iMyanmarHouse.com - Best Property Website for Myanmar
×

အျမင္အားေကာင္းေစမည့္ အက်င့္ ခုနွစ္ရပ္အျမင္အာရုံကို ေကာင္းမြန္ေအာင္ ဂရုစိုက္ေပးတာက ဘဝအရည္ အေသြးကို တိုးတက္ ေစပါတယ္။ ေအာက္ပါ အက်င့္ေကာင္းေတြကို ထိန္းသိမ္းေနထိုင္တာေၾကာင့္ အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။

မ်က္စိကို ေနကာမ်က္မွန္ျဖင့္ ကာကြယ္ပါ

ေနေရာင္ျခည္ရဲ႕ အႏၱရာယ္ရွိတဲ့ ခ ရမ္းလြန္ေရာင္ျခည္ေတြဟာ မ်က္စိကို ထိ ခိုက္မႈ ျဖစ္ေစၿပီး အတြင္းတိမ္ေရာဂါနဲ႔ မက္ကူလာယိုယြင္းမႈတို႔ ျဖစ္ႏိုင္ေျချမင့္ တက္ေစပါတယ္။ ေနေရာင္ထဲတြင္ ၾကာ ၾကာေနသူေတြ၊ အတြင္းတိမ္ခြဲစိတ္မႈ ခံယူ ထားသူေတြနဲ႔ ဆီးေဆး၊ တက္ထရာဆိုက္ ကလင္းလို တခ်ိဳ႕ေဆးေတြ မွီဝဲေနသူေတြ အေနနဲ႔ မ်က္စိကို ခရမ္းလြန္ေရာင္ျခည္ နဲ႔ မထိေတြ႕သင့္ပါဘူး။ ဒါ့အျပင္ ေနကာ မ်က္မွန္ဟာ ခရမ္းလြန္ေရာင္ ျခည္ဒဏ္ ေၾကာင့္ မ်က္စိအျမင္အာ႐ံုမထိခိုက္ ေအာင္ ကာကြယ္ေပးပါတယ္။

ေဆးလိပ္ မေသာက္ပါနွင့္

ေဆးလိပ္ေသာက္တာေၾကာင့္ အ တြင္းတိမ္ေရာဂါျဖစ္ေစႏိုင္သလို မက္ကူ လာယိုယြင္းပ်က္စီးမႈ ျဖစ္ႏိုင္တဲ့ အႏၱရာယ္ ကိုလည္း ျမင့္တက္ေစပါတယ္။ ေဆးလိပ္ ေသာက္တဲ့သူေတြက က်န္းမာေရးနဲ႔ မညီ ၫြတ္တဲ့ အစားအေသာက္နဲ႔ အရက္ ေသာက္တဲ့အခါ အျမင္အာ႐ံုဆံုး႐ံႈးေစႏိုင္ တဲ့ စကၡဳအာ႐ံုေၾကာထိခိုက္မႈကို ျဖစ္ေစ ႏိုင္ပါတယ္။ ေဆးလိပ္ေသာက္တာေၾကာင့္ မ်က္စိေျခာက္ေသြ႕မႈျဖစ္တတ္သူေတြမွာ မ်က္စိစပ္ဖ်ဥ္းဖ်ဥ္းျဖစ္ႏိုင္ေျခ ပိုမ်ားပါ တယ္။

အယ္လ္ကိုေဟာကို ေလွ်ာ့ေသာက္ပါ

အရက္ေသာက္တာေၾကာင့္ မ်က္စိ အပါအဝင္ ခႏၶာကိုယ္ကို ေရဓာတ္ခန္း ေျခာက္မႈျဖစ္ေစႏိုင္ပါတယ္။ မ်က္စိ ေျခာက္ေသြ႕တဲ့ ေဝဒနာေတြက အရက္ ေသာက္တဲ့အခါ ပိုဆိုးႏိုင္ပါတယ္။ အရက္ ကို ပမာဏ မ်ားမ်ားေသာက္တာေၾကာင့္ အာဟာရခ်ိဳ႕တဲ့မႈျပႆနာေတြကို ျဖစ္ေစ ႏိုင္ၿပီး စကၡဳအာ႐ံုေၾကာဆိုင္ရာ ေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္ပါ

