iMyanmarHouse.com - Best Property Website for Myanmar
×

ဘရတ္ပစ္ဟာ အန္ဂ်လီနာဂ်ဳိလီနဲ႔ ကြဲသြးၿပီးတဲ့ေနာက္ ဇနီးေဟာင္း ဂ်နီဖာအန္နစၥတန္နဲ႔ အဆက္အသြယ္ ျပန္ရွိေနတယ္လို႔ သိရပါတယ္။

ဘရတ္ပစ္တစ္ေယာက္ သူ႔ရဲ႕ဇနီးေဟာင္းကို ရင္ဖြင့္တုိင္ပင္ေနတာျဖစ္ၿပီး ဂ်နီဖာက ႏွစ္သိမ့္အားေပးေနတယ္လို႔ ဆုိပါတယ္။

"သူတုိ႔ေတြ မိတ္ေဆြေတြအျဖစ္ ျပန္ၿပီး အဆက္အဆံရွိေနတယ္။ မက္ေဆ့အဆက္အသြယ္လုပ္တယ္" လုိ႔ သတင္းေပးတစ္ဦးက ေျပာခဲ့ပါတယ္။

၂၀၀၅ ခုႏွစ္မွာ လမ္းခြဲခဲ့ၾကတဲ့ ဂ်နီဖာနဲ႔ ဘရတ္ရဲ႕ ဆက္ဆံေရးဟာ ပံုမမွန္တာ မရွိပါဘူးလုိ႔လည္း ယင္းသတင္းေပးက ေျပာခဲ့ပါတယ္။

ေဟာလိဝုဒ္မင္းသမီး အန္ဂ်လီနာဂ်ဳိလီဟာ သူမရဲ႕ဘဝအေၾကာင္းကို BBC News က ေမးျမန္းစဥ္မွာ ေျပာျပခဲ့ပါတယ္။

"အဲဒီအေၾကာင္း ကၽြန္မ သိပ္မေျပာခ်င္ဘူး။ တကယ္ကို ခက္ခဲတဲ့အခ်ိန္ျဖစ္ခဲ့တယ္။ ကၽြန္မတုိ႔ေတြက မိသားစုတစ္စုပါ။ အျမဲလည္း မိသားစုျဖစ္ေနမွာပါဆုိတာပဲ ကၽြန္မေျပာခ်င္ပါတယ္" လို႔ သူမက စိတ္လႈပ္ရွားမႈမ်ားနဲ႔ ေျပာခဲ့ပါတယ္။

"အရမ္းခက္ခဲခဲ့ပါတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ လူအမ်ားစု ခက္ခဲၾကတာပါပဲ။ ကၽြန္မတုိ႔ မိသားစုတစ္စုလံုး ခက္ခဲတဲ့အခ်ိန္ကို ျဖတ္သန္းေနရတယ္" လို႔ အသက္ ၄၁ ႏွစ္အရြယ္ မင္းသမီး ဂ်ဳိလီက ေျပာပါတယ္။

အန္ဂ်လီနာဂ်ဳိလီက ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ဘရတ္ပစ္နဲ႔ ကြာရွင္းခြင့္တင္လုိက္ၿပီးတဲ့ေနာက္ အန္ဂ်လီနာဂ်ဳိလီက ကေလး ၆ ဦးကို တစ္ဦးတည္း အုပ္ထိန္းခြင့္ ေတာင္းဆိုထားၿပီး ဘရတ္ပစ္ကေတာ့ ပူးတြဲအုပ္ထိန္းခြင့္ရေအာင္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘရတ်ပစ်ဟာ အန်ဂျလီနာဂျိုလီနဲ့ ကွဲသွးပြီးတဲ့နောက် ဇနီးဟောင်း ဂျနီဖာအန်နစ္စတန်နဲ့ အဆက်အသွယ် ပြန်ရှိနေတယ်လို့ သိရပါတယ်။

ဘရတ်ပစ်တစ်ယောက် သူ့ရဲ့ဇနီးဟောင်းကို ရင်ဖွင့်တိုင်ပင်နေတာဖြစ်ပြီး ဂျနီဖာက နှစ်သိမ့်အားပေးနေတယ်လို့ ဆိုပါတယ်။

"သူတို့တွေ မိတ်ဆွေတွေအဖြစ် ပြန်ပြီး အဆက်အဆံရှိနေတယ်။ မက်ဆေ့အဆက်အသွယ်လုပ်တယ်" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ လမ်းခွဲခဲ့ကြတဲ့ ဂျနီဖာနဲ့ ဘရတ်ရဲ့ ဆက်ဆံရေးဟာ ပုံမမှန်တာ မရှိပါဘူးလို့လည်း ယင်းသတင်းပေးက ပြောခဲ့ပါတယ်။

ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီဟာ သူမရဲ့ဘဝအကြောင်းကို BBC News က မေးမြန်းစဉ်မှာ ပြောပြခဲ့ပါတယ်။

"အဲဒီအကြောင်း ကျွန်မ သိပ်မပြောချင်ဘူး။ တကယ်ကို ခက်ခဲတဲ့အချိန်ဖြစ်ခဲ့တယ်။ ကျွန်မတို့တွေက မိသားစုတစ်စုပါ။ အမြဲလည်း မိသားစုဖြစ်နေမှာပါဆိုတာပဲ ကျွန်မပြောချင်ပါတယ်" လို့ သူမက စိတ်လှုပ်ရှားမှုများနဲ့ ပြောခဲ့ပါတယ်။

"အရမ်းခက်ခဲခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူအများစု ခက်ခဲကြတာပါပဲ။ ကျွန်မတို့ မိသားစုတစ်စုလုံး ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေရတယ်" လို့ အသက် ၄၁ နှစ်အရွယ် မင်းသမီး ဂျိုလီက ပြောပါတယ်။

အန်ဂျလီနာဂျိုလီက ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်တင်လိုက်ပြီးတဲ့နောက် အန်ဂျလီနာဂျိုလီက ကလေး ၆ ဦးကို တစ်ဦးတည်း အုပ်ထိန်းခွင့် တောင်းဆိုထားပြီး ဘရတ်ပစ်ကတော့ ပူးတွဲအုပ်ထိန်းခွင့်ရအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top