iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးကတည္းက ႀကီးလာတဲ့အထိ သားသမီးေတြနဲ႔ အနီးကပ္ေနရင္း ျပဳစုဂရုစိုက္ေလ့ရွိတာ အေမေတြ ျဖစ္ေလ့့ရွိပါတယ္။ အေဖေတြက အိမ္ေထာင္ဦးစီးျဖစ္တဲ့အတြက္ စီးပြားရွာရတယ္။ လူမႈေရးကိစၥေတြနဲ႔ တျခားတာဝန္ေတြရွိတာေၾကာင့္ သားသမီးေတြနဲ႔ အေပၚ သံေယာဇဥ္၊ ေမေတၱာေတြ ရွိေပမယ့္လည္း အခ်ိန္ေပးၿပီး တရင္းတႏွီး မေနျဖစ္ၾကပါဘူး။ သားေယာက်္ားေလးေတြအတြက္ပဲ ဖခင္္က စံျပပုဂၢိဳလ္အျဖစ္ ရွိတာမဟုတ္ပါဘူး။ ဖခင္နဲ႔ အနီးကပ္ေနရတဲ့ သမီးမိန္းကေလးေတြက ႀကီးလာတဲ့အခါမွာ ကိုယ့္ကိုယ္ကို ပိုၿပီး ဂရုစိုက္ႏိုင္တယ္။ ကိုယ့္ဘဝကို ထိန္းေက်ာင္းႏိုင္တဲ့သူေတြ အျဖစ္ ႀကီးျပင္းေလ့ ရွိၾကပါတယ္။

ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ပတ္သတ္ၿပီး ယံုၾကည္မႈအျပည့္ရွိတယ္

ဖခင္နဲ႕နီးနီးကပ္ကပ္ေနၿပီး သူ႔ရဲ့ ရင္းႏွီးခ်စ္ခင္မႈ၊ ဂရုစိုက္မႈေတြ ရရွိေနတဲ့ သမီးေတြက သူတို႔ရဲ့ ခႏၶာကိုယ္ အခ်ိဳးအစားကို ပိုၿပီး ဂရုစိုက္ေလ့ရွိၾကၿပီး အစားအစာ စားေသာက္တဲ့အခါမွာလည္း က်န္းမာေရးနဲ႕ပိုသင့္ေတာ္တဲ့ အစားအစာေတြကို ေရြးခ်ယ္စားေသာက္တတ္ၾကပါတယ္။
သူတုိ႕ကိုယ္သူတုိ႔ ဘယ္လိုပံုစံပဲ ျဖစ္ေနေန ယံုၾကည္မႈအျပည့္ရွိေနတတ္တာ ေတြ႔ရပါတယ္။ ဖခင္ရဲ႕ဂရုစိုက္မႈ၊ အေလးေပးျခင္းကို ခံရတဲ့အတြက္ သူတို႔က မလွမပျဖစ္ေနရင္ေတာင္ ပတ္ဝန္းက်င္က ဘယ္လိုပဲ ကဲ့ရဲ့ေဝဖန္ပါေစ၊ ဒါေတြအေပၚ ထည့္သြင္းစဥ္းစားၿပီး ခံစားမေနတတ္ၾကပါဘူး။

လူမႈဆက္ဆံေရးေကာင္းၿပီး ဉာဏ္ရည္ထက္ျမက္တယ္

ငယ္ငယ္တုန္းက အေဖနဲ႔ တူတူေဆာ့ခြင့္ရတဲ့ ကေလးေတြက အရြယ္ေရာက္လာတဲ့အခါမွာ လူမႈဆက္ဆံေရးအပိုင္းမွာ ေကာင္းမြန္တာကို ေတြ႕ရပါတယ္။ ဘာေၾကာင့္ ဒီလို အဆင္ေျပတာလဲဆိုေတာ့ ဆန္႔က်င္ဘက္လိင္ကေပးတဲ့ စိတ္လႈပ္ရွားမႈေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ တစ္ခုခုကို လ်ွင္ျမန္စြာ တံု႕ျပန္တတ္ျခင္း၊ အႀကိမ္ႀကိမ္အခါခါ ရႈံးနိမ့္လည္း မလဲက်သြားေအာင္ ေတာင့္ခံႏိုင္ျခင္း စတဲ့ သည္းခံတတ္မႈအပိုင္းေတြမွာ ကေလးဘ၀ကတည္းက သင္ယူျပီးခဲ့လို႕ပဲ ျဖစ္ပါတယ္။

စိတ္ဓာတ္ခိုင္မာမႈအပိုင္းမွာ ဖခင္ရဲ့ အက်င့္စရုိက္ေတြကို ျမင္ေတြ႕ခဲ့ၿပီး အတုယူေလ့ရွိၾကပါတယ္။ ကေလးဘ၀တုန္းက ဖခင္နဲ႕အတူ စာဖတ္တာေတြ၊ ျပတုိက္ေတြအတူတူသြားတာေတြ၊ ဂိမ္းအတူတူေဆာ့တာေတြ လုပ္ခဲ့တဲ့ သမီးငယ္ေတြဟာ အသက္ (၁၁) ႏွစ္ေလာက္ကတည္းက သူမ်ားနဲ႕မတူတဲ့ ဉာဏ္ရည္ကို ရရွိေနၾကပါၿပီ။

