iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ဆေးလိပ်သောက်ခြင်း
၃။ ဘရာစီယာ
Credit : Duwun
#Unicode Version
အမျိုးသမီးတစ်ဦးရဲ့ အလှဟာ အပျိုဖော်ဝင်ချိန်မှ ကလေးမွေးပြီးတဲ့ထိတိုင်အောင် ဘယ်လောက်ပဲ အသက်အရွယ် ပြောင်းလဲသွားပါစေ ထိန်းသိမ်းနိုင်သမျှတော့ လှနေဦးမှာပါပဲ။ မွေးကတည်းက ပါလာတဲ့ မျက်ခုံး၊ မျက်လုံးတွေကို အလှကုန်ပစ္စည်းတွေခြယ်သခြင်း၊ ခွဲစိတ်ပြုပြင်ခြင်းတွေနဲ့ လှအောင်လုပ်လို့ရပါတယ်။ ခန္ဓာကိုယ်အလှဆိုရင်လည်း ထိုနည်းတူပါပဲ။ သို့ပေမဲ့ ကောက်ကြောင်းအလှကတော့ ဘယ်လိုပဲ ခွဲစိတ်ပြုပြင်ထားစေဦးတော့ ကိုယ်သာ အနေအထိုင် မှားယွင်းနေရင် ပုံပျက်သွားနိုင်တာကို သတိထားပါ။ ယခုဖော်ပြမယ့် နေထိုင်ပြုမူပုံတွေကတော့ ရင်သားကို လျော့တွဲကျစေတဲ့အရာတွေဖြစ်ပြီး ဆင်ခြင်ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
၁။ အမြန်ဆုံးနည်းနဲ့ဝိတ်ချတာ
ဝိတ်ချတယ်ဆိုတာ အစားအသောက်၊ အနေအထိုင်ကို ဆင်ခြင်ကာ လေ့ကျင့်ခန်းလုပ်ပြီး ချမှသာ အမှန်ကန်ဆုံးဖြစ်ပါတယ်။ ဝိတ်မြန်မြန်ကျရင်ပြီးရောဆိုတဲ့စိတ်နဲ့ မြန်မြန်ဆန်ဆန် ဝိတ်ချလိုက်ရင် အသားအရေတင်းရင်းမှု မရှိတော့ပါဘူး။ ရင်သားတွေဆိုရင် ပုံပျက်ပန်းပျက် တွဲကျသွားနိုင်ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်း
ဆေလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေထဲမှာ ရင်သားအလှပျက်ခြင်းလည်း ပါဝင်ပါတယ်။ ဆေးလိပ်သောက်လေလေ အသားအရေ ပိုပြီးရင့်ရော်ပျက်စီးလေလေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်ဟာ အရေပြားမျက်နှာပြင်ပေါ်ကဆဲလ်တွေထံ သွေးလည်ပတ်မှုကို နှောင့်ယှက်လို့ဖြစ်ပါတယ်။
၃။ ဘရာစီယာ
ဘရာစီယာကောင်းကောင်း ဝယ်ပါလို့ တိုက်တွန်းခြင်းဟာ ဈေးကြီးတဲ့ဘရာကို ဝယ်ပါလို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်နဲ့ ကွက်တိဖြစ်ပြီး သက်တောင့်သက်သာရှိမယ့် ဘရာကိုသာ ရွေးချယ်ဖို့ တိုက်တွန်းတာပါ။ ဟောင်းနေတဲ့ဘရာတွေကိုလည်း နှမျောပြီးဆက်ဝတ်ရင် ကိုယ်ပဲ အလှပျက်ရမယ်ဆိုတာ မမေ့ပါနဲ့။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top