iMyanmarHouse.com - Best Property Website for Myanmar
×

ဝရတဲ့အေၾကာင္းရင္းကို တိုတိုရွင္းရွင္းျပရရင္ေတာ့ အစာကို အလြန္အမင္းစားျခင္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈ မလံုေလာက္ျခင္းတို႔ေၾကာင့္ပဲ ျဖစ္ပါတယ္။ ကိုယ္အေလးခ်ိန္ က်ဖို႔ဆိုရင္ေတာ့ ကိုယ္လက္လႈပ္ရွားမႈ မ်ားမ်ားလုပ္ၿပီး အစားအေသာက္ေလွ်ာ့စားကာ ကယ္လိုရီပမာဏ ေလွ်ာ့ခ်ဖို႔လိုပါတယ္။

ဒီလိုေျပာေတာ့ လြယ္ေပမယ့္ လက္ေတြ႕မွာ လိုက္နာဖို႕က်ေတာ့ ခက္လွပါတယ္။ ဒီေန႔ေခတ္အလုပ္ေတြဟာ အထိုင္မ်ားၿပီး လႈပ္ရွားမႈနည္းတဲ့ အလုပ္ေတြျဖစ္လာတာေၾကာင့္နဲ႔ အစားအေသာက္ စားေသာက္တဲ့ အေလ့အထေၾကာင့္ ျဖစ္ပါတယ္။

အစားအေသာက္စားတဲ့ေနရာမွာ ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံမ်ားမ်ား၊ ထမင္း အသင့္အတင့္နဲ႔ အသား၊ ငါး အသင့္အတင့္ကိုပဲ စားသင့္တာျဖစ္ေပမယ့္ ဝတဲ့သူ အမ်ားစုဟာ ထမင္းအမ်ားအျပား၊ ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံနည္းနည္းကိုပဲ စားေလ့ရိွတာေၾကာင့္ပါ။ ဒါ့အျပင္ အလုပ္လုပ္ခ်ိန္ပိုရဖို႔အတြက္ အစာကိုခပ္ျမန္ျမန္ စားေသာက္တဲ့အက်င့္ကလည္း အစာကို ပိုမိုစားျဖစ္ေစတဲ့အခ်က္ပါပဲ။

ဒီေန႔ေခတ္မွာ အားကစားလုပ္ဖို႔ အခ်ိန္မေပးႏိုင္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္ေၾကာင့္လည္း ဝေစပါတယ္။

အားကစားခန္းမ (Gym) သြားၿပီး အားကစားကို တကူးတကမလုပ္ႏိုင္ရင္ေတာင္ အိမ္မွာပဲ ေရမခ်ဳိးခင္ လမ္းေလွ်ာက္တာ၊ ထိုင္ထ လုပ္တာ၊ ဒိုက္ထိုးတာ စတဲ့အားကစားေတြကို အခ်ိန္ရသေလာက္ ျပဳလုပ္ေပးႏိုင္ပါတယ္။ နံနက္တိုင္း သြားမတိုက္ရမေနႏိုင္တဲ့ အက်င့္တစ္ရပ္လိုျဖစ္ေနေအာင္ ကိုယ္လက္လႈပ္ရွားမႈကို ေဆာင္ရြက္ေပးသင့္ပါတယ္။

ကိုယ္ရဲ႕ဘဝေနထိုင္မႈ ဟန္ပန္တခ်ိဳ႕ကုိေျပာင္းလဲလိုက္မယ္ဆိုရင္ေတာ့ ဝရတဲ့ အေၾကာင္းရင္းအတြက္ စိတ္ညစ္ေနစရာ လိုမွာ မဟုတ္ေတာ့ပါဘူး။


Credit:Good Health

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။

ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။

အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။

ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။

အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊ ဒိုက်ထိုးတာ စတဲ့အားကစားတွေကို အချိန်ရသလောက် ပြုလုပ်ပေးနိုင်ပါတယ်။ နံနက်တိုင်း သွားမတိုက်ရမနေနိုင်တဲ့ အကျင့်တစ်ရပ်လိုဖြစ်နေအောင် ကိုယ်လက်လှုပ်ရှားမှုကို ဆောင်ရွက်ပေးသင့်ပါတယ်။

ကိုယ်ရဲ့ဘဝနေထိုင်မှု ဟန်ပန်တချို့ကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဝရတဲ့ အကြောင်းရင်းအတွက် စိတ်ညစ်နေစရာ လိုမှာ မဟုတ်တော့ပါဘူး။


Credit:Good Health


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top