iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္အေလးခ်ိန္ကုိ ျမန္ျမန္ ေလ်ာ့က်လိုရင္ အဆီအအိမ့္မ်ားတဲ့ အစာေတြ ကုိ ေရွာင္ပါ။ သၾကားမ်ားတဲ့ အစာနဲ႔ အယ္လ္ကုိေဟာကုိ ေရွာင္ပါ။ အစာေတြကုိ တစ္ၾကိမ္တည္းနဲ႔ မ်ားမ်ားစားရင္ ေလပြတာနဲ႔ ဗိုက္ပူတာ တို႔ ကုိ ျဖစ္ေစႏုိင္တာေၾကာင့္ တစ္ေန႔ အစာနည္းနည္းနဲ႔ ၃-၄ ၾကိမ္ခန္႔ စားေပး သင့္ပါတယ္။ ဒါ့အျပင္ ဗိုက္သားခ်ပ္ရပ္ေစဖို႔ ေအာက္ပါ အလြယ္နည္းေတြ ကုိ လုပ္ေဆာင္ေပးပါ။

(၁) ေကာက္ႏွံတစ္ခုလံုး အစာႏွင့္ ပရိုတင္းပါေသာ အစာကုိ ပုိစားပါ
ေကာက္ႏွံတစ္ခုလံုးနဲ႔ လုပ္ထားတဲ့အစာကုိ ၾကိတ္၀ါးစား
ေသာက္တာက ဗိုက္အဆီကုိ ေလ်ာ့က်ေစၿပီး ဗိုက္သားခ်ပ္ ရပ္ လွပေစပါတယ္။ ေကာက္ႏွံတစ္ခုလံုးစာကုိ စားသူေတြက အခြံခြ်တ္ထားတဲ့ ေကာက္ႏံွစာကုိ စားသူေတြထက္ ဗိုက္အဆီ
ေလ်ာ့က်မႈ ႏွစ္ဆေက်ာ္ ပုိမ်ားေစပါတယ္။ အခြံခြ်တ္ မထားတဲ့
ေကာက္ႏွံစာဟာ အင္ဆူလင္ေဟာ္မုန္း ထြက္ႏႈန္းကုိ ေလ်ာ့ က်ေစၿပီး ၀မ္းဗိုက္အဆီကုိ ခပ္လြယ္လြယ္ ေလွ်ာ့ခ်ႏုိင္ တာေၾကာင့္ပါ။




(၂) သေရစာအတြက္ ဖရဲသီးစားပါ

ဖရဲသီးမွာပါတဲ့ အမုိင္ႏုိင္အက္စစ္ အာဂ်ီနင္းဟာ ကုိယ္အေလး ခ်ိန္ကုိ ေလ်ာ့က်ေစတယ္လို႔ အာဟာရဂ်ာနယ္ရဲ႕ ေလ့လာမႈ အသစ္တစ္ခုအရသိရပါတယ္။ အာဂ်ီနင္းပါတဲ့ အစာကုိ သံုးလ ၾကာ စားတဲ့အ၀လြန္တဲ့ ၾကြက္ေတြကုိ ေလ့လာမႈအရ အဆီ
ေလ်ာ့က်ႏႈန္း ၆၄ ရာခိုင္ႏႈန္း ေလ်ာ့နည္းေၾကာင္း ေတြ႔ရွိရ ပါတယ္။



(၃) အျမွဳပ္ထေသာ အရည္ကုိ ေရွာင္ပါ

ကာဗြန္ပါတဲ့ ေဖ်ာ္ရည္ေတြက ၀မ္းဗိုက္သားကုိ ေဖာင္းတင္း မႈျဖစ္ေစၿပီး ေလပြေစ တာေၾကာင့္ ေရွာင္သင့္ပါတယ္။ အျမွဳပ္တဲ့ အရည္အစား ရိုးရိုးေရကုိပဲ ေသာက္သင့္ပါတယ္။



