iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအစားအေသာက္ေတြက သင္စားေနက် အစာေတြပါပဲ။ ဒီအစာေတြကို စားတာေၾကာင့္ သင္ထင္ထားတာထက္ က်န္းမာေရးနဲ့ ပိုညီညြတ္ေၾကာင္း ေလ့လာမႈအသစ္ေတြ အရ သိရပါတယ္။

ကိုယ္အေလးခိ်န္ ျမင့္တက္တာ၊ ရုတ္တရက္ ေလ်ာ့က်တာ၊ သေနၶသား ၾကီးထြားတာနဲ့ ဆဲြဆန့္ ေလ့က်င့္ခန္းေတြ ျပုလုပ္တာေၾကာင့္ အေရျပားမွာ အေၾကာျပတ္ရာေတြ ျဖစ္တတ္ပါတယ္။ အေၾကာျပတ္ရာက ကိုယ္၀န္ေဆာင္ခိ်န္မွာ အျဖစ္အမ်ားဆံုးပါ။ ကိုယ္၀န္ေဆာင္စဥ္မွာ ဗိုက္ထဲက သေနၶသားဟာ တျဖည္းျဖည္း ၾကီးထြားလာတဲ့အတြက္အေၾကာျပတ္ရာေတြ ျဖစ္ေပၚေစတာ ျဖစ္ပါတယ္။ အေၾကာျပတ္ရာေတြ မျဖစ္ေအာင္ ကာကြယ္နိုင္ဖို့ ေအာက္ပါ နည္းလမ္းေတြကို လိုက္နာသင့္ပါတယ္။

ဗီတာမင္အီးအေရျပားရဲ့ တင္းအားကို ေကာင္းမြန္ေအာင္ ျပုလုပ္ရင္း အေၾကာျပတ္ရာ မျဖစ္ေအာင္ ကာကြယ္နိုင္ဖို့ ဗီတာမင္အီးကို သံုးပါ။ ဗီတာမင္အီးကို ေဆးေတာင့္ အျဖစ္ မီွ၀ဲနိုင္သလို လိုးရွင္းအျဖစ္၊ အဆီအျဖစ္ အေရျပားေပၚ သုတ္လိမ္းနိုင္ပါတယ္။ ၁၀၀ ရာခိုင္နႈန္း စစ္မွန္တဲ့ ဗီတာမင္အီးကို လိမ္းတာ အေကာင္းဆံုးပါ။

အုန္းဆီ

အုန္းဆီကလည္း အေၾကာျပတ္ရာကို ကာကြယ္ေပးတဲ့ အဆီအျဖစ္ လူသိမ်ားၾကပါတယ္။ ဗီတာမင္အီးလိုပဲ အုန္းဆီဟာ အသားအေရကို အားျဖည့္ေပးျပီး အစိုဓာတ္ ထိန္းေပးတဲ့အျပင္ အေရျပား တင္းအားကို ေကာင္းမြန္ေစပါတယ္။ အုန္းဆီထဲကို လက္ဖက္ဆီ အစက္ အနည္းငယ္ ထည့္ျပီး လိမ္းရင္ အာနိသင္ ပိုေကာင္းပါတယ္။

ေကာ္ဖီေစ့ေကာ္ဖီေစ့မႈန့္

ေကာ္ဖီေစ့ေကာ္ဖီေစ့မႈန့္ေတြကလည္း အေၾကာျပတ္ရာ မျဖစ္ေအာင္ ကာကြယ္ ကုသေပးနိုင္ပါတယ္။ ေကာ္ဖီေစ့မႈန့္ကို ရွားေစာင္းလက္ပပ္ အနွစ္ ဒါမွမဟုတ္ သံလြင္ဆီ ေရာျပီး အေၾကာျပတ္ရာ ျဖစ္ေနတဲ့ အေရျပားကို လိမ္းပါ။ တစ္ေန့ မိနစ္ ၂၀ ခန့္ ထားျပီးမွ ၾကက္သီးေနြးေရနဲ့ ညင္ညင္သာသာ ေဆးေၾကာေပးရပါမယ္။

ၾကက္ဆူဆီ

ၾကက္ဆူဆီဟာ အေၾကာျပတ္ရာကို ကာကြယ္ကုသေပးနိုင္တဲ့ အဆီျဖစ္ပါတယ္။ အေၾကာျပတ္ရာ ျဖစ္ေနတဲ့ အေရျပားမွာ ၾကက္ဆူဆီကို လိမ္းျပီး နိွပ္နယ္ေပးပါ။ အဆီက ပ်စ္လြန္းရင္ သံလြင္ဆီ ေရာထည့္ျပီး ကဲ်ေအာင္ လုပ္ကာ လိမ္းေပးပါ။ နိွပ္နယ္ျပီး ၁၀-၂၀ မိနစ္ၾကာ ထားလိုက္ရင္ အေရျပားထဲကို အဆီ ထိုးေဖာက္ ၀င္ေရာက္ သြားေစပါတယ္။

