အသားအေရကို နုပ်ဳိၾကည္လင္ေစခ်င္တယ္ဆိုရင္ အေျခခံအသား
အေရထိန္းသိမ္းနည္းေတြကို လိုက္နာသင့္ပါတယ္။ အဲဒါေတြကေတာ့ေနေရာင္ျခည္ကို
တတ္နိုင္သမွ်ေရွာင္ပါ၊ ေနကာခရင္မ္လိမ္းပါ၊ ေဆး လိပ္ မေသာက္ပါနဲ႔၊
အစိုဓာတ္ထိန္း ခရင္မ္လိမ္းပါ..စတဲ့ နည္းေတြပဲျဖစ္ပါတယ္။
ဒီအေျခခံနည္းလမ္းေတြအျပင္ အေရးေၾကာင္းေလ်ာ့ပါးေစဖို႔ ေအာက္ပါနည္းေတြကိုလိုက္နာဖို႔ လိုပါတယ္။
(၁) ပက္လက္အိပ္ပါ
ေမွာက္အိပ္တာ၊ ေဘးေစာင္းအိပ္တာေတြေၾကာင့္ ပါးျပင္၊ နားထင္ေနရာေတြမွာ အိပ္တဲ့ အေရးေၾကာင္း
ေတြ ေပၚတတ္ပါတယ္။ ေမွာက္အိပ္ရင္ နဖူးေပၚမွာ အေရးေၾကာင္းထင္တတ္ပါတယ္။ ဒါေၾကာင့္ အေရး
ေၾကာင္းသစ္ေတြကို ေလွ်ာ့ခ်နိုင္ဖို႔ ပက္လက္အိပ္သင့္ပါတယ္။
(၂) ဆယ္လ္မြန္ငါးကဲ့သို႔ ငါးမ်ားမ်ားစားပါ
ဆယ္လ္မြန္ငါးက
ပရိုတင္းဓာတ္မ်ားမ်ားပါတဲ့ အစာျဖစ္ျပီး အေရျပားတင္းရင္းေအာင္
တည္ေဆာက္မႈမွာ အေရးပါတဲ့ ဓာတ္ပါ။ အေၾကာင္းကေတာ့ အိုမီဂါ ၃
ဖက္တီးအက္စစ္ပါတဲ့အတြက္ အသားအေရကို အားျဖည့္ေပးျပီး
ျပည့္တင္းနုပ်ဳိေစတာေၾကာင့္ပါ။
(၃) မ်က္ေမွာင္မၾကဳတ္ပါနွင့္၊ လိုအပ္လွ်င္စာၾကည့္မ်က္မွန္တပ္ပါ
မ်က္ေမွာင္ၾကဳတ္တာလို
မ်က္နွာၾကြက္သားေတြကို အလြန္အမင္း အလုပ္လုပ္ရတဲ့ နည္းဟာ အေရျပားမွာ
အေရးေၾကာင္းနက္နက္ ထင္ေစပါတယ္။ တျဖည္းျဖည္းနဲ႔ မေပ်ာက္ေတာ့တဲ့
အေရးေၾကာင္းထင္းထင္းၾကီးေတြ ျဖစ္လာပါေတာ့တယ္။ ဒီလို မျဖစ္ေစဖို႔
လိုအပ္ရင္မ်က္မွန္တပ္ပါ။ အျပင္ထြက္တဲ့အခါ ေနကာမ်က္မွန္ တပ္ဆင္ရင္
မ်က္ဝန္းတစ္ဝိုက္ အေရျပားကို ခရမ္းလြန္ေရာင္ျခည္ေၾကာင့္
ထိခိုက္မႈမျဖစ္ေစဖို႔နဲ႔ မ်က္ေမွာင္ မၾကဳတ္မိေစဖို႔ ကာကြယ္နိုင္ပါတယ္။
(၄) AHAs ပါေသာ ခရင္မ္ လိမ္းပါ
AHAs
ဆိုတဲ့ သဘာဝအက္စစ္ဟာ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးျပီး
ေခြ်းေပါက္က်ယ္တာ၊ အေရးေၾကာင္း ပါးပါးထင္တာနဲ႔ အေပၚယံအေရးေၾကာင္း
ျဖစ္တာတို႔ကို ေလ်ာ့ပါးေစပါတယ္။ အထူးသျဖင့္
မ်က္ဝန္းတစ္ဝိုက္အေရးေၾကာင္းေတြကို ေလ်ာ့ပါးေစပါတယ္။ AHAs က အေရျပားမွ
ေကာ္လာဂ်င္ထြက္ ရိွမႈကို အားေကာင္းေစပါတယ္။ AHAs က ေနေရာင္ျခည္ထိေတြ႔ရင္
ဓာတ္မတည့္မႈ ျဖစ္နိုင္တာေၾကာင့္ေန ကာခရင္မ္ကို ပံုမွန္လိမ္းပါ။
(၅) မ်က္နွာကို အလြန္အမင္း မသန္႔စင္ပါနွင့္
ဘံုပိုင္ေရက
အေရျပားအစိုဓာတ္နဲ႔ သဘာဝအဆီဓာတ္ကို မခမ္းေျခာက္ေစတဲ့အတြက္
အေရးေၾကာင္းမျဖစ္ေအာင္ ကာကြယ္နိုင္ပါတယ္။ မ်က္နွာကိုသန္႔စင္လြန္းတာမ်ဳိးကို
ေရွာင္ပါ။
(၆) ဗီတာမင္စီကို လိမ္းပါ
ေလ့လာမႈတခ်ဳိ႕အရ
ဗီတာမင္စီပါတဲ့ ခရင္မ္ေတြဟာ ေကာ္လာဂ်င္ထုတ္လုပ္မႈကို အားေကာင္းေစျပီး ခရမ္း
လြန္ေရာင္ျခည္ေအနဲ႔ ဘီေၾကာင့္ အေရျပားထိခိုက္မႈ မျဖစ္ေအာင္