(၄) အစာကုိ ျဖည္းျဖည္းခ်င္း ေၾကညက္စြာ ၀ါးစားပါ


စိတ္ဖိစီးမႈရွိရင္ အစာကုိ အေလာတၾကီး စားျဖစ္ၾကပါတယ္။ အစာပမာဏမ်ားမ်ားစားေလ၊ ဗိုက္အဆီမ်ားေလ ျဖစ္တယ္ လို႔ ေလ့လာမႈေတြက ဆိုထားတာေၾကာင့္ အစာကုိ အေလာ တၾကီး မစားပါနဲ႔။



(၅) ဗိုက္သားခ်ပ္ရပ္ေစမည့္ ၀တ္စံု ၀တ္ပါ

ခႏၶာကုိယ္နဲ႔ ကြက္တိျဖစ္ၿပီး ခ်ပ္ရပ္လွပေစတဲ့ ၀တ္စံုမ်ဳိးကုိ ေရြးခ်ယ္ ၀တ္ပါ။ ခ်ည္သား၊ ပိုးသားတို႔လို ေပါ့ပါးတဲ့ ၀တ္စံုကုိ လည္တံနဲ႔ ခါးအလွနဲ႔ ၀မ္းဗိုက္တစ္၀ုိက္မွာ အနက္ေရာင္လို အေရာင္ရင့္တာကုိ ေရြး၀တ္ပါ။



(၆) ရွလကာရည္ ထည့္ပါ


ဟင္းရြက္သုပ္ေတြ၊ အသားဟင္းေတြထဲမွာ ရွလကာရည္ ထည့္ၿပီးစားတာက ၀မ္းဗိုက္အဆီေတြကုိ ေလ်ာ့က်ေစၿပီး ခါးအတုိင္းအတာကုိ သြယ္လ်လွပေစပါတယ္။ ရွလကာ ရည္ထဲက အဆီတစ္အက္စစ္ဟာ အဆီေခ်ဖ်က္ႏုိင္တဲ့ မ်ဳိးဗီဇကုိ အားေပးေၾကာင္း ေလ့လာသူေတြက ဆုိပါတယ္။


(၇) မတ္မတ္ရပ္ပါ


မတ္မတ္ရပ္တာေၾကာင့္ သင့္ခႏၶာကုိယ္က ငါးေပါင္ေလာက္ ေလ်ာ့သြား သလိုထင္ရေစပါတယ္။ ခါးကုိ မတ္မတ္ေနတာက ၀မ္းဗိုက္နဲ႔ ခါးၾကြက္ သားေတြကုိ သန္စြမ္းက်စ္လ်စ္သြားေစပါတယ္။

Credit:ၾကယ္စင္

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

unicode version

ကိုယ်အလေးချိန်ကို မြန်မြန် လျော့ကျလိုရင် အဆီအအိမ့်များတဲ့ အစာတွေ ကို ရှောင်ပါ။ သကြားများတဲ့ အစာနဲ့ အယ်လ်ကိုဟောကို ရှောင်ပါ။ အစာတွေကို တစ်ကြိမ်တည်းနဲ့ များများစားရင် လေပွတာနဲ့ ဗိုက်ပူတာ တို့ ကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့ အစာနည်းနည်းနဲ့ ၃-၄ ကြိမ်ခန့် စားပေး သင့်ပါတယ်။ ဒါ့အပြင် ဗိုက်သားချပ်ရပ်စေဖို့ အောက်ပါ အလွယ်နည်းတွေ ကို လုပ်ဆောင်ပေးပါ။

(၁) ကောက်နှံတစ်ခုလုံး အစာနှင့် ပရိုတင်းပါသော အစာကို ပိုစားပါ
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို ကြိတ်ဝါးစား
သောက်တာက ဗိုက်အဆီကို လျော့ကျစေပြီး ဗိုက်သားချပ် ရပ် လှပစေပါတယ်။ ကောက်နှံတစ်ခုလုံးစာကို စားသူတွေက အခွံချွတ်ထားတဲ့ ကောက်နံှစာကို စားသူတွေထက် ဗိုက်အဆီ
လျော့ကျမှု နှစ်ဆကျော် ပိုများစေပါတယ်။ အခွံချွတ် မထားတဲ့
ကောက်နှံစာဟာ အင်ဆူလင်ဟော်မုန်း ထွက်နှုန်းကို လျော့ ကျစေပြီး ဝမ်းဗိုက်အဆီကို ခပ်လွယ်လွယ် လျှော့ချနိုင် တာကြောင့်ပါ။