အဆီဓာတ္နဲ႔ သၾကားဓာတ္မ်ားနဲ႔ အစာေတြကို စားတာေၾကာင့္ ေသြးတြင္း သၾကားဓာတ္ အတက္မအက် ျဖစ္ေစတဲ့ အႏၱရာယ္ကို ျမင့္တက္ေစၿပီး ဆီးခ်ိဳေရာ ဂါကို ျဖစ္ေစႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါ ရွိရင္ ေသြးတြင္း သၾကားဓာတ္ကို တည္ ၿငိမ္ေအာင္ မထိန္းႏိုင္တဲ့အခါ အတြင္း တိမ္ေရာဂါနဲ႔ ေရတိမ္ေရာဂါအျပင္ ဆီးခ်ိဳ ေၾကာင့္ မ်က္စိအာ႐ံုခံလႊာေရာင္ရမ္းမႈတို႔ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေသြးတြင္း သၾကားဓာတ္ ထိန္းခ်ဳပ္ႏိုင္မယ့္ အစာ ေတြကို စားသင့္ပါတယ္။

ေသြးဖိအားနွင့္ ကိုလက္စထေရာကို ပံုမွန္ထိန္းပါ

သြးတိုးတာေၾကာင့္ မ်က္စိအာ႐ံုခံ လႊာေရာင္ရမ္းမႈ ျဖစ္ေစႏိုင္ၿပီး ကုသမႈ မ ခံယူရင္ မ်က္စိမျမင္ႏိုင္တဲ့အထိ ျဖစ္ေစ ႏိုင္ပါတယ္။ ေသြးတိုးတာေၾကာင့္ မ်က္စိ မွာ အာ႐ံုခံလႊာေရာင္ရမ္းတာ၊ ေရတိမ္ ျဖစ္တာနဲ႔ မက္ကူလာယိုယြင္းပ်က္စီးတာ တို႔ကို ျဖစ္ေစႏိုင္ပါတယ္။ ေသြးတြင္းကို လက္စထေရာမ်ားတဲ့အျပင္ ေသြးတိုးတာ ေၾကာင့္ ေလျဖတ္ႏိုင္တဲ့ အႏၱရာယ္ကို လည္း ျမင့္တက္ေစပါတယ္။

အင္တီေအာက္ဆီးဒင့္မ်ားေသာ အစာကို စားပါ

အင္တီေအာက္ဆီးဒင့္ပါတဲ့ အစား အေသာက္ေတြကို စားတာေၾကာင့္ မက္ ကူလာယိုယြင္းမႈ ျဖစ္ႏိုင္ေျခကို ၂၅ ရာခိုင္ ႏႈန္း ေႏွးေကြးေစပါတယ္။ အင္တီေအာက္ ဆီးဒင့္ဟာ အတြင္းတိမ္ျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့က်ေစပါတယ္။ ဗီတာမင္ေအဟာ မ်က္စိအာ႐ံုခံလႊာက်န္းမာေရးအတြက္ အေရးပါၿပီး အေရာင္နဲ႔ ညဘက္မျမင္ တာတို႔ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ လူတင္နဲ႔ ဇီဇန္သင္းတို႔လို အာဟာရဓာတ္ ေတြဟာ မက္ကူလာယိုယြင္းမႈမျဖစ္ေအာင္ ကာကြယ္ေပးသလို အိုမီဂါ ၃ ဖက္တီး အက္စစ္ဟာ မ်က္စိေျခာက္ေသြ႕မႈနဲ႔ မ်က္ စိစြန္တာ မျဖစ္ေအာင္ ကာကြယ္ေပးပါ တယ္။

မ်က္စိကို ပံုမွန္စစ္ေဆးမႈ ခံယူပါ

ပံုမွန္ မ်က္စိစစ္ေဆးမႈ ခံယူတာဟာ မ်က္စိက်န္းမာေရးကို ေကာင္းမြန္ေစပါ တယ္။ မ်က္စိကို စစ္ေဆးတာေၾကာင့္ မ်က္စိေရာဂါေတြအျပင္ ခႏၶာကိုယ္ေရာ ဂါေတြကိုလည္း သိရွိႏိုင္လို႔ပါ။

Credit: Good Health
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမြင်အားကောင်းစေမည့် အကျင့် ခုနှစ်ရပ်အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝအရည် အသွေးကို တိုးတက် စေပါတယ်။ အောက်ပါ အကျင့်ကောင်းတွေကို ထိန်းသိမ်းနေထိုင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

မျက်စိကို နေကာမျက်မှန်ဖြင့် ကာကွယ်ပါ

နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ ခ ရမ်းလွန်ရောင်ခြည်တွေဟာ မျက်စိကို ထိ ခိုက်မှု ဖြစ်စေပြီး အတွင်းတိမ်ရောဂါနဲ့ မက်ကူလာယိုယွင်းမှုတို့ ဖြစ်နိုင်ခြေမြင့် တက်စေပါတယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ်ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူတွေ အနေနဲ့ မျက်စိကို ခရမ်းလွန်ရောင်ခြည် နဲ့ မထိတွေ့သင့်ပါဘူး။ ဒါ့အပြင် နေကာ မျက်မှန်ဟာ ခရမ်းလွန်ရောင် ခြည်ဒဏ် ကြောင့် မျက်စိအမြင်အာရုံမထိခိုက် အောင် ကာကွယ်ပေးပါတယ်။