ကာကြယ္ေပးနိုင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဗီတာမင္စီပါတဲ့
ခရင္မ္လိမ္းတာေၾကာင့္ အမည္းစက္ေတြကို ေလ်ာ့ပါးေစျပီး အသားေရာင္မညီ ညာမႈကို
သက္သာေစကာ အေရျပားနီျမန္းမႈကို ေလ်ာ့က်ေစနိုင္ပါတယ္။
(၇) ပဲပိစပ္ကို သံုးပါ
ပဲပိစပ္က
အေရျပားကို ၾကည္လင္တင္းရင္းေစပါတယ္။ ေလ့လာမႈေတြအရ ပဲပိစပ္ (Soy) နဲ႔
ျပဳလုပ္ထားတဲ့ မိတ္ကပ္ကို လိမ္းတာ ဒါမွမဟုတ္ ပဲပိစပ္ျဖည့္စြက္ေဆးကို
မီွဝဲတာေၾကာင့္ အေရျပားထိခိုက္မႈကို ျမန္ျမန္ အနာက်က္လြယ္ေစသလို အသားအေရကို
အျပစ္အနာအဆာ
ကင္းေအာင္ ကာကြယ္နိုင္တယ္လို႔ သိရပါ တယ္။ ပဲပိစပ္ဟာ အသားအေရတည္ေဆာက္ပံုနဲ႔ တင္းရင္းမႈကို အားေကာင္းေစပါတယ္။
(၈) ကိုကိုးေဖ်ာ္ရည္ေသာက္ပါ
ေလ့လာမႈတစ္ရပ္အရ
အက္ပီကတ္တီခ်င္နဲ႔ ကတ္တီခ်င္တို႔လို အင္တီေအာက္ဆီးဒင့္ နွစ္မ်ဳိး
မ်ားမ်ားပါတဲ့ ကိုကိုးဟာအေရျပားကို ေနေရာင္ျခည္ေၾကာင့္ ထိခိုက္မႈ
မျဖစ္ေအာင္ ကာကြယ္ေပးျပီး အေရျပားဆဲလ္ေတြ ဆီ ေသြးစီးဆင္းမႈ
ေကာင္းမြန္ေစဖို႔၊ ေရဓာတ္ျပည့္ဝေစဖို႔၊ အေရျပားေခ်ာေမြ႕ၾကည္
လင္ေစဖို႔ ကူညီေပးပါ တယ္။
Credit:ဇြန္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အသားအရေကို နုပျိုကြည်လင်စေချင်တယ်ဆိုရင် အခြေခံအသား အရေထိန်းသိမ်းနည်းတွေကို လိုက်နာသင့်ပါတယ်။ အဲဒါတွေကတော့နေရောင်ခြည်ကို တတ်နိုင်သမျှရှောင်ပါ၊ နေကာခရင်မ်လိမ်းပါ၊ ဆေး လိပ် မသောက်ပါနဲ့၊ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ..စတဲ့ နည်းတွေပဲဖြစ်ပါတယ်။
ဒီအခြေခံနည်းလမ်းတွေအပြင် အရေးကြောင်းလျော့ပါးစေဖို့ အောက်ပါနည်းတွေကိုလိုက်နာဖို့ လိုပါတယ်။
(၁) ပက်လက်အိပ်ပါ
မှောက်အိပ်တာ၊ ဘေးစောင်းအိပ်တာတွေကြောင့် ပါးပြင်၊ နားထင်နေရာတွေမှာ အိပ်တဲ့ အရေးကြောင်း
တွေ ပေါ်တတ်ပါတယ်။ မှောက်အိပ်ရင် နဖူးပေါ်မှာ အရေးကြောင်းထင်တတ်ပါတယ်။ ဒါကြောင့် အရေး
ကြောင်းသစ်တွေကို လျှော့ချနိုင်ဖို့ ပက်လက်အိပ်သင့်ပါတယ်။
(၂) ဆယ်လ်မွန်ငါးကဲ့သို့ ငါးများများစားပါ
ဆယ်လ်မွန်ငါးက ပရိုတင်းဓာတ်များများပါတဲ့ အစာဖြစ်ပြီး အရေပြားတင်းရင်းအောင် တည်ဆောက်မှုမှာ အရေးပါတဲ့ ဓာတ်ပါ။ အကြောင်းကတော့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့အတွက် အသားအရေကို အားဖြည့်ပေးပြီး ပြည့်တင်းနုပျိုစေတာကြောင့်ပါ။
(၃) မျက်မှောင်မကြုတ်ပါနှင့်၊ လိုအပ်လျှင်စာကြည့်မျက်မှန်တပ်ပါ
