iMyanmarHouse.com - Best Property Website for Myanmar
×

ကြံရည်က နွေရာသီအတွင်း သောက်သုံးသင့်တဲ့ ထိပ်တန်းသောက်ဖွယ်ထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နွေရာသီမှာ ကြံရည်သောက်ခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးက ခန္ဓာကိုယ်အေးမြစေခြင်းကစ နွေသီရာအတွင်း အကျိုးပြုသော အာဟာရဓာတ်အားလုံးတို့ကြောင့် ခန္ဓာကိုယ်ကို အားဖြစ်စေခြင်းအဆုံး စုံလင်ပါတယ်။  နွေရာသီက အရေပြားမှာ အမည်းစက်ဖြစ်ပေါ်တာကစ ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်မှုနဲ့ ရောဂါကူးစက်မှုအဆုံး စိတ်ကသိကအောင်ဖြစ်စရာတွေ ဖြစ်စေပါတယ်။ ကြံရည်လေးတစ်ခွက်သောက်ခြင်းစတဲ့ ရိုးရှင်းတဲ့အရာလေးတစ်ခုက ဒီပြသနာတွေနဲ့ ဝေးသွားစေနိုင်ပါတယ်။ ဒီအံ့ဖွယ်အကျိုးကျေးဇူးတွေကြောင့် ကြံရည်ဟာ သင့်ရဲ့အကြိုက်ဆုံးဖြစ်သွားပါလိမ့်မယ်။

၁။ ရေဓာတ်ဖြည့်တင်းပေးခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းက နွေရာသီအတွင်း တွေ့ကြုံရမယ့် အရေးကြီးဆုံးကျန်းမာရေးပြသနာဖြစ်ပါတယ်။ အာသာပြေစေဖို့ အကောင်းဆုံးရွေးချယ်စရာတွေအနက်တစ်ခုက ကြံရည်ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ရေဓာတ်ပြည့်တင်းသွားတာနဲ့ ကျန်းမာရေးပြသနာအများစု ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

၂။ အီလက်ထရိုလိုက်စ် ဖြည့်တင်းပေးခြင်း
ကြံရည်မှာ calcium၊ magnesium၊ potassium၊ iron နဲ့ manganese တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီအချက်က ချွေးကတဆင့် ဆုံးရှုံးသွားတဲ့ အီလက်ထရိုလိုက်စ်တွေ ပြန်လည်ဖြည့်တင်းစေနိုင်တဲ့ အကောင်းဆုံးသောက်ဖွယ်ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အီလက်ထရိုလိုက်စ်နဲ့ ရေဓာတ်မျှတအောင်လည်း ထိန်းသိမ်းပေးပါလိမ့်မယ်။

၃။ ပင်ပန်းနွမ်းနယ်မှု ပျောက်ကင်းစေခြင်း
နွေက လူကို နုံးစေတတ်ပါတယ်။ ကြံရည်တစ်ခွက်သောက်လိုက်ခြင်းဖြင့် သူ့မှာပါတဲ့ သဘာဝဂလူးကို့စ်ပမာဏမြင့်မားမှုကြောင့် အားအင်တွေမကျဆင်အောင် ထိန်းသိမ်းပေးပါလိမ့်မယ်။ ကြွက်သားလည်း အားကောင်းစေပြီး လန်းဆန်းတက်ကြွစေပါလိမ့်မယ်။

၎။ အသည်းကျန်းမာစေတယ်
ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်အဆိပ်အတောက်ရှင်းလင်းမှုက ကျန်းမာသန်စွမ်းတဲ့ အသည်းအကူအညီနဲ့မှ ဖြစ်နိုင်တာပါ။ အသည်းကျန်းမာအောင် ထိန်းသိမ်းဖို့အတွက် ကြံရည်က ကောင်းမွန်တဲ့ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ကြံရည်က အသည်းမပျက်စီးအောင် ကာကွယ်ပေးတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။

၅။ အစာခြေဖျက်မှု ပိုကောင်းစေတယ်
အထူးသဖြင့် နွေရာသီအတွင်း အစာမကြေပြသနာတွေရှိပါက ကြံရည်က အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ အဓိကအချက်ကတော့ potassium ပမာဏမြင့်မားစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် အစာအိမ်ရောဂါကူးဆက်မှုတို့လည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

၆။ ဆီးလမ်းကြောင်း ရောဂါကူးစက်မှုကာကွယ်ပေးခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းက ဆီးလမ်းကြောင်းရောဂါကူးစက်မှုအန္တရာယ် မြင့်တက်စေပါတယ်။ ကြံရည်သောက်ခြင်းက ဒီအန္တရာယ်ကနေ ကာကွယ်ဖို့ အကောင်းဆုံးနည်းပါပဲ။ ကြံရည်ရှိ သဘာဝ alkaline က ကောင်းမွန်တဲ့ ပိုးသတ်ဆေးတစ်ခု ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းရောဂါကူးစက်မှုကြောင်း နာကျင်ကိုက်ခဲမှုနဲ့ ပူစပ်မှုတို့လည်း သက်သာစေပါလိမ့်မယ်။

၇။ တခြားရောဂါကူးစက်မှုတွေ ကာကွယ်ပေးတယ်
နွေရာသီအတွင်း ရောဂါကူးမှုတွေဖြစ်မှာ စိတ်မပူပါနဲ့။ ရောဂါကူးစက်မှာ စိုးရိမ်မှုမရှိဘဲ သင့်နွေရာသီကို အပြင်မှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ။ သင်လုပ်ရမှာက အနည်းဆုံး တစ်ပတ် ကြံရည် ၃ကြိမ်သောက်ဖို့ပါပဲ။ အဲဒါက ကြံရည်ရဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတိုက်ဖျက်မှု အစွမ်းသတ္တိကြောင့် ရောဂါကူးစက်မှုအများစုနဲ့ ကင်းဝေးစေပါလိမ့်မယ်။

Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top