iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၆ အတြက္ ‘ခ်စ္လွ စြာေသာအမုန္း’ ဇာတ္ကားျဖင့္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုရရွိ မည္ဟု ထင္ေၾကးေပးခံရေသာ သက္မြန္ျမင့္က ႐ုပ္ရွင္ထူးခြၽန္ဆု ေပးပြဲသို႔ အနက္ေရာင္ဖက္ရွင္ ျဖင့္ တက္ေရာက္မည္ျဖစ္သည္။

‘‘သူက ကေလးေမြးၿပီးခါစ ခႏၶာကိုယ္ကလည္း နည္းနည္း ျပည့္ေနေတာ့ အနက္ေရာင္ေလး ဝတ္ရင္ သူ႔ဟာသူလည္း Confi-dence ရွိမယ္၊ စိတ္လံုၿခံဳမႈရွိမယ္ လို႔လည္း စိတ္ကူးတယ္။ ေနာက္ ၿပီး သူက ခါးနာေနေတာ့ သက္ ေသာင့္သက္သာျဖစ္ရမယ္။ သူ႔ အသက္အရြယ္နဲ႔ လံုလံုၿခံဳၿခံဳ၊ က်က္သေရရွိရွိေလးျဖစ္ေအာင္ စီစဥ္ထားတယ္။ သူဝတ္မယ့္ ခ်ိတ္ဒီဇိုင္းရယ္၊ သူၿခံဳမယ့္ပဝါေလး ရယ္ အဓိကလုပ္ေပးထားတယ္။ အက်ႌကေတာ့ ေျပာင္ရွင္းေလးပဲ လုပ္ထားတယ္’’ဟု သက္မြန္ျမင့္၏ဝတ္စံုကို ခ်ဳပ္လုပ္ေပးမည့္ ဒီဇုိင္ နာ မပံု႔ (My Favourite) က ေျပာ သည္။

သက္မြန္ျမင့္ဝတ္ဆင္မည့္ ခ်ိတ္ဒီဇိုင္းသည္ ၎၏ကိုယ္ပိုင္ ျဖစ္ၿပီး အနက္ေရာင္အေပၚတြင္ အျခားအေရာင္ သံုးေရာင္ခန္႔ပါ ဝင္ကာ ဟသၤာပံုစံ ဒီဇုိင္းမ်ား ပါဝင္မည္ဟု မပံု႔က ေျပာသည္။

‘‘ေအာင္သမာဓိက မျဖဴက ဆင္ခ်င္တယ္ဆိုေတာ့ အက်ႌ ေျပာင္ပဲဆိုေတာ့ ဆင္လို႔ရတယ္။ ဒါေပမဲ့ အေမွာင္အေရာင္ေတြပဲ သံုးထားတာဆိုေတာ့ စိန္ႀကိဳးေပါ့။ စိန္ႀကိဳးကိုမွ ႐ိုး႐ိုးဘယက္မဟုတ္ ဘဲ စိန္ႀကိဳးအရွည္ေတြ ခတ္ေပး ႏုိင္မလားဆိုေတာ့ မျဖဴကလည္း ခတ္ေပးမယ္ဆိုေတာ့ သူ႔ဆီက စိန္ဆြဲႀကိဳး၊ လက္ကိုင္အိတ္က ေတာ့ မျဖဴစီစဥ္ေပးထားတယ္လို႔ ေျပာတယ္’’ဟု သက္မြန္ျမင့္ဝတ္ ဆင္မည့္ လက္ဝတ္ရတနာမ်ားအ ေၾကာင္း မပံု႔က ေျပာသည္။

သက္မြန္ျမင့္ကို လက္ဝတ္ ရတနာမ်ားႏွင့္ လက္ကိုင္အိတ္ အပါအဝင္ က်ပ္သိန္းႏွစ္ေထာင္ ဖိုးခန္႔ ဆင္ျမန္းမည္ျဖစ္ေၾကာင္း ေအာင္သမာဓိေရႊဆုိင္မွ မျဖဴျဖဴ ေအာင္က ေျပာသည္။

သက္မြန္ျမင့္ကို ‘ခ်စ္လွစြာ ေသာ အမုန္း’ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ထားသည့္ မိုးစက္ ေမဇာတ္႐ုပ္ျဖင့္ ပရိသတ္မ်ားအပါအဝင္ အႏုပညာေမာင္ႏွမမ်ား က ႐ုပ္ရွင္ထူးခြၽန္ဆုရရွိႏိုင္သည္ ဟု ခန္႔မွန္းထားသည္။

