iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ေလ တြဲတာ သိပ္မၾကာေသးေပမယ့္ တစ္ဦးနဲ႕တစ္ဦး တကယ္ကိုခ်စ္ခင္စံုမက္လို႕ ႏွစ္ဦးသားအတူ တစ္အိမ္တည္းမွာ အတူေနၾကဖုိ႕ အလ်င္စလိုဆံုးျဖတ္တတ္ၾကတဲ့ စံုတြဲေတြရွိပါတယ္။ တကယ္လုိ႕မ်ား သင္ဟာ အဲ့ဒီလို ဆံုးျဖတ္ခ်က္ခ်ဖုိ႕ ဘယ္အခ်က္ေတြ အေရးတၾကီးစဥ္းစားရမွန္း မသိဘူးျဖစ္ေနတယ္ဆုိရင္ ခုေျပာျပမယ့္ အခ်က္ေတြကို အရင္ဆံုး ဖတ္ၾကည့္ျပီးမွ သင္အဆင္သင့္ျဖစ္ျပီလားဆိုတာ သင့္ကိုယ္သင္ေမးၾကည့္လိုက္ပါ။

၁။သင္တုိ႕ႏွစ္ေယာက္ ျပသနာအၾကီးအက်ယ္ မျဖစ္ဖူးေသးဘူး။
သင္တုိ႕ခ်င္း ဘယ္ေလာက္ပဲ ခ်စ္ျမတ္ႏိုးၾကပါေစ၊ ႏွစ္ဦးသား သေဘာထားကြဲလြဲတာမ်ိဳး မၾကံဳဖူးဘူး။ ျပသနာတက္ ရန္ျဖစ္တာမ်ိဳးေတြ မၾကံဳေသးဘူးဆုိရင္ ဒါဟာ တစ္ခုခုမွားေနလုိ႕ပါ။ ဘယ္ေလာက္အဆင္ေျပခ်စ္ၾကတဲ့ စံုတြဲေတြျဖစ္ပါေစ၊ တစ္ၾကိမ္တစ္ခါေတာ့ ၾကီးၾကီးက်ယ္က်ယ္ ျပသနာတက္ၾကဖူးပါတယ္။ အဲ့ဒီလိုျပသနာတက္မွပဲ သင္တုိ႕ႏွစ္ဦးဟာ တစ္ေယာက္ အေၾကာင္းတစ္ေယာက္ပိုသိလာျပီး တစ္ေယာက္စိတ္သေဘာထားဘယ္လုိရွိတယ္၊ သူကေတာ့ ဘာေတြကို သေဘာက်ျပီး၊ ဘယ္လိုအရာေတြကိုျဖင့္ မၾကိဳက္ဘူး ဆုိတာမ်ိဳးေတြ သိေနမွာျဖစ္ပါတယ္။ အတူေနေတာ့မွ အဲ့ဒီလိုျပသနာမ်ိဳး ေတြၾကံဳလာရင္ ေရွ႕ဆက္ရမလို၊ အိမ္ျပန္ခြဲျပီးေတာ့ပဲ ေနရမလို ျဖစ္သြားပါလိမ့္မယ္။

၂။ သင့္မ်က္ႏွာမွာ မိတ္ကပ္မလိမ္းထားပဲ သူနဲ႕တစ္ခါမွ မေတြ႕ဖူးဘူး။
သင့္ခ်စ္သူေကာင္ေလးက သင့္ကို မ်က္ႏွာေျပာင္နဲ႕ ဘယ္ႏွစ္ခါ အျပင္မွာ ျမင္ဖူးပါသလဲ။ သင္ကေရာ သူနဲ႕ေတြ႕ဆံုခ်ိန္တုိင္း မိတ္ကပ္မလိမ္းထားရင္ကို ကိုယ့္ကိုကိုယ္ ယံုၾကည္မႈမရွိသလို ျဖစ္ေနတတ္သလား ဆုိတာ ထည့္စဥ္းစားပါဦး။
၃။ သင့္အၾကိဳက္၊ သေဘာထားေတြကို သူ႕ကိုေသခ်ာမေျပာျဖစ္ေသးဘူး။
သူက ေခြးေမြးရတာၾကိဳက္တယ္၊ သင္က တိရိစၦာန္ေတြ မခ်စ္တတ္ဘူး။ ဒါ့အျပင္ သင္က တစ္အိမ္လံုးသန္႕ရွင္းေနမွသာ အိပ္ယာ၀င္တတ္ျပီး သူကေတာ့ ရႈပ္ပြေနတာေတြ မရွင္းခ်င္တဲ့သူမ်ိဳး ျဖစ္တယ္ဆုိရင္ သင္တုိ႕အတူမေနခင္ ေသခ်ာစဥ္းစားဆံုးျဖတ္ဖုိ႕ လိုပါျပီ။

၄။အိမ္ငွားခ၊ မီတာခ စတာေတြ အတူက်ခံဖုိ႕ ေဆြးေႏြးျပီးျပီလား။
အိမ္ငွားခကို အတူက်ခံၾကမွာလား၊ သူခ်ည္းပဲ အကုန္အက်ခံမွာလား။ ဒါမွမဟုတ္ သင့္တာ၀န္က မီတာခကို ေပးေဆာင္ရမွာလား စသျဖင့္ ေဆြးေႏြးရမယ့္အပိုင္းေတြကို ေမ့ထားလုိ႕မရႏိုင္ပါဘူး။

