iMyanmarHouse.com - Best Property Website for Myanmar
×

စပ်စ္ေဖ်ာ္ရည္မွာ အေရးပါတဲ့ အာဟာရ ဓာတ္ေတြနဲ႔ ဗီတာမင္ေတြ ပါဝင္တာေၾကာင့္ က်န္းမာ သန္စြမ္းမႈကုိ ရရွိ ေစပါတယ္။

လတ္တေလာ ေလ့လာမႈေတြ အရ စပ်စ္ေဖ်ာ္ရည္ကို ေသာက္တာက ဦးေႏွာက္ရဲ႕ လုပ္ငန္း ေဆာင္တာေတြကို ေကာင္းမြန္ ေစၿပီး ေသြးလွည့္ ပတ္မႈကို ေကာင္း မြန္ ေစပါတယ္။

၁။စပ်စ္ေဖ်ာ္ရည္မွာ အင္တီ ေအာက္ဆီးဒင့္ ဖေလဗိုးႏြိဳက္နဲ႔ ရက္စ္ဗာရ ထေရာတို႔ အမ်ားအျပား ပါဝင္ေနပါတယ္။ ဒီအစြမ္းထက္ အင္တီေအာက္ဆီးဒင့္ ႏွစ္မ်ဳိးစလံုးဟာ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ ဖရီးရယ္ဒီကယ္ေတြကို ဖယ္ရွားေပးတဲ့ အျပင္ စိတ္ခ်မ္းသာမႈကို ရရွိေစကာ ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ ေစပါတယ္။ အနီေရာင္နဲ႔ ခရမ္းေရာင္ စပ်စ္သီး ထဲမွာပါတဲ့ အင္တီေအာက္ဆီးဒင့္ ပမာဏဟာ အစိမ္းေရာင္ စပ်စ္သီးမွာထက္ ပိုမ်ားပါတယ္။

၂။စပ်စ္သီး ေဖ်ာ္ရည္က ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာအဆင့္ကို ေလ်ာ့က် ေစပါတယ္။ ေလ့လာမႈအရ စပ်စ္သီးေဖ်ာ္ရည္က ေသြးဖိအားကို ထိန္းေပး ႏိုင္ေၾကာင္း သိရ ပါတယ္။

၃။တက္ဖ္ တကၠသိုလ္ရဲ႕ လတ္တေလာ ေလ့လာမႈ တစ္ရပ္အရ စပ်စ္ ေဖ်ာ္ရည္ကို ပံုမွန္ ေသာက္တာက ဦးေႏွာက္ရဲ႕လႈပ္ရွားမႈကို ေကာင္းမြန္ ေစေၾကာင္း သိရပါတယ္။

၄။တျခား ေလ့လာမႈေတြ အရ ႏွလံုးေသြးေၾကာ ဆိုင္ရာ ေရာဂါေတြ ခံစား ေနရတဲ့ လူနာေတြဟာ စပ်စ္သီး ေဖ်ာ္ရည္ကို ပံုမွန္ ေသာက္တာေၾကာင့္ အက်ဳိးေက်းဇူး ရႏိုင္ေၾကာင္း သိရပါတယ္။

၅။စပ်စ္ ေဖ်ာ္ရည္ဟာ စြမ္းအင္ ဆံုး႐ႈံးမႈကို ျပန္လည္ျဖည့္တင္း ေပးႏိုင္တာေၾကာင့္ လန္းဆန္း တက္ၾကြမႈကို ရရွိေစပါတယ္။ သံဓာတ္ ခ်ဳိ႕တဲ့ေနတဲ့ အမ်ဳိးသမီး ေတြဟာ စပ်စ္ေဖ်ာ္ရည္ ေသာက္တာေၾကာင့္ စြမ္းအား ေကာင္းေစ ပါတယ္။

၆။စိတ္ဖိစီးမႈ မ်ားေနသလား။ စပ်စ္ ေဖ်ာ္ရည္တစ္ခြက္ ေသာက္လိုက္ရင္ ဖိစီးမႈ ေလ်ာ့က်ၿပီး လန္းဆန္း သြားပါ လိမ့္မယ္။

၇။ေသြးတြင္း ကိုလက္ စထေရာ အဆင့္ ျမင့္မားေနရင္ စပ်စ္ ေဖ်ာ္ရည္ကို ေန႔စဥ္ ပံုမွန္ ေသာက္ပါ။

၈။စပ်စ္ ေဖ်ာ္ရည္ကို ပံုမွန္ ေသာက္ေနသူ ေတြက ဝမ္းမွန္မွန္ သြားေစၿပီး အသည္းနဲ႔ အေရျပား က်န္းမာ ေရးကို ေကာင္းမြန္ ေစပါတယ္။

၉။စပ်စ္ သီးမွာပါတဲ့ ရက္စ္ဗာရ ထေရာဟာ အယ္လ္ဇိုင္းမား ေရာဂါရွိသူေတြမွာ amyloidal-beta peptides အဆင့္ ေလ်ာ့က် ေစတာေၾကာင့္ ဦးေႏွာက္ က်န္းမာေရး ေကာင္းမြန္ ေစပါတယ္။