(၂) သရေစာအတွက် ဖရဲသီးစားပါ

ဖရဲသီးမှာပါတဲ့ အမိုင်နိုင်အက်စစ် အာဂျီနင်းဟာ ကိုယ်အလေး ချိန်ကို လျော့ကျစေတယ်လို့ အာဟာရဂျာနယ်ရဲ့ လေ့လာမှု အသစ်တစ်ခုအရသိရပါတယ်။ အာဂျီနင်းပါတဲ့ အစာကို သုံးလ ကြာ စားတဲ့အဝလွန်တဲ့ ကြွက်တွေကို လေ့လာမှုအရ အဆီ
လျော့ကျနှုန်း ၆၄ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိရ ပါတယ်။



(၃) အမြှုပ်ထသော အရည်ကို ရှောင်ပါ

ကာဗွန်ပါတဲ့ ဖျော်ရည်တွေက ဝမ်းဗိုက်သားကို ဖောင်းတင်း မှုဖြစ်စေပြီး လေပွစေ တာကြောင့် ရှောင်သင့်ပါတယ်။ အမြှုပ်တဲ့ အရည်အစား ရိုးရိုးရေကိုပဲ သောက်သင့်ပါတယ်။



(၄) အစာကို ဖြည်းဖြည်းချင်း ကြေညက်စွာ ဝါးစားပါ

စိတ်ဖိစီးမှုရှိရင် အစာကို အလောတကြီး စားဖြစ်ကြပါတယ်။ အစာပမာဏများများစားလေ၊ ဗိုက်အဆီများလေ ဖြစ်တယ် လို့ လေ့လာမှုတွေက ဆိုထားတာကြောင့် အစာကို အလော တကြီး မစားပါနဲ့။



(၅) ဗိုက်သားချပ်ရပ်စေမည့် ဝတ်စုံ ဝတ်ပါ

ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်ပြီး ချပ်ရပ်လှပစေတဲ့ ဝတ်စုံမျိုးကို ရွေးချယ် ဝတ်ပါ။ ချည်သား၊ ပိုးသားတို့လို ပေါ့ပါးတဲ့ ဝတ်စုံကို လည်တံနဲ့ ခါးအလှနဲ့ ဝမ်းဗိုက်တစ်ဝိုက်မှာ အနက်ရောင်လို အရောင်ရင့်တာကို ရွေးဝတ်ပါ။



(၆) ရှလကာရည် ထည့်ပါ

ဟင်းရွက်သုပ်တွေ၊ အသားဟင်းတွေထဲမှာ ရှလကာရည် ထည့်ပြီးစားတာက ဝမ်းဗိုက်အဆီတွေကို လျော့ကျစေပြီး ခါးအတိုင်းအတာကို သွယ်လျလှပစေပါတယ်။ ရှလကာ ရည်ထဲက အဆီတစ်အက်စစ်ဟာ အဆီချေဖျက်နိုင်တဲ့ မျိုးဗီဇကို အားပေးကြောင်း လေ့လာသူတွေက ဆိုပါတယ်။


(၇) မတ်မတ်ရပ်ပါ

မတ်မတ်ရပ်တာကြောင့် သင့်ခန္ဓာကိုယ်က ငါးပေါင်လောက် လျော့သွား သလိုထင်ရစေပါတယ်။ ခါးကို မတ်မတ်နေတာက ဝမ်းဗိုက်နဲ့ ခါးကြွက် သားတွေကို သန်စွမ်းကျစ်လျစ်သွားစေပါတယ်။

Credit:ကြယ်စင်



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top