၅။သင္တုိ႕ႏွစ္ဦး ခရီးအတူ မသြားဖူးေသးဘူး။
ခ်စ္သူႏွစ္ဦး ခရီးအတူသြားတဲ့အခါ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုနားလည္လာသလို၊ သံုးေလးရက္ ကေန တစ္ပတ္အထိ အတူေန႕စဥ္ရက္ဆက္ရွိၾကတဲ့အခါ သူကိုယ့္အေပၚ ဘယ္လိုေျပာဆုိဆက္ဆံသလဲဆုိတာေတြပါ နားလည္သေဘာေပါက္ႏိုင္ပါလိမ့္မယ္။
Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါတစ်လေ တွဲတာ သိပ်မကြာသေးပေမယ့် တစ်ဦးနဲ့တစ်ဦး တကယ်ကိုချစ်ခင်စုံမက်လို့ နှစ်ဦးသားအတူ တစ်အိမ်တည်းမှာ အတူနေကြဖို့ အလျင်စလိုဆုံးဖြတ်တတ်ကြတဲ့ စုံတွဲတွေရှိပါတယ်။ တကယ်လို့များ သင်ဟာ အဲ့ဒီလို ဆုံးဖြတ်ချက်ချဖို့ ဘယ်အချက်တွေ အရေးတကြီးစဉ်းစားရမှန်း မသိဘူးဖြစ်နေတယ်ဆိုရင် ခုပြောပြမယ့် အချက်တွေကို အရင်ဆုံး ဖတ်ကြည့်ပြီးမှ သင်အဆင်သင့်ဖြစ်ပြီလားဆိုတာ သင့်ကိုယ်သင်မေးကြည့်လိုက်ပါ။

၁။သင်တို့နှစ်ယောက် ပြသနာအကြီးအကျယ် မဖြစ်ဖူးသေးဘူး။
သင်တို့ချင်း ဘယ်လောက်ပဲ ချစ်မြတ်နိုးကြပါစေ၊ နှစ်ဦးသား သဘောထားကွဲလွဲတာမျိုး မကြုံဖူးဘူး။ ပြသနာတက် ရန်ဖြစ်တာမျိုးတွေ မကြုံသေးဘူးဆိုရင် ဒါဟာ တစ်ခုခုမှားနေလို့ပါ။ ဘယ်လောက်အဆင်ပြေချစ်ကြတဲ့ စုံတွဲတွေဖြစ်ပါစေ၊ တစ်ကြိမ်တစ်ခါတော့ ကြီးကြီးကျယ်ကျယ် ပြသနာတက်ကြဖူးပါတယ်။ အဲ့ဒီလိုပြသနာတက်မှပဲ သင်တို့နှစ်ဦးဟာ တစ်ယောက် အကြောင်းတစ်ယောက်ပိုသိလာပြီး တစ်ယောက်စိတ်သဘောထားဘယ်လိုရှိတယ်၊ သူကတော့ ဘာတွေကို သဘောကျပြီး၊ ဘယ်လိုအရာတွေကိုဖြင့် မကြိုက်ဘူး ဆိုတာမျိုးတွေ သိနေမှာဖြစ်ပါတယ်။ အတူနေတော့မှ အဲ့ဒီလိုပြသနာမျိုး တွေကြုံလာရင် ရှေ့ဆက်ရမလို၊ အိမ်ပြန်ခွဲပြီးတော့ပဲ နေရမလို ဖြစ်သွားပါလိမ့်မယ်။

၂။ သင့်မျက်နှာမှာ မိတ်ကပ်မလိမ်းထားပဲ သူနဲ့တစ်ခါမှ မတွေ့ဖူးဘူး။
သင့်ချစ်သူကောင်လေးက သင့်ကို မျက်နှာပြောင်နဲ့ ဘယ်နှစ်ခါ အပြင်မှာ မြင်ဖူးပါသလဲ။ သင်ကရော သူနဲ့တွေ့ဆုံချိန်တိုင်း မိတ်ကပ်မလိမ်းထားရင်ကို ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလို ဖြစ်နေတတ်သလား ဆိုတာ ထည့်စဉ်းစားပါဦး။
၃။ သင့်အကြိုက်၊ သဘောထားတွေကို သူ့ကိုသေချာမပြောဖြစ်သေးဘူး။
သူက ခွေးမွေးရတာကြိုက်တယ်၊ သင်က တိရိစ္ဆာန်တွေ မချစ်တတ်ဘူး။ ဒါ့အပြင် သင်က တစ်အိမ်လုံးသန့်ရှင်းနေမှသာ အိပ်ယာဝင်တတ်ပြီး သူကတော့ ရှုပ်ပွနေတာတွေ မရှင်းချင်တဲ့သူမျိုး ဖြစ်တယ်ဆိုရင် သင်တို့အတူမနေခင် သေချာစဉ်းစားဆုံးဖြတ်ဖို့ လိုပါပြီ။

၄။အိမ်ငှားခ၊ မီတာခ စတာတွေ အတူကျခံဖို့ ဆွေးနွေးပြီးပြီလား။
အိမ်ငှားခကို အတူကျခံကြမှာလား၊ သူချည်းပဲ အကုန်အကျခံမှာလား။ ဒါမှမဟုတ် သင့်တာဝန်က မီတာခကို ပေးဆောင်ရမှာလား စသဖြင့် ဆွေးနွေးရမယ့်အပိုင်းတွေကို မေ့ထားလို့မရနိုင်ပါဘူး။

၅။သင်တို့နှစ်ဦး ခရီးအတူ မသွားဖူးသေးဘူး။
ချစ်သူနှစ်ဦး ခရီးအတူသွားတဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်လာသလို၊ သုံးလေးရက် ကနေ တစ်ပတ်အထိ အတူနေ့စဉ်ရက်ဆက်ရှိကြတဲ့အခါ သူကိုယ့်အပေါ် ဘယ်လိုပြောဆိုဆက်ဆံသလဲဆိုတာတွေပါ နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top