iMyanmarHouse.com - Best Property Website for Myanmar
×

လေဆိပ်မှာ မိမိစီးမယ့် လေယာဉ်လည်း နှောင့်နှေး၊ ဖုန်းအားလည်း ကုန်ခါနီးဖြစ်တဲ့ အခြေအနေတွေ ကြုံဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအခြေအနေမျိုးတွေမှာ မိမိဖုန်းကို အများပြည်သူသုံး ပလပ်ပေါက်မှာ အားသွင်းခါနီး စဉ်းစားရမယ့်အချက်တွေ ရှိပါတယ်။

ဒီလူတကာသုံး ပလပ်ပေါက်ထဲသို့ အားသွင်းကြိုးထည့်သွင်းအသုံးပြုခြင်းက မိမိဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ အများသုံး Wi-Fi ချိတ်သုံးရသလိုမျိုးပဲ၊ လူတကာသုံးမီးပလပ်ပေါက်တွေမှာ ပလပ်ခေါင်းထိုး ဖုန်းအားသွင်းခြင်းက အန္တရာယ်အတွင်း ကျရောက်စေနိုင်ပါတယ်။ မိမိအားသွင်းကြိုးနဲ့ ကွန်ပျူတာကို ချိတ်ဆက်ဖုန်းအားသွင်းမှုပုံစံကို စဉ်းစားကြည့်ပါ။ ဓာတ်ပုံ၊ app၊ အချက်အလက်စတာတွေကို ဖုန်းကနေ ကွန်ပျူတာသို့ ချက်ချင်းရယူနိုင်ပါတယ်။ လုံခြုံမှုမရှိတဲ့ အများသုံးပလပ်ပေါက်ကို အထူးသတိထားပါ။ ဟက်ကာတွေလက်ချက်ကြောင့် သင့်ဖုန်းမှာ ပါရှိတဲ့အရာတွေအားလုံး အလွယ်အကူပါသွားနိုင်ပါတယ်။

ဒါတွေက အထူးသဖြင့် အများသုံး USB ပေါက်အသုံးပြုတဲ့အခါ တကယ်ဖြစ်ပွားတတ်ပါတယ် (လေယာဉ်နဲ့ ကားပေါ်ရှိ TV ခုံနဲ့ ချိတ်ဆက်ထားတဲ့ ပလပ်ပေါက်တွေ)။ မိမိအားသွင်းကြိုးဖြင့် တိုက်ရိုက်ထိုးရတဲ့ ဒီအများသုံး USB ပေါက်တွေက ပိုလို့တောင် လွယ်ကူစွာ ဒုက္ခပေးတတ်ပါတယ်။

ဒီလိုဆိုလို့ ဖုန်းအား လုံးဝကုန်သွားအောင် ထားပစ်လိုက်ဖို့ အကြံပြုနေတာမဟုတ်ပါဘူး။ တခြားနည်းလမ်းတွေ ရှာကြံဖို့ အကြံပေးနေခြင်းသာ ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရင် မိမိဖုန်းအားသွင်းဖို့ အများသုံးပလပ်ပေါက်မသုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီအစား မိမိဖုန်းဘက်ထရီးအားနည်းတဲ့အခါ အလွယ်တကူ သယ်ဆောင်နိုင်တဲ့ မိမိကိုယ်ပိုင်အားသွင်းကိရိယာလေးကိုသာ မှီသုံးသင့်ပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top