၁ဝ။စပ်စ္သီးမွာ ဘက္တီးရီးယား ဆန္႔က်င္တဲ့ ဂုဏ္သတၱိ ရွိတာေၾကာင့္ ကူးစက္ ပိုးဝင္မႈ မျဖစ္ေအာင္ ကာကြယ္ ေပးႏိုင္ပါတယ္။

၁၁။စပ်စ္သီး မွာပါတဲ့ ဖေလဗိုးႏြိဳက္ေတြ ကမ်က္စိ အတြင္းတိမ္ ျဖစ္ႏိုင္ေျခကို ေလ်ာ့က် ေစပါတယ္။ Tip! အဆင္သင့္ စပ်စ္သီး ေဖ်ာ္ရည္မွာ သၾကားပါဝင္မႈ ျမင့္မားတာေၾကာင့္ စပ်စ္ ေဖ်ာ္ရည္ကို အမ်ားအျပား မေသာက္သင့္ပါ။ ျဖစ္ႏိုင္ရင္ လတ္ဆတ္တဲ့ စပ်စ္သီးကို မိမိ ဘာသာ ေဖ်ာ္ရည္ လုပ္ၿပီး ေသာက္သံုး သင့္ပါတယ္။


Credit:ျမ၀တီ

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရ ဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာ သန်စွမ်းမှုကို ရရှိ စေပါတယ်။

လတ်တလော လေ့လာမှုတွေ အရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန် စေပြီး သွေးလှည့် ပတ်မှုကို ကောင်း မွန် စေပါတယ်။

၁။စပျစ်ဖျော်ရည်မှာ အင်တီ အောက်ဆီးဒင့် ဖလေဗိုးနွိုက်နဲ့ ရက်စ်ဗာရ ထရောတို့ အများအပြား ပါဝင်နေပါတယ်။ ဒီအစွမ်းထက် အင်တီအောက်ဆီးဒင့် နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့ အပြင် စိတ်ချမ်းသာမှုကို ရရှိစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်။ အနီရောင်နဲ့ ခရမ်းရောင် စပျစ်သီး ထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် ပမာဏဟာ အစိမ်းရောင် စပျစ်သီးမှာထက် ပိုများပါတယ်။

၂။စပျစ်သီး ဖျော်ရည်က သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျ စေပါတယ်။ လေ့လာမှုအရ စပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းပေး နိုင်ကြောင်း သိရ ပါတယ်။

၃။တက်ဖ် တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ စပျစ် ဖျော်ရည်ကို ပုံမှန် သောက်တာက ဦးနှောက်ရဲ့လှုပ်ရှားမှုကို ကောင်းမွန် စေကြောင်း သိရပါတယ်။

၄။တခြား လေ့လာမှုတွေ အရ နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေ ခံစား နေရတဲ့ လူနာတွေဟာ စပျစ်သီး ဖျော်ရည်ကို ပုံမှန် သောက်တာကြောင့် အကျိုးကျေးဇူး ရနိုင်ကြောင်း သိရပါတယ်။

၅။စပျစ် ဖျော်ရည်ဟာ စွမ်းအင် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်း ပေးနိုင်တာကြောင့် လန်းဆန်း တက်ကြွမှုကို ရရှိစေပါတယ်။ သံဓာတ် ချို့တဲ့နေတဲ့ အမျိုးသမီး တွေဟာ စပျစ်ဖျော်ရည် သောက်တာကြောင့် စွမ်းအား ကောင်းစေ ပါတယ်။

၆။စိတ်ဖိစီးမှု များနေသလား။ စပျစ် ဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဖိစီးမှု လျော့ကျပြီး လန်းဆန်း သွားပါ လိမ့်မယ်။

၇။သွေးတွင်း ကိုလက် စထရော အဆင့် မြင့်မားနေရင် စပျစ် ဖျော်ရည်ကို နေ့စဉ် ပုံမှန် သောက်ပါ။

၈။စပျစ် ဖျော်ရည်ကို ပုံမှန် သောက်နေသူ တွေက ဝမ်းမှန်မှန် သွားစေပြီး အသည်းနဲ့ အရေပြား ကျန်းမာ ရေးကို ကောင်းမွန် စေပါတယ်။

၉။စပျစ် သီးမှာပါတဲ့ ရက်စ်ဗာရ ထရောဟာ အယ်လ်ဇိုင်းမား ရောဂါရှိသူတွေမှာ amyloidal-beta peptides အဆင့် လျော့ကျ စေတာကြောင့် ဦးနှောက် ကျန်းမာရေး ကောင်းမွန် စေပါတယ်။

၁ဝ။စပျစ်သီးမှာ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ကူးစက် ပိုးဝင်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

၁၁။စပျစ်သီး မှာပါတဲ့ ဖလေဗိုးနွိုက်တွေ ကမျက်စိ အတွင်းတိမ် ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ Tip! အဆင်သင့် စပျစ်သီး ဖျော်ရည်မှာ သကြားပါဝင်မှု မြင့်မားတာကြောင့် စပျစ် ဖျော်ရည်ကို အများအပြား မသောက်သင့်ပါ။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ စပျစ်သီးကို မိမိ ဘာသာ ဖျော်ရည် လုပ်ပြီး သောက်သုံး သင့်ပါတယ်။


Credit:မြဝတီ



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top