ဖခင္နဲ႔ တူတူေဆာ့ကစားၿပီး သူ႕အရိပ္ေအာက္မွာ ႀကီးျပင္းရတဲ့ သမီးေတြက အရြယ္ေရာက္တဲ့အခါမွာ ဒီလို အခ်က္ေတြနဲ႔ ျပည့္စံုၿပီး စိတ္ဓာတ္ခြန္အားျပည့္ဝတဲ့ မိန္းမေကာင္းေလးေတြ ျဖစ္လာေစႏိုင္ပါတယ္။

 Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မွေးကတည်းက ကြီးလာတဲ့အထိ သားသမီးတွေနဲ့ အနီးကပ်နေရင်း ပြုစုဂရုစိုက်လေ့ရှိတာ အမေတွေ ဖြစ်လေ့ရှိပါတယ်။ အဖေတွေက အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် စီးပွားရှာရတယ်။ လူမှုရေးကိစ္စတွေနဲ့ တခြားတာဝန်တွေရှိတာကြောင့် သားသမီးတွေနဲ့ အပေါ် သံယောဇဉ်၊ မေတ္တောတွေ ရှိပေမယ့်လည်း အချိန်ပေးပြီး တရင်းတနှီး မနေဖြစ်ကြပါဘူး။ သားယောကျ်ားလေးတွေအတွက်ပဲ ဖခင်က စံပြပုဂ္ဂိုလ်အဖြစ် ရှိတာမဟုတ်ပါဘူး။ ဖခင်နဲ့ အနီးကပ်နေရတဲ့ သမီးမိန်းကလေးတွေက ကြီးလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်နိုင်တယ်။ ကိုယ့်ဘဝကို ထိန်းကျောင်းနိုင်တဲ့သူတွေ အဖြစ် ကြီးပြင်းလေ့ ရှိကြပါတယ်။

ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သတ်ပြီး ယုံကြည်မှုအပြည့်ရှိတယ်

ဖခင်နဲ့နီးနီးကပ်ကပ်နေပြီး သူ့ရဲ့ ရင်းနှီးချစ်ခင်မှု၊ ဂရုစိုက်မှုတွေ ရရှိနေတဲ့ သမီးတွေက သူတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုပြီး ဂရုစိုက်လေ့ရှိကြပြီး အစားအစာ စားသောက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ပိုသင့်တော်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်တတ်ကြပါတယ်။
သူတို့ကိုယ်သူတို့ ဘယ်လိုပုံစံပဲ ဖြစ်နေနေ ယုံကြည်မှုအပြည့်ရှိနေတတ်တာ တွေ့ရပါတယ်။ ဖခင်ရဲ့ဂရုစိုက်မှု၊ အလေးပေးခြင်းကို ခံရတဲ့အတွက် သူတို့က မလှမပဖြစ်နေရင်တောင် ပတ်ဝန်းကျင်က ဘယ်လိုပဲ ကဲ့ရဲ့ဝေဖန်ပါစေ၊ ဒါတွေအပေါ် ထည့်သွင်းစဉ်းစားပြီး ခံစားမနေတတ်ကြပါဘူး။

လူမှုဆက်ဆံရေးကောင်းပြီး ဉာဏ်ရည်ထက်မြက်တယ်

ငယ်ငယ်တုန်းက အဖေနဲ့ တူတူဆော့ခွင့်ရတဲ့ ကလေးတွေက အရွယ်ရောက်လာတဲ့အခါမှာ လူမှုဆက်ဆံရေးအပိုင်းမှာ ကောင်းမွန်တာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလို အဆင်ပြေတာလဲဆိုတော့ ဆန့်ကျင်ဘက်လိင်ကပေးတဲ့ စိတ်လှုပ်ရှားမှုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့အပြင် တစ်ခုခုကို လျှင်မြန်စွာ တုံ့ပြန်တတ်ခြင်း၊ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်လည်း မလဲကျသွားအောင် တောင့်ခံနိုင်ခြင်း စတဲ့ သည်းခံတတ်မှုအပိုင်းတွေမှာ ကလေးဘဝကတည်းက သင်ယူပြီးခဲ့လို့ပဲ ဖြစ်ပါတယ်။

စိတ်ဓာတ်ခိုင်မာမှုအပိုင်းမှာ ဖခင်ရဲ့ အကျင့်စရိုက်တွေကို မြင်တွေ့ခဲ့ပြီး အတုယူလေ့ရှိကြပါတယ်။ ကလေးဘဝတုန်းက ဖခင်နဲ့အတူ စာဖတ်တာတွေ၊ ပြတိုက်တွေအတူတူသွားတာတွေ၊ ဂိမ်းအတူတူဆော့တာတွေ လုပ်ခဲ့တဲ့ သမီးငယ်တွေဟာ အသက် (၁၁) နှစ်လောက်ကတည်းက သူများနဲ့မတူတဲ့ ဉာဏ်ရည်ကို ရရှိနေကြပါပြီ။

ဖခင်နဲ့ တူတူဆော့ကစားပြီး သူ့အရိပ်အောက်မှာ ကြီးပြင်းရတဲ့ သမီးတွေက အရွယ်ရောက်တဲ့အခါမှာ ဒီလို အချက်တွေနဲ့ ပြည့်စုံပြီး စိတ်ဓာတ်ခွန်အားပြည့်ဝတဲ့ မိန်းမကောင်းလေးတွေ ဖြစ်လာစေနိုင်ပါတယ်။


 Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top