Credit :7day daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


၂၀၁၆ အတွက် ‘ချစ်လှ စွာသောအမုန်း’ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုရရှိ မည်ဟု ထင်ကြေးပေးခံရသော သက်မွန်မြင့်က ရုပ်ရှင်ထူးချွန်ဆု ပေးပွဲသို့ အနက်ရောင်ဖက်ရှင် ဖြင့် တက်ရောက်မည်ဖြစ်သည်။

‘‘သူက ကလေးမွေးပြီးခါစ ခန္ဓာကိုယ်ကလည်း နည်းနည်း ပြည့်နေတော့ အနက်ရောင်လေး ဝတ်ရင် သူ့ဟာသူလည်း Confi-dence ရှိမယ်၊ စိတ်လုံခြုံမှုရှိမယ် လို့လည်း စိတ်ကူးတယ်။ နောက် ပြီး သူက ခါးနာနေတော့ သက် သောင့်သက်သာဖြစ်ရမယ်။ သူ့ အသက်အရွယ်နဲ့ လုံလုံခြုံခြုံ၊ ကျက်သရေရှိရှိလေးဖြစ်အောင် စီစဉ်ထားတယ်။ သူဝတ်မယ့် ချိတ်ဒီဇိုင်းရယ်၊ သူခြုံမယ့်ပဝါလေး ရယ် အဓိကလုပ်ပေးထားတယ်။ အကျႌကတော့ ပြောင်ရှင်းလေးပဲ လုပ်ထားတယ်’’ဟု သက်မွန်မြင့်၏ဝတ်စုံကို ချုပ်လုပ်ပေးမည့် ဒီဇိုင် နာ မပုံ့ (My Favourite) က ပြော သည်။

သက်မွန်မြင့်ဝတ်ဆင်မည့် ချိတ်ဒီဇိုင်းသည် ၎င်း၏ကိုယ်ပိုင် ဖြစ်ပြီး အနက်ရောင်အပေါ်တွင် အခြားအရောင် သုံးရောင်ခန့်ပါ ဝင်ကာ ဟင်္သာပုံစံ ဒီဇိုင်းများ ပါဝင်မည်ဟု မပုံ့က ပြောသည်။

‘‘အောင်သမာဓိက မဖြူက ဆင်ချင်တယ်ဆိုတော့ အကျႌ ပြောင်ပဲဆိုတော့ ဆင်လို့ရတယ်။ ဒါပေမဲ့ အမှောင်အရောင်တွေပဲ သုံးထားတာဆိုတော့ စိန်ကြိုးပေါ့။ စိန်ကြိုးကိုမှ ရိုးရိုးဘယက်မဟုတ် ဘဲ စိန်ကြိုးအရှည်တွေ ခတ်ပေး နိုင်မလားဆိုတော့ မဖြူကလည်း ခတ်ပေးမယ်ဆိုတော့ သူ့ဆီက စိန်ဆွဲကြိုး၊ လက်ကိုင်အိတ်က တော့ မဖြူစီစဉ်ပေးထားတယ်လို့ ပြောတယ်’’ဟု သက်မွန်မြင့်ဝတ် ဆင်မည့် လက်ဝတ်ရတနာများအ ကြောင်း မပုံ့က ပြောသည်။

သက်မွန်မြင့်ကို လက်ဝတ် ရတနာများနှင့် လက်ကိုင်အိတ် အပါအဝင် ကျပ်သိန်းနှစ်ထောင် ဖိုးခန့် ဆင်မြန်းမည်ဖြစ်ကြောင်း အောင်သမာဓိရွှေဆိုင်မှ မဖြူဖြူ အောင်က ပြောသည်။

သက်မွန်မြင့်ကို ‘ချစ်လှစွာ သော အမုန်း’ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် မိုးစက် မေဇာတ်ရုပ်ဖြင့် ပရိသတ်များအပါအဝင် အနုပညာမောင်နှမများ က ရုပ်ရှင်ထူးချွန်ဆုရရှိနိုင်သည် ဟု ခန့်မှန်းထားသည်။

Credit :7day daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top