ဆေးလိပ် မသောက်ပါနှင့်

ဆေးလိပ်သောက်တာကြောင့် အ တွင်းတိမ်ရောဂါဖြစ်စေနိုင်သလို မက်ကူ လာယိုယွင်းပျက်စီးမှု ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း မြင့်တက်စေပါတယ်။ ဆေးလိပ် သောက်တဲ့သူတွေက ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစားအသောက်နဲ့ အရက် သောက်တဲ့အခါ အမြင်အာရုံဆုံးရှုံးစေနိုင် တဲ့ စက္ခုအာရုံကြောထိခိုက်မှုကို ဖြစ်စေ နိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် မျက်စိခြောက်သွေ့မှုဖြစ်တတ်သူတွေမှာ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ခြေ ပိုများပါ တယ်။

အယ်လ်ကိုဟောကို လျှော့သောက်ပါ

အရက်သောက်တာကြောင့် မျက်စိ အပါအဝင် ခန္ဓာကိုယ်ကို ရေဓာတ်ခန်း ခြောက်မှုဖြစ်စေနိုင်ပါတယ်။ မျက်စိ ခြောက်သွေ့တဲ့ ဝေဒနာတွေက အရက် သောက်တဲ့အခါ ပိုဆိုးနိုင်ပါတယ်။ အရက် ကို ပမာဏ များများသောက်တာကြောင့် အာဟာရချို့တဲ့မှုပြဿနာတွေကို ဖြစ်စေ နိုင်ပြီး စက္ခုအာရုံကြောဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ

အဆီဓာတ်နဲ့ သကြားဓာတ်များနဲ့ အစာတွေကို စားတာကြောင့် သွေးတွင်း သကြားဓာတ် အတက်မအကျ ဖြစ်စေတဲ့ အန္တရာယ်ကို မြင့်တက်စေပြီး ဆီးချိုရော ဂါကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိရင် သွေးတွင်း သကြားဓာတ်ကို တည် ငြိမ်အောင် မထိန်းနိုင်တဲ့အခါ အတွင်း တိမ်ရောဂါနဲ့ ရေတိမ်ရောဂါအပြင် ဆီးချို ကြောင့် မျက်စိအာရုံခံလွှာရောင်ရမ်းမှုတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် ထိန်းချုပ်နိုင်မယ့် အစာ တွေကို စားသင့်ပါတယ်။

သွေးဖိအားနှင့် ကိုလက်စထရောကို ပုံမှန်ထိန်းပါ

သွးတိုးတာကြောင့် မျက်စိအာရုံခံ လွှာရောင်ရမ်းမှု ဖြစ်စေနိုင်ပြီး ကုသမှု မ ခံယူရင် မျက်စိမမြင်နိုင်တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။ သွေးတိုးတာကြောင့် မျက်စိ မှာ အာရုံခံလွှာရောင်ရမ်းတာ၊ ရေတိမ် ဖြစ်တာနဲ့ မက်ကူလာယိုယွင်းပျက်စီးတာ တို့ကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရောများတဲ့အပြင် သွေးတိုးတာ ကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လည်း မြင့်တက်စေပါတယ်။

အင်တီအောက်ဆီးဒင့်များသော အစာကို စားပါ

အင်တီအောက်ဆီးဒင့်ပါတဲ့ အစား အသောက်တွေကို စားတာကြောင့် မက် ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၂၅ ရာခိုင် နှုန်း နှေးကွေးစေပါတယ်။ အင်တီအောက် ဆီးဒင့်ဟာ အတွင်းတိမ်ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင်အေဟာ မျက်စိအာရုံခံလွှာကျန်းမာရေးအတွက် အရေးပါပြီး အရောင်နဲ့ ညဘက်မမြင် တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်နဲ့ ဇီဇန်သင်းတို့လို အာဟာရဓာတ် တွေဟာ မက်ကူလာယိုယွင်းမှုမဖြစ်အောင် ကာကွယ်ပေးသလို အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ မျက်စိခြောက်သွေ့မှုနဲ့ မျက် စိစွန်တာ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။

မျက်စိကို ပုံမှန်စစ်ဆေးမှု ခံယူပါ

ပုံမှန် မျက်စိစစ်ဆေးမှု ခံယူတာဟာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ မျက်စိကို စစ်ဆေးတာကြောင့် မျက်စိရောဂါတွေအပြင် ခန္ဓာကိုယ်ရော ဂါတွေကိုလည်း သိရှိနိုင်လို့ပါ။

Credit: Good Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top