မျက်မှောင်ကြုတ်တာလို မျက်နှာကြွက်သားတွေကို အလွန်အမင်း အလုပ်လုပ်ရတဲ့ နည်းဟာ အရေပြားမှာ အရေးကြောင်းနက်နက် ထင်စေပါတယ်။ တဖြည်းဖြည်းနဲ့ မပျောက်တော့တဲ့ အရေးကြောင်းထင်းထင်းကြီးတွေ ဖြစ်လာပါတော့တယ်။ ဒီလို မဖြစ်စေဖို့ လိုအပ်ရင်မျက်မှန်တပ်ပါ။ အပြင်ထွက်တဲ့အခါ နေကာမျက်မှန် တပ်ဆင်ရင် မျက်ဝန်းတစ်ဝိုက် အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်စေဖို့နဲ့ မျက်မှောင် မကြုတ်မိစေဖို့ ကာကွယ်နိုင်ပါတယ်။
(၄) AHAs ပါသော ခရင်မ် လိမ်းပါ
AHAs ဆိုတဲ့ သဘာဝအက်စစ်ဟာ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ကျယ်တာ၊ အရေးကြောင်း ပါးပါးထင်တာနဲ့ အပေါ်ယံအရေးကြောင်း ဖြစ်တာတို့ကို လျော့ပါးစေပါတယ်။ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ AHAs က အရေပြားမှ ကော်လာဂျင်ထွက် ရှိမှုကို အားကောင်းစေပါတယ်။ AHAs က နေရောင်ခြည်ထိတွေ့ရင် ဓာတ်မတည့်မှု ဖြစ်နိုင်တာကြောင့်နေ ကာခရင်မ်ကို ပုံမှန်လိမ်းပါ။
(၅) မျက်နှာကို အလွန်အမင်း မသန့်စင်ပါနှင့်
ဘုံပိုင်ရေက အရေပြားအစိုဓာတ်နဲ့ သဘာဝအဆီဓာတ်ကို မခမ်းခြောက်စေတဲ့အတွက် အရေးကြောင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မျက်နှာကိုသန့်စင်လွန်းတာမျိုးကို ရှောင်ပါ။
(၆) ဗီတာမင်စီကို လိမ်းပါ
လေ့လာမှုတချို့အရ ဗီတာမင်စီပါတဲ့ ခရင်မ်တွေဟာ ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေပြီး ခရမ်း လွန်ရောင်ခြည်အေနဲ့ ဘီကြောင့် အရေပြားထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗီတာမင်စီပါတဲ့ ခရင်မ်လိမ်းတာကြောင့် အမည်းစက်တွေကို လျော့ပါးစေပြီး အသားရောင်မညီ ညာမှုကို သက်သာစေကာ အရေပြားနီမြန်းမှုကို လျော့ကျစေနိုင်ပါတယ်။
(၇) ပဲပိစပ်ကို သုံးပါ
ပဲပိစပ်က အရေပြားကို ကြည်လင်တင်းရင်းစေပါတယ်။ လေ့လာမှုတွေအရ ပဲပိစပ် (Soy) နဲ့ ပြုလုပ်ထားတဲ့ မိတ်ကပ်ကို လိမ်းတာ ဒါမှမဟုတ် ပဲပိစပ်ဖြည့်စွက်ဆေးကို မှီဝဲတာကြောင့် အရေပြားထိခိုက်မှုကို မြန်မြန် အနာကျက်လွယ်စေသလို အသားအရေကို အပြစ်အနာအဆာ
ကင်းအောင် ကာကွယ်နိုင်တယ်လို့ သိရပါ တယ်။ ပဲပိစပ်ဟာ အသားအရေတည်ဆောက်ပုံနဲ့ တင်းရင်းမှုကို အားကောင်းစေပါတယ်။
(၈) ကိုကိုးဖျော်ရည်သောက်ပါ
လေ့လာမှုတစ်ရပ်အရ အက်ပီကတ်တီချင်နဲ့ ကတ်တီချင်တို့လို အင်တီအောက်ဆီးဒင့် နှစ်မျိုး များများပါတဲ့ ကိုကိုးဟာအရေပြားကို နေရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး အရေပြားဆဲလ်တွေ ဆီ သွေးစီးဆင်းမှု ကောင်းမွန်စေဖို့၊ ရေဓာတ်ပြည့်ဝစေဖို့၊ အရေပြားချောမွေ့ကြည်
လင်စေဖို့ ကူညီပေးပါ တယ်။
Credit:ဇွန်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အေရးေၾကာင္းေလ်ာ့ပါးေစမည့္ အံ့ဖြယ္နည္းမ်ား ...!
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။