိသိသာသာ လျော့နည်းသက်သာသွားတာကို မြင်တွေ့ရမှာပါ ။

(၁)အာလူး နှင့် မုန်လာဥနီ
ပထမဦးဆုံး အာလူးတစ်လုံးနှင့် မုန်လာဥနီ တစ်ဝက်ခန့်ကို အရင်ဆေးကြောပါ ။ အခွံနွှာပြီး အနေတော်ခန့်လှီးကာ blender ဖြင့် ကြေညက်သွားအောင် ကြိတ်ပါ ။ ထို့နောက် မျက်နှာပေါ်သို့ အနှံ့ သေချာလိမ်းပါ။ မိနစ် ၂၀ခန့်ထားပြီးနောက် ရေဖြင့် ဆေးကြောလို့ရပါပြီ ။

(၂) အာလူး နှင့် ကြက်သွန်နီ
အာလူးတစ်လုံးနှင့် ကြက်သွန်နီ တစ်ဝက်ခန့်ကို ဆေးကြောအခွံနွှာပြီး blender ဖြင့် ပထမနည်းအတိုင်း ညက်နေအောင် ကြိတ်ပါ။ ထို့နောက် ရလာသော အရောအနှောကို အမည်းစက်ရှိရာနေရာသို့ နှံ့နှံ့စပ်စပ်လိမ်းပါ။ ၁၅မိနစ်ခန့်ကြာလျှင် ရေဖြင့်ဆေးကြောလိုက်ပါ ။

(၃) အာလူး နှင့် သခွါးသီး
အာလူးတစ်လုံး နှင့် သခွာသီး အနည်းငယ်ခန့်ကို blender ဖြင့်ကြိတ်ပြီး မျက်နှာပေါ်သုတ်လိမ်းပါ ။ မလိမ်းခင်မှာ မျက်နှာကို ဆေးကြောသန့်စင်ထားဖို့မမေ့ပါနှင့် ။ လိမ်းပြီး ၂၅ မိနစ်ခန့်ကြာလျှင် ရေဖြင့်ဆေးကြောနိုင်ပါပြီ ။ အမည်းစက်များ လျော့နည်းသက်သာစေသည့်ပြင် အေးမြနူးညံ့သော မျက်နှာအသားအရေကိုလည်း ပိုင်ဆိုင်စေမှာပါ။

(၄) အာလူး နှင့် သံပုယိုသီး
ပထမဦးစွာ အာလူးတစ်လုံးကို သန့်စင်ဆေးကြောပြီး blender ဖြင့် ကြေညက်နေအောင် ကြိတ်ပါ ။ ထို့နောက် သံပုယိုသီး ကို တစ်ဝက်ခန့် အရည်ညှစ်ပြီး ကြိတ်ချေထားသော အာလူးဖြင့် ရောနှောလိုက်ပါ ။ ပြီးလျှင် မျက်နှာပေါ်သို့ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလို့ ရပါပြီ ။

အထက်ပါ နည်းလမ်း (၄)ခုမှ  မိမိ နှစ်သက်အဆင်ပြေသော နည်းလမ်းကို အသုံးပြုနိုင်ပါသည် ။ နည်းလမ်းတွေက လွယ်ကူရိုးရှင်းတာကြောင့် အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်မှာပါ။ ပုံမှန်ပြုလုပ်ခြင်းဖြင့် ၃ရက်ခန့်ကြာလျှင် အမည်းစက်များ သက်သာလျော့နည်းသွားတာကို မြင်တွေ့ရမှာပါ ။


Credit: ( ရွှေအင်းလေး)



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top