iMyanmarHouse.com - Best Property Website for Myanmar
×
၆။လေလည်လိုက်တာမျိုး
၁၂။သမ်းဝေလိုက်တာမျိုး
Credit : Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
ချစ်တင်းနှောတဲ့အခါ စိတ်တွေဟာ လွယ်လပ်နေရပါမယ်၊ ဒါ့အပြင် နှစ်ဦးစလုံး ပျော်ရွှင်မှု၊ ကျေနပ်ခြင်းတွေကိုလည်း ခံစားရမှသာ အဆင်ပြေမှာပါ။ နှစ်ယောက်မှာ တစ်ယောက်က ဖိအားတစ်ခုခုကို ခံစားနေရမယ်ဆို နှစ်ဦးစလုံးအတွက် လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ အာရုံနောက်စရာတွေ မဖြစ်ရလေအောင် ချစ်တင်းနှောခါနီးနဲ့ ချစ်တင်းနှောနေချိန်အတွင်း ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ အတူရှိနေချိန် မပြောသင့်၊ မလုပ်သင့်တဲ့အရာတွေကတော့
၁။ဖုန်းလာလို့ ဖုန်းပြောလိုက်တာမျိုး
၂။sms ကောက်စစ်လိုက်တာမျိုး
၃။အချိန်ဘယ်လောက်ရှိပြီလဲဆိုတာ နာရီကြည့်လိုက်တာမျိုး
၄။မြန်မြန်လုပ်စမ်းပါ လို့ မာမာထန်ထန် ပြောတာမျိုး
၅။နှာခေါင်း နှိုက်နေတာမျိုး
၆။လေလည်လိုက်တာမျိုး
၇။အမှတ်တမဲ့မဟုတ်ပဲ တမင်သက်သက် လေတက်လိုက်တာမျိုး
၈။ပါးစပ်က အဖေ၊ အမေကို တလိုက်တာမျိုး
၉။ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ အပြစ်အနာအဆာကို ထောက်ပြပြောဆိုလိုက်တာမျိုး
၁၀။ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ကို ဒီလိုလုပ်ရမှာ မဟုတ်ဘူး၊ မှားနေတယ်ဆိုပြီး ပြောဆိုလိုက်တာမျိုး
၁၁။ အရင်ရည်းစားအကြောင်း ပြောလိုက်တာမျိုး
၁၂။သမ်းဝေလိုက်တာမျိုး
၁၃။သူ့ကျော၊ ပခုံးပေါ်က အဖု၊ ဝက်ခြံတွေကို သွားဖဲ့ပေးနေတာမျိုး
၁၄။တစ်ဖက်လူက ညည်းလိုက်တဲ့အသံ၊ အော်မိလိုက်တာမျိုးကို ကိုယ်ကဟာသလုပ်ပြောဆို ရယ်လိုက်တာမျိုး
၁၅။selfie ဓာတ်ပုံရိုက်နေတာမျိုး
၁၆။အရင်ရည်းစားတွေ၊ ချစ်သူတွေနဲ့ နေတာထက် ခုနေရတာ ပိုကောင်းတယ်ဆိုပြီး ပြောဆိုတာမျိုး
၁၇။တကယ် ဖီးလ်မတက်ပဲနဲ့ ဟန်ဆောင်ညည်းတွားတာမျိုး
၁၈။ကိုယ့်အိမ်မွေးတိရိစ္ဆာန်ကို အခန်းထဲ ခေါ်သွင်းထားတာမျိုး
၁၉။စိတ်မဝင်စားသလို ရုပ်တည်ကြီးနဲ့ နေနေတာမျိုး
၂၀။အရင်လူတွေနဲ့ နေတာနဲ့ ကိုယ်နဲ့နေတာ ဘယ်ဟာပိုကောင်းသလဲဆိုပြီး မေးတာမျိုး
၂၁။ကိုယ့်ခန္ဓာကိုယ် မြင်မှာစိုးလို့ ဟိုကွယ်၊ ဒီကွယ် လုပ်နေတာမျိုး
၂၂။အတူနေနေချိန်အတွင်း ဗိုက်ဆာလာလို့ မုန့်ဖောက်စားတာမျိုး
၂၃။အလုပ်ကိစ္စ၊ အခြားအရေးကြီးကိစ္စကို အတူနေနေချိန်အတွင်း ထပြောလိုက်တာမျိုး
၂၄။ဆရာကြီးပုံစံနဲ့ ဟိုဟာမလုပ်ပဲ၊ ဒီဟာလုပ်သင့်တယ် ဆိုပြီး အကြံပေးတာမျိုး
၂၅။လမ်းခွဲမယ့်အကြောင်း ပြောဆိုတာမျိုး
ကဲ အိပ်ယာပေါ်မှာ ရှောင်သင့်တဲ့ စကားလုံးတွေ၊ အပြုအမူတွေကို အထူးသတိထားရှောင်ကြဉ်ပြီး သာယာဖွယ်ကောင်းတဲ့ အချိန်တွေကို ဖန်တီးကြည့်လိုက်ပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top