iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူမဆို ရည္းစားထားၿပီဆိုတာနဲ႔ အခ်စ္ေရးမွာ သာသာယာယာရွိခ်င္ၾကတာခ်ည္းပါပဲ။ တစ္ခ်ိန္လံုး ရန္ျဖစ္ေနရတာ၊ သ၀န္တိုေနရတာ၊ ကိုယ့္ခ်စ္သူအတြက္ စိတ္ေမာေနရတာမ်ိဳးေတြကို ဘယ္အတြဲကမွ လိုခ်င္မွာ မဟုတ္ဘူးေနာ္။ ဒါ့ေၾကာင့္ ရည္းစားမထားခင္ သိထားသင့္တဲ့ အခ်က္ေလးေတြ သိထားမယ္ဆိုရင္ ဘယ္လိုေလးဆိုကိုယ့္ကို အထင္မေသးဘူး၊ ဘယ္အခ်က္ေတြဆို ဒီလိုလူမ်ိဳးကို ေရွာင္ရမယ္ စသျဖင့္ အဆင္ေျပႏိုင္မွာေလ။ ၿပီးေတာ့ ဒီအခ်က္ေတြထဲက တစ္ခ်က္ခ်က္ေၾကာင့္လည္း သင့္ရဲ႕အခ်စ္ေရးကို ပိုမိုအဆင္ေျပေခ်ာေမြ႕ေစဖုိ႔ ကူညီေပးဖြယ္ ရွိေနေသးတာေၾကာင့္ ေဖာ္ျပေပးလုိက္တယ္ေနာ္။

၁။စိတ္ထဲရွိသမွ်ကို ေဖ့စ္ဘြတ္ခ္လိုေနရာမ်ိဳးမွာ ခ်မေရးမိပါေစနဲ႔။

ကိုယ္က သူငယ္ခ်င္းေတြနဲ႔ အျပန္အလွန္ စိတ္ထဲရွိရာ စေတးတပ္စ္မ်ိဳးေတြတင္ၿပီး ေဖ့စ္ဘြတ္ခ္မွာ ေဟးလား၀ါးလားလုပ္ေနတာထက္စာရင္ တစ္ခါတစ္ေလ ဘာမွမတင္ပဲ ေအးေဆးေဆးေဆးေလး ေနလိုက္တာက ပိုမိုက္ပါတယ္။ တစ္ဖက္က ကိုယ့္ကိုေစာင့္ၾကည့္ေနတဲ့သူလည္း သူဘာလုိ႔ခုလို ၿငိမ္သြားတာလည္းဆုိၿပီး ပိုမိုသိခ်င္စိတ္ေတြ ျပင္းျပလာပါလိမ့္မယ္။ ဒါဟာ သူကိုယ့္ေဘးနားကို ပိုမို လွ်င္ျမန္စြာ ေရာက္လာေစမယ့္ နည္းလမ္းလည္း ျဖစ္ပါတယ္။

၂။ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈရွိပါ။

တစ္ခ်ိန္လံုးနီးပါး မေျပာရဲ၊ မဆိုရဲ ရွက္ေၾကာက္ေနျခင္းမ်ိဳးဟာ အလုပ္မျဖစ္တတ္ပါဘူး။ တစ္ခါတစ္ေလ ဒီလိုရွက္ေၾကာက္ေနျခင္းမ်ိဳးက ခ်စ္ရသူကိုပါ လက္လြတ္ဆံုးရံႈးရတတ္ပါတယ္။ ဒါ့ေၾကာင့္ အလြန္အကၽြံ မဟုတ္ရင္ေတာင္ ကိုယ္သေဘာက်ေနတဲ့သူကို တစ္ခါေလာက္ စကားစေျပာဖုိ႔ မတြန္႔ဆုတ္ပါနဲ႔။ ကိုယ့္ကိုယ္ကို ငါလုပ္ႏိုင္တယ္လို႔ ယံုၾကည္လိုက္ပါ။

၃။ေပြရႈပ္သူေတြနဲ႔ ဒိတ္မလုပ္ပါနဲ႕။

ကိုယ္စိတ္၀င္စားေနတဲ့သူက ငေပြငရႈပ္ဆုိရင္ေတာ့ သူ႔ကိုဆက္ၿပီး စိတ္မ၀င္စားမိဖို႔ အႀကံေပးပါရေစ။ သူတုိ႔နဲ႔ကိုယ္ ရည္းစားျဖစ္သြားရင္ေတာင္ တစ္ခ်ိန္လံုး သူတုိ႔အတြက္ စိတ္ပူေနရတာ၊ သ၀န္တိုေနရတာမ်ိဳးနဲ႔ တင္ ေပ်ာ္ရႊင္မႈဆုိတာ မရႏိုင္ပါဘူး။

