iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာ အဆီျပန္တတ္သူေတြ နဲ႔ ေပါင္းစပ္အသားအေရ (ေခၚ) နဖူးအလယ္ ႏွာေခါင္း၊ ေမးေစ့ ေတြမွာ အဆီျပန္တတ္သူေတြဟာ အမည္းစက္ေတြ ထြက္ေလ့ရွိပါ တယ္။ အမည္းစက္လို႔ ဆိုေပမယ့္ တကယ္တမ္းမွာေတာ့ ဝက္ျခံျဖစ္ ၿပီး ၄င္းကိုညႇစ္လိုက္တဲ့အခါအထဲ က အျဖဴေရာင္အဆန္ေလးေတြ ထြက္လာတာမ်ဳိးပါ။ ထိုအမည္း စက္ေတြကို ႏွာေခါင္းထိပ္တစ္ ဝိုက္မွာ အမ်ားဆံုးေတြ႕ ရၿပီး ႏွာ ေခါင္းေဘးကပ္လ်က္ရွိေသာ ပါး ေပၚမွာလဲေတြ႕ရတတ္ပါတယ္