Shea Butter

အသားအေရကို အစိုဓာတ္ ထိန္းေပးနိုင္တဲ့ အဆီျဖစ္တာေၾကာင့္ လိမ္းထားရင္ ေရဓာတ္ ျပည့္၀ေနေစပါတယ္။ Shea Butter ပါတဲ့ ခရင္မ္လိမ္းတာေၾကာင့္ အေရျပားတင္းအားကို ေကာင္းမြန္ေစျပီး အေၾကာျပတ္ရာကို သက္သာေစပါတယ္။

Credit:ျပည္ျမန္မာ
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီအစားအသောက်တွေက သင်စားနေကျ အစာတွေပါပဲ။ ဒီအစာတွေကို စားတာကြောင့် သင်ထင်ထားတာထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ကြောင်း လေ့လာမှုအသစ်တွေ အရ သိရပါတယ်။

ကိုယ်အလေးချိန် မြင့်တက်တာ၊ ရုတ်တရက် လျော့ကျတာ၊ သန္ဓေသား ကြီးထွားတာနဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ပြုလုပ်တာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။ အကြောပြတ်ရာက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံးပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်ထဲက သန္ဓေသားဟာ တဖြည်းဖြည်း ကြီးထွားလာတဲ့အတွက်အကြောပြတ်ရာတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ အကြောပြတ်ရာတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ဗီတာမင်အီးအရေပြားရဲ့ တင်းအားကို ကောင်းမွန်အောင် ပြုလုပ်ရင်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ်နိုင်ဖို့ ဗီတာမင်အီးကို သုံးပါ။ ဗီတာမင်အီးကို ဆေးတောင့် အဖြစ် မှီဝဲနိုင်သလို လိုးရှင်းအဖြစ်၊ အဆီအဖြစ် အရေပြားပေါ် သုတ်လိမ်းနိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း စစ်မှန်တဲ့ ဗီတာမင်အီးကို လိမ်းတာ အကောင်းဆုံးပါ။

အုန်းဆီ

အုန်းဆီကလည်း အကြောပြတ်ရာကို ကာကွယ်ပေးတဲ့ အဆီအဖြစ် လူသိများကြပါတယ်။ ဗီတာမင်အီးလိုပဲ အုန်းဆီဟာ အသားအရေကို အားဖြည့်ပေးပြီး အစိုဓာတ် ထိန်းပေးတဲ့အပြင် အရေပြား တင်းအားကို ကောင်းမွန်စေပါတယ်။ အုန်းဆီထဲကို လက်ဖက်ဆီ အစက် အနည်းငယ် ထည့်ပြီး လိမ်းရင် အာနိသင် ပိုကောင်းပါတယ်။

ကော်ဖီစေ့ကော်ဖီစေ့မှုန့်

ကော်ဖီစေ့ကော်ဖီစေ့မှုန့်တွေကလည်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ် ကုသပေးနိုင်ပါတယ်။ ကော်ဖီစေ့မှုန့်ကို ရှားစောင်းလက်ပပ် အနှစ် ဒါမှမဟုတ် သံလွင်ဆီ ရောပြီး အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားကို လိမ်းပါ။ တစ်နေ့ မိနစ် ၂၀ ခန့် ထားပြီးမှ ကြက်သီးနွေးရေနဲ့ ညင်ညင်သာသာ ဆေးကြောပေးရပါမယ်။

ကြက်ဆူဆီ

ကြက်ဆူဆီဟာ အကြောပြတ်ရာကို ကာကွယ်ကုသပေးနိုင်တဲ့ အဆီဖြစ်ပါတယ်။ အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားမှာ ကြက်ဆူဆီကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အဆီက ပျစ်လွန်းရင် သံလွင်ဆီ ရောထည့်ပြီး ကဲျအောင် လုပ်ကာ လိမ်းပေးပါ။ နှိပ်နယ်ပြီး ၁၀-၂၀ မိနစ်ကြာ ထားလိုက်ရင် အရေပြားထဲကို အဆီ ထိုးဖောက် ဝင်ရောက် သွားစေပါတယ်။

Shea Butter

အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်တဲ့ အဆီဖြစ်တာကြောင့် လိမ်းထားရင် ရေဓာတ် ပြည့်ဝနေစေပါတယ်။ Shea Butter ပါတဲ့ ခရင်မ်လိမ်းတာကြောင့် အရေပြားတင်းအားကို ကောင်းမွန်စေပြီး အကြောပြတ်ရာကို သက်သာစေပါတယ်။

Credit:ပြည်မြန်မာ

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top