၄။အဆင္ေျပေျပ ေပ်ာ္ေပ်ာ္ရႊင္ရြင္ေလး ေနထုိင္ပါ။

ကိုယ္က ေပြရႈပ္တဲ့သူ မဟုတ္ေပမယ့္ ကိုယ္နဲ႔ရည္းစားျဖစ္ခဲ့တဲ့သူေတြက ကိုယ္နဲ႔အဆင္မေျပတဲ့ ငေၾကာင္ေတြခ်ည္းပဲ ဆုိရင္လည္း ကိုယ့္ဘာသာကိုယ္ တစ္ေယာက္တည္း ေအးေအးေဆးေဆးေလး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္ပါ။ ဒီအတြက္ စိတ္ဓာတ္က်ၿပီး လုပ္ခ်င္ရာေလွ်ာက္လုပ္စရာလည္း မလုိပါဘူး။ ကိုယ္နဲ႔ သင့္ေတာ္တ့ဲ လူေကာင္းတစ္ေယာက္ကေတာ့ ကိုယ့္ေရွ႕ေရာက္လာဦးမွာပဲေလ။

၅။ရည္းစားေဟာင္းေတြနဲ႔ ျပန္မဆက္သြယ္ပါနဲ႔။

သူတို႔ကို စိတ္ျပတ္ၿပီဆုိရင္ ဘာလုိ႔မ်ား သူတုိ႔နဲ႔ဆက္သြယ္ေနမွာလဲ။ သူငယ္ခ်င္းအေနနဲ႔ ျပန္ဆက္သြယ္ ေနတယ္ဆုိရင္ေတာင္ ဒါဟာ အာရံုေနာက္စရာေကာင္းတယ္ေလ။ ကိုယ့္ကို စိတ္၀င္စားေနတဲ့သူ ရွိရင္ေတာင္မွ ေရွ႕ဆက္မတိုးရဲ ျဖစ္ေနပါလိမ့္မယ္။

၆။သူငယ္ခ်င္းေတြကို အကူအညီေတာင္းပါ။

ကိုယ့္ကို လိုက္ေနတဲ့သူက ဘယ္လိုလူမ်ိဳးလဲဆိုတာ သိခ်င္ရင္ သူငယ္ခ်င္းေတြကို စံုစမ္းေပးဖို႔ အကူအညီေတာင္းပါ။ ေယာက်ၤားေလး သူငယ္ခ်င္းရွိရင္ သူတုိ႔က ကိုယ့္ကိုလုိက္ေနတဲ့ ေကာင္ေလးက ဘယ္လိုဆိုတာ ကိုယ့္ကို ျပန္ေျပာႏိုင္ပါတယ္။ သူတုိ႔က ေယာက်ၤားေလးအခ်င္းခ်င္း ပိုျမင္တတ္တာကိုလည္း ေမ့ထားလို႔ မရဘူးေလ။


