iMyanmarHouse.com - Best Property Website for Myanmar
×


ထောပတ်သီး


Almonds


ကန်စွန်းဥ


ဖရဲသီး


ဘလက်ဘယ်ရီသီး





ပို့သပေးပါတယ်။


Unicode Version

မင်္ဂလာဦးညနဲ့ ဟန်းနီးမွန်းကာလတွေမှာ ကျန်းမာနေစေဖို့ဟာ အရေးကြီးပါတယ်။ လှပတဲ့ နေ့ရက်တွေကို ချစ်သူနဲ့ အတူ အဓိပ္ပါယ်ရှိစွာ ဖြတ်ကျော်ဖို့ အတွက် ကျန်းမာပြီး လှပနေဖို့ လိုပါတယ်။ စိုးရိမ်တတ်တဲ့ စုံတွဲတွေ အတွက်လည်း စိတ်မပူရစေဖို့ အတွက် အစားအစာ ၅မျိုးကို မျှဝေချင်ပါတယ်။ ဒီ အစားအစာတွေဟာ သင်တို့ကို စိတ်ကျေနပ်မှု ရစေဖို့ အတွက် ကူညီပေးပါလိမ့်မယ်။

ထောပတ်သီး

ဗီတာမင် အီး၊ ပိုတက်ဆီယမ်၊ ဗီတာမင် b6 နဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်တဲ့ ထောပတ်သီးဟာ နှလုံးနဲ့ သွေးလည်ပတ် စီးဆင်းမှုကို အားပေးတဲ့ အသီးပါ။ ထောပတ်သီးကို အချိုမထည့်ဘဲ စားပေးရင် နှလုံးကျန်းမာရေးကို ကောင်းစေပြီး သက်လုံကောင်းစေပါမယ်။

Almonds

ဇင့်၊ ဆယ်လ်နီယမ်၊ ဗီတာမင် အီးတို့ ပါဝင်ပြီး အမျိုးသားတွေ အတွက် လိင်မှုဆက်ဆံရမှာ အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ သုတေသန ပညာရှင်အချို့က ထောက်ခံထားကြပါတယ်။

ကန်စွန်းဥ

ပိုတက်ဆီယမ်နဲ့ ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာ ဖြစ်ပါတယ်။ သွေးဖိအား တက်လာခြင်းကို တိုက်နိုင်ပြီး လိင်မှုဆိုင်ရာ အားကောင်းစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ အစားအစာပါ။

ဖရဲသီး

ဖရဲသီးဟာ အိပ်ယာမဝင်ခင် စားရမယ့် လျှို့ဝှက်ချက် အသီးပါ။ ကယ်လိုရီ ပါဝင်မှု နည်းပြီး သွေးကြောတွေကို အနားပေးစေနိုင်တဲ့ အသီးဖြစ်ကြောင်း Texas ပြည်နယ်က သုတေသနပညာရှင်တွေက ထုတ်ပြန်ထားပါတယ်။ လိင်စိတ်ကို နိုးဆွရာမှာ အကူအညီဖြစ်စေကြောင်းလည်း ပြောထားပါတယ်။

ဘလက်ဘယ်ရီသီး

ဘယ်ရီသီးတွေဟာ ကျန်းမာရေးအတွက် အကောင်းဆုံး အသီးတွေပါပဲ။ ဘယ်ရီသီးကို ဒိန်ချဉ်နဲ့ မနက်တိုင်းစားပေးရင် သင် အိပ်ယာပေါ်ရောက်ရင် သိလိမ့်မယ်ဆိုတဲ့ အဆို ရှိပါတယ်။ Dr Anna Maria ရေးသားတဲ့ လိင်မှုအတွက် လျှို့ဝှက်ချက် ၇ချက်မှာ ပြောထားပါတယ်။ အကောင်းဆုံးကတော့ ဘလက်ဘယ်ရီသီး ၁၀လုံးကို သင် အိပ်ယာမဝင်ခင် ၂နာရီလောက်မှာ စားပေးပါလို့ ဆိုပါတယ်။


Credit:mystylemyanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top