iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သူပာာ သင်နဲ့ ပတ်သတ်လာရင် အရမ်းကိုပဲပွင့်ပွင့်လင်းလင်းရှိတယ်၊ သူက ဘာတွေဖြစ်ချင်တယ်၊ ဘယ်ပာာတွေက သူမဖြစ်ချင်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ သင့်ကို မရှက်ဘဲ ပြောပြလေ့ရှိပါလိမ့်မယ်။

၂။ သူပာာ သင့်စိတ်ညစ်စရာတွေ ကြုံလာရင်တောင် စိတ်မညစ်စေဘဲ သင်ပျော်အောင်လို့ နည်းအမျိုးမျိုးနဲ့ ရယ်မောနိုင်အောင် ပြုလုပ်ပေးလိမ့်ရှိတယ်။

၃။ သူပာာ သင့်ရဲ့ အမြင်ကို တန်ဖိုးထားတယ်။ သင်ပြောသမျှကို အချိန်ယူပြီး လက်ခံဆွေးနွေးပေးလေ့ ရှိတယ်။


၎။ လူကြားထဲမှာပဲဖြစ်နေပါစေ သင့်ကို ချစ်ပြဖို့ သူက ဝန်မလေးဘူး။ သူတစ်ပါးက သဝန်တိုလာအောင် အရမ်းချစ်ပြလာပါလိမ့်မယ်။

၅။ သင့်ရဲ့ ဆုံးဖြတ်ချက်ကို သူကလေးစားမှုရှိတယ်။ လက်မခံနိုင်ဘူးဆိုရင်တောင်မှ ဘာကြောင့် လက်မခံနိုင်လဲဆိုတာ သေချာရှင်းပြတတ်ပါတယ်။

၆။ သူပာာ သင့်ကို ဘယ်လောက်တန်ဖိုးထားပြီး ချစ်ကြောင်းကို မကြာခဏ သက်သေပြလေ့ရှိတယ်။ ဥပမာ- ထူခြားတဲ့ရက်၊ အထိမ်းအမှတ်နေ့၊ အားလပ်ရက်တွေမှာပေါ့

၇။ သူပာာ သင့်ကို ချစ်သူတစ်ယောက်လို ချစ်သလို သူငယ်ချင်းတစ်ယောက်လိုလဲ အရေးကြီးတဲ့ ကိစ္စတွေကို မကြာခဏအရေးကြီးရင် ကြီးသလို သင်နဲ့တိုင်ပင်လေ့ရှိတယ်။

၈။ ချစ်သူဘဝဆက်ဆံရေးတည်တံ့ဖို့ သူ့ဘက်ကနေ အမြဲသည်းခံပြီး စိတ်ရှည်ပေးတတ်တယ်။ ကြီးကြီးမားမား ရန်မဖြစ်အောင်လည်း သေသေချာချာမျှမျှတတလုပ်တတ်ပါတယ်။

၉။ သူပာာ သင်နဲ့ ပတ်သတ်လာရင် ဘယ်ကိစ္စကိုမဆို အသေးအဖွဲလေးတွေက အစ သူခေါင်းထဲမှာ အမြဲမှတ်မိနေတတ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မိုမိုလေး
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top