iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္ ဆိုရွယ္မီဒီယာအရ လူတစ္ေယာက္ဟာ တစ္ေန႔မွာ ႏွစ္နာရီေလာက္ ဆိုရွယ္မီဒီယာေတြမွာ အခ်ိန္ျဖဳန္းေလ့ရွိၾကပါတယ္။ အဲဒီထဲမွာမွ ဓာတ္ပံုေတြတင္တာကလည္း အလုပ္တစ္ခုပါ။ ဒါေပမယ့္ ကိုယ္တင္တဲ့ ဓာတ္ပံုေတြက လွဖို႔၊သူမ်ား ၾကည့္ခ်င္စရာေလးျဖစ္ဖို႔ေတာ့ လိုတာေပါ့။ ဖုန္း Application ေတြထဲမွာ ဓာတ္ပံုျပင္တဲ့ Applicationေတြ ရွိတယ္ဆိုေပမယ့္ သဘာ၀က်က်ေတာ့ ထြက္မလာႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ္က ဖုန္းနဲ႔ Selfie လွလွေလး ရိုက္မယ္ဆိုရင္ မိတ္ကပ္တစ္ခါတည္း ျပည့္စံုေအာင္ ျပင္ထားတာ အေကာင္းဆံုးပါ။ ဒါေပမယ့္ မိတ္ကပ္ျပင္တဲ့ေနရာမွာလည္း သတိထားရမယ့္ အခ်က္ေလးေတြ၊ ေရွာင္ရွားရမယ့္ အခ်က္ေလးေတြ ရွိေနပါတယ္။ အဲဒါေတြကေတာ့

၁။အလြန္အကၽြံေပါင္ဒါေတြလိမ္းတာ
မ်က္ႏွာကို ေပါင္ဒါအလြန္အကၽြံလိမ္းတာက မ်က္ႏွာကို ေျခာက္ၿပီး တစ္ညီတည္း ျဖစ္ေနေစပါတယ္။ ဒီလို လိမ္းတာက မ်က္ႏွာကို ျဖဴစုတ္စုတ္ႀကီး ျဖစ္ေစပါတယ္။ မ်က္နွာကို လန္းဆန္းၿပီး အသားအေရ နဂိုေကာင္းတဲ့ ပံုစံမ်ိဳးေလးရဖို႔အတြက္ကိုေတာ့ “Hot Spots” လို႔ေခၚတဲ့ မ်က္ႏွာရဲ႕ နဖူး၊ေမးေစ့၊ မ်က္လံုးေအာက္ေတြနဲ႔ ႏွာေခါင္းရဲ႕ ေဘးနားေတြကို ေပါင္ဒါနည္းနည္းလိမ္းလုိက္ရင္ ရပါၿပီ။

၂။Instagram ကလို မ်က္ခံုးထူထူႀကီးေတြ ဆြဲတာ
အရမ္းအလြန္အကၽြံဆြဲထားတဲ့ မ်က္ခံုးေတြ၊မ်က္ခံုးနဲ႔မ်က္ရစ္ အရမ္းနီးကပ္ေအာင္ ဆြဲထားတဲ့ မ်က္ခံုးပံုစံေတြက Instagramမွာပဲ တင္လို႔လွတာပါ။မ်က္ႏွာအျပည့္ Selfie ရိုက္မယ္ဆိုရင္ေတာ့ သဘာ၀က်တဲ့ မ်က္ခံုးေတြက အေရးအႀကီးဆံုးပါပဲ။မ်က္ခံုးေမႊးေလးတစ္ပင္ခ်င္းစီအတြက္ Brow Mascara ဒါမွမဟုတ္ Tinted Brow Gel ကုိ သံုးေပးသင့္ၿပီး မ်က္ခံုးအတြင္း ျဖည့္ဖို႔ကိုေတာ့ ခဲတံကို သံုးေပးသင့္ပါတယ္။

