iMyanmarHouse.com - Best Property Website for Myanmar
×





Credit : 7day daily



Unicode Version

SHINee အဖွဲ့မှ မင်ဟို နှင့် AOA အဖွဲ့မှ ဆိုယန်တို့သည် '2017 Global Peace Concert'ဂီတဖျော်ဖြေပွဲတွင် အဓိကအခမ်း အနားမှူးများအဖြစ် အတူတကွ ဆောင်ရွက်ခဲ့သည်။

'One K Concert Global Tour' ဂီတခရီးစဉ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သော '2017 Global Peace Concert' ဂီတဖျော်ဖြေပွဲ ကို မတ်လ ၂ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည်။

ထိုဂီတဖျော်ဖြေပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုရီးယားလူမျိုးများ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ကေပေါ့ပ်အနုပညာရှင်များက  စုပေါင်းပါဝင်လှုပ်ရှားကြ ကြောင်း Global Peace Foundation အဖွဲ့ အဆိုအရ သိရသည်။

ဂီတဖျော်ဖြေပွဲတွင် နာမည်ကျော် ကေပေါ့ပ်အဖွဲ့များဖြစ် သော SHINee ၊ AOA ၊BTOB ၊  CNBLUE နှင့် B1A4 တို့ ဖျော်ဖြေခဲ့သည်။

Credit : 7day daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top