Credit:seventeen.com

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ဘယ်သူမဆို ရည်းစားထားပြီဆိုတာနဲ့ အချစ်ရေးမှာ သာသာယာယာရှိချင်ကြတာချည်းပါပဲ။ တစ်ချိန်လုံး ရန်ဖြစ်နေရတာ၊ သဝန်တိုနေရတာ၊ ကိုယ့်ချစ်သူအတွက် စိတ်မောနေရတာမျိုးတွေကို ဘယ်အတွဲကမှ လိုချင်မှာ မဟုတ်ဘူးနော်။ ဒါ့ကြောင့် ရည်းစားမထားခင် သိထားသင့်တဲ့ အချက်လေးတွေ သိထားမယ်ဆိုရင် ဘယ်လိုလေးဆိုကိုယ့်ကို အထင်မသေးဘူး၊ ဘယ်အချက်တွေဆို ဒီလိုလူမျိုးကို ရှောင်ရမယ် စသဖြင့် အဆင်ပြေနိုင်မှာလေ။ ပြီးတော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်လည်း သင့်ရဲ့အချစ်ရေးကို ပိုမိုအဆင်ပြေချောမွေ့စေဖို့ ကူညီပေးဖွယ် ရှိနေသေးတာကြောင့် ဖော်ပြပေးလိုက်တယ်နော်။ ၁။စိတ်ထဲရှိသမျှကို ဖေ့စ်ဘွတ်ခ်လိုနေရာမျိုးမှာ ချမရေးမိပါစေနဲ့။ ကိုယ်က သူငယ်ချင်းတွေနဲ့ အပြန်အလှန် စိတ်ထဲရှိရာ စတေးတပ်စ်မျိုးတွေတင်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဟေးလားဝါးလားလုပ်နေတာထက်စာရင် တစ်ခါတစ်လေ ဘာမှမတင်ပဲ အေးဆေးဆေးဆေးလေး နေလိုက်တာက ပိုမိုက်ပါတယ်။ တစ်ဖက်က ကိုယ့်ကိုစောင့်ကြည့်နေတဲ့သူလည်း သူဘာလို့ခုလို ငြိမ်သွားတာလည်းဆိုပြီး ပိုမိုသိချင်စိတ်တွေ ပြင်းပြလာပါလိမ့်မယ်။ ဒါဟာ သူကိုယ့်ဘေးနားကို ပိုမို လျှင်မြန်စွာ ရောက်လာစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ ၂။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ တစ်ချိန်လုံးနီးပါး မပြောရဲ၊ မဆိုရဲ ရှက်ကြောက်နေခြင်းမျိုးဟာ အလုပ်မဖြစ်တတ်ပါဘူး။ တစ်ခါတစ်လေ ဒီလိုရှက်ကြောက်နေခြင်းမျိုးက ချစ်ရသူကိုပါ လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။ ဒါ့ကြောင့် အလွန်အကျွံ မဟုတ်ရင်တောင် ကိုယ်သဘောကျနေတဲ့သူကို တစ်ခါလောက် စကားစပြောဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ကိုယ်ကို ငါလုပ်နိုင်တယ်လို့ ယုံကြည်လိုက်ပါ။ ၃။ပွေရှုပ်သူတွေနဲ့ ဒိတ်မလုပ်ပါနဲ့။ ကိုယ်စိတ်ဝင်စားနေတဲ့သူက ငပွေငရှုပ်ဆိုရင်တော့ သူ့ကိုဆက်ပြီး စိတ်မဝင်စားမိဖို့ အကြံပေးပါရစေ။ သူတို့နဲ့ကိုယ် ရည်းစားဖြစ်သွားရင်တောင် တစ်ချိန်လုံး သူတို့အတွက် စိတ်ပူနေရတာ၊ သဝန်တိုနေရတာမျိုးနဲ့ တင် ပျော်ရွှင်မှုဆိုတာ မရနိုင်ပါဘူး။ ၄။အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွင်လေး နေထိုင်ပါ။ ကိုယ်က ပွေရှုပ်တဲ့သူ မဟုတ်ပေမယ့် ကိုယ်နဲ့ရည်းစားဖြစ်ခဲ့တဲ့သူတွေက ကိုယ်နဲ့အဆင်မပြေတဲ့ ငကြောင်တွေချည်းပဲ ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း အေးအေးဆေးဆေးလေး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ ဒီအတွက် စိတ်ဓာတ်ကျပြီး လုပ်ချင်ရာလျှောက်လုပ်စရာလည်း မလိုပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ လူကောင်းတစ်ယောက်ကတော့ ကိုယ့်ရှေ့ရောက်လာဦးမှာပဲလေ။ ၅။ရည်းစားဟောင်းတွေနဲ့ ပြန်မဆက်သွယ်ပါနဲ့။ သူတို့ကို စိတ်ပြတ်ပြီဆိုရင် ဘာလို့များ သူတို့နဲ့ဆက်သွယ်နေမှာလဲ။ သူငယ်ချင်းအနေနဲ့ ပြန်ဆက်သွယ် နေတယ်ဆိုရင်တောင် ဒါဟာ အာရုံနောက်စရာကောင်းတယ်လေ။ ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူ ရှိရင်တောင်မှ ရှေ့ဆက်မတိုးရဲ ဖြစ်နေပါလိမ့်မယ်။ ၆။သူငယ်ချင်းတွေကို အကူအညီတောင်းပါ။ ကိုယ့်ကို လိုက်နေတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ သိချင်ရင် သူငယ်ချင်းတွေကို စုံစမ်းပေးဖို့ အကူအညီတောင်းပါ။ ယောကျၤားလေး သူငယ်ချင်းရှိရင် သူတို့က ကိုယ့်ကိုလိုက်နေတဲ့ ကောင်လေးက ဘယ်လိုဆိုတာ ကိုယ့်ကို ပြန်ပြောနိုင်ပါတယ်။ သူတို့က ယောကျၤားလေးအချင်းချင်း ပိုမြင်တတ်တာကိုလည်း မေ့ထားလို့ မရဘူးလေ။

Credit:seventeen.com

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top