iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
တစ်ကမ္ဘာလုံးက လူတွေအားလုံး လက်သည်းဆိုးဆေးကို အန္တရာယ်ကင်းပစ္စည်းကဲ့သို့ မှတ်ယူသဘောထားကြပေမယ့် တကယ်တမ်း မဟုတ်မမှန်ပါဘူး။ ဘာကြောင့်လဲ။
လက်သည်းဆိုးဆေးက အရေပြားပေါ် တိုက်ရိုက်မဆိုးသည့်တိုင် အန္တရာယ်ရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ chemical ပစ္စည်းများစွာပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ အန္တရာယ်အများဆုံး အဆိပ်သင့်ပစ္စည်းတွေက Dibutyl phthalate၊ toluene နဲ့ formaldehyde တို့ဖြစ်ပါတယ်။ ဒီအဆိပ်အတောက် ၃ခုက "အဆိပ်အတောက်ကင်း" ဆိုတဲ့ လက်သည်းဆိုးဆေးတွေမှာတောင် ပါရှိတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်က အဆိပ်သင့်အရာဝတ္ထုပစ္စည်းထိန်းချုပ်ရေးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
Dibutyl phthalate က ကင်ဆာရောဂါဖြစ်ပွားတဲ့အကြောင်းအရင်းဖြစ်ပါတယ်။ မွေးကင်းသားယောကျ်ားတွေမှာ ရေရှည်မျိုးပွားမှုပြသနာဖြစ်စေတဲ့ အကြောင်းအရင်းလည်း ဖြစ်နိုင်ပါတယ်။ ဥရောပမှာ ပိတ်ပင်တားဆီးထားပေမယ့် ကမ္ဘာ့အနှံ့အပြားက ကုမ္ပဏီတွေ အသုံးပြုနေဆဲဖြစ်ပါတယ်။ အမေရိကမှာလည်း အသုံးပြုနေတုန်းပါပဲ။
Toluene က မွေးရာပါကိုယ်အင်္ဂါချို့ယွင်းမှု၊ အသည်းပျက်စီးမှု၊ ဖွံ့ဖြိုးမှုမူမမှန်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ခေါင်းကိုက်ဝေဒနာနဲ့ မအီမသာဖြစ်ခြင်း အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ အာရုံကြောအဖွဲ့အစည်းကို အလွယ်တကူပျက်စီးစေပါလိမ့်မယ်။ မျက်စိကန်းခြင်း၊ ရုတ်တရက်ဦးနှောက်ပျက်ခြင်းနဲ့ မှတ်ဉာဏ်ကျဆင်းမှုအထိတောင် ဖြစ်စေနိုင်ပါတယ်။ အီးယူကတော့ ဒီအဆိပ်အတောက်တွေကို ပိတ်ပင်ထားပါတယ်။
Formaldehyde က နှာခေါင်းနဲ့ အဆုတ်ကင်ဆာရောဂါဖြစ်ပွားခြင်း အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ သူက အငွေ့ပြန်တတ်ပြီး ရှူသွင်းမိနိုင်ပါတယ်။ ပြီးတော့ လည်ချောင်း၊ မျက်စိနဲ့ နှာခေါင်းယားယံမှုလည်း ဖြစ်စေနိုင်ပါတယ်။ဒီအဆိပ်အတောက်တို့ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ နည်းလမ်းကို ရွေးချယ်သင့်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top