၃။Strobing ေတြ အမ်ားႀကီး လုပ္ထားတာ
Strobing လုပ္တယ္ဆိုတာ မ်က္ႏွာကို ပိုလင္းၿပီး ေတာက္ပသြားေအာင္ လုပ္တာပါ။Storbing လုပ္တာက မ်က္ႏွာအသားအေရကို ပိုၾကည္သြားတယ္လို႔ထင္ရေပမယ့္ Highlighter ေတြအမ်ားႀကီးသံုးတာက သင့္မ်က္ႏွာကို  ဒစ္စကို ေဘာလံုးႀကီးလို ျဖစ္သြားေစတတ္ပါတယ္။ Highlighter ခရင္မ္တစ္ခုကို ပါးရိုးတစ္ေလွ်ာက္၊ နွာေခါင္းေအာက္က Cupid Bow လို႔ေခၚတဲ့ ခ်ိဳင့္ေလးနဲ႔  ႏွာတံနဲ႔ ကပ္ေနေတဲ့ မ်က္လံုးေထာင့္စြန္းေလးေတြကို ထည့္ေပးရင္ လံုေလာက္ပါၿပီ။ နဖူးတည့္တည့္နဲ႕ ပါးအလယ္မွာ ထည့္တာေတြကို အထူးေရွာင္ၾကဥ္ရပါမယ္။

၄။မ်က္ေတာင္ေတြကို ဂရုမစိုက္တာ
ကင္မရာထဲမွာ မ်က္ေတာင္ေတြရဲ႕ အကူအညီလည္း လုိအပ္ပါတယ္။ တိုၿပီး ေျဖာင့္စင္းေနတဲ့ မ်က္ေတာင္ေတြက သင့္ကို ပိုၿပီး ပင္ပန္းေနတဲ့ပံုစံ ေပါက္ေစသလို မ်က္လံုးေတြရဲ႕ ဆြဲေဆာင္မႈကိုလည္း ေထာက္ပံ့ႏိုင္မွာမဟုတ္ပါဘူး။ မ်က္ေတာင္ေတြကို စကၠန္႔ ၃၀ေလာက္ မ်က္ေတာင္ေကာ့တဲ့ညွပ္ေလးနဲ႔ ညွပ္ပါ။ ျပီးမွ ထူထဲၿပီး ေကာ့ေစတဲ့ မ်က္ေတာင္ေကာ့ေဆးကို အထပ္ထပ္ အခါခါ ထပ္ပါ။ ေနာက္ဆံုးအေနနဲ႔ မ်က္ေတာင္တုတပ္မယ္ဆိုရင္ သဘာ၀ဆန္ၿပီး အရမ္းမထူတဲ့ မ်က္ေတာင္ေတြကို သံုးပါ။

အေပၚက အခ်က္ေလးေတြကို ေကာင္းေကာင္းသိသြားၿပီဆုိရင္ေသခ်ာပါတယ္။ သင့္ရဲ႕ Selfieေလးဟာ ေတာ္ေတာ္ကို မိုက္ေနေတာ့မွာပါ။
Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version
ယနေ့ခေတ် ဆိုရှယ်မီဒီယာအရ လူတစ်ယောက်ဟာ တစ်နေ့မှာ နှစ်နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းလေ့ရှိကြပါတယ်။ အဲဒီထဲမှာမှ ဓာတ်ပုံတွေတင်တာကလည်း အလုပ်တစ်ခုပါ။ ဒါပေမယ့် ကိုယ်တင်တဲ့ ဓာတ်ပုံတွေက လှဖို့၊သူများ ကြည့်ချင်စရာလေးဖြစ်ဖို့တော့ လိုတာပေါ့။ ဖုန်း Application တွေထဲမှာ ဓာတ်ပုံပြင်တဲ့ Applicationတွေ ရှိတယ်ဆိုပေမယ့် သဘာဝကျကျတော့ ထွက်မလာနိုင်ပါဘူး။ ဒါကြောင့် ကိုယ်က ဖုန်းနဲ့ Selfie လှလှလေး ရိုက်မယ်ဆိုရင် မိတ်ကပ်တစ်ခါတည်း ပြည့်စုံအောင် ပြင်ထားတာ အကောင်းဆုံးပါ။ ဒါပေမယ့် မိတ်ကပ်ပြင်တဲ့နေရာမှာလည်း သတိထားရမယ့် အချက်လေးတွေ၊ ရှောင်ရှားရမယ့် အချက်လေးတွေ ရှိနေပါတယ်။ အဲဒါတွေကတော့

၁။အလွန်အကျွံပေါင်ဒါတွေလိမ်းတာ
မျက်နှာကို ပေါင်ဒါအလွန်အကျွံလိမ်းတာက မျက်နှာကို ခြောက်ပြီး တစ်ညီတည်း ဖြစ်နေစေပါတယ်။ ဒီလို လိမ်းတာက မျက်နှာကို ဖြူစုတ်စုတ်ကြီး ဖြစ်စေပါတယ်။ မျက်နှာကို လန်းဆန်းပြီး အသားအရေ နဂိုကောင်းတဲ့ ပုံစံမျိုးလေးရဖို့အတွက်ကိုတော့ “Hot Spots” လို့ခေါ်တဲ့ မျက်နှာရဲ့ နဖူး၊မေးစေ့၊ မျက်လုံးအောက်တွေနဲ့ နှာခေါင်းရဲ့ ဘေးနားတွေကို ပေါင်ဒါနည်းနည်းလိမ်းလိုက်ရင် ရပါပြီ။

၂။Instagram ကလို မျက်ခုံးထူထူကြီးတွေ ဆွဲတာ
အရမ်းအလွန်အကျွံဆွဲထားတဲ့ မျက်ခုံးတွေ၊မျက်ခုံးနဲ့မျက်ရစ် အရမ်းနီးကပ်အောင် ဆွဲထားတဲ့ မျက်ခုံးပုံစံတွေက Instagramမှာပဲ တင်လို့လှတာပါ။မျက်နှာအပြည့် Selfie ရိုက်မယ်ဆိုရင်တော့ သဘာဝကျတဲ့ မျက်ခုံးတွေက အရေးအကြီးဆုံးပါပဲ။မျက်ခုံးမွှေးလေးတစ်ပင်ချင်းစီအတွက် Brow Mascara ဒါမှမဟုတ် Tinted Brow Gel ကို သုံးပေးသင့်ပြီး မျက်ခုံးအတွင်း ဖြည့်ဖို့ကိုတော့ ခဲတံကို သုံးပေးသင့်ပါတယ်။

၃။Strobing တွေ အများကြီး လုပ်ထားတာ
Strobing လုပ်တယ်ဆိုတာ မျက်နှာကို ပိုလင်းပြီး တောက်ပသွားအောင် လုပ်တာပါ။Storbing လုပ်တာက မျက်နှာအသားအရေကို ပိုကြည်သွားတယ်လို့ထင်ရပေမယ့် Highlighter တွေအများကြီးသုံးတာက သင့်မျက်နှာကို  ဒစ်စကို ဘောလုံးကြီးလို ဖြစ်သွားစေတတ်ပါတယ်။ Highlighter ခရင်မ်တစ်ခုကို ပါးရိုးတစ်လျှောက်၊ နှာခေါင်းအောက်က Cupid Bow လို့ခေါ်တဲ့ ချိုင့်လေးနဲ့  နှာတံနဲ့ ကပ်နေတေဲ့ မျက်လုံးထောင့်စွန်းလေးတွေကို ထည့်ပေးရင် လုံလောက်ပါပြီ။ နဖူးတည့်တည့်နဲ့ ပါးအလယ်မှာ ထည့်တာတွေကို အထူးရှောင်ကြဉ်ရပါမယ်။

၄။မျက်တောင်တွေကို ဂရုမစိုက်တာ
ကင်မရာထဲမှာ မျက်တောင်တွေရဲ့ အကူအညီလည်း လိုအပ်ပါတယ်။ တိုပြီး ဖြောင့်စင်းနေတဲ့ မျက်တောင်တွေက သင့်ကို ပိုပြီး ပင်ပန်းနေတဲ့ပုံစံ ပေါက်စေသလို မျက်လုံးတွေရဲ့ ဆွဲဆောင်မှုကိုလည်း ထောက်ပံ့နိုင်မှာမဟုတ်ပါဘူး။ မျက်တောင်တွေကို စက္ကန့် ၃၀လောက် မျက်တောင်ကော့တဲ့ညှပ်လေးနဲ့ ညှပ်ပါ။ ပြီးမှ ထူထဲပြီး ကော့စေတဲ့ မျက်တောင်ကော့ဆေးကို အထပ်ထပ် အခါခါ ထပ်ပါ။ နောက်ဆုံးအနေနဲ့ မျက်တောင်တုတပ်မယ်ဆိုရင် သဘာဝဆန်ပြီး အရမ်းမထူတဲ့ မျက်တောင်တွေကို သုံးပါ။

အပေါ်က အချက်လေးတွေကို ကောင်းကောင်းသိသွားပြီဆိုရင်သေချာပါတယ်။ သင့်ရဲ့ Selfieလေးဟာ တော်တော်ကို မိုက်နေတော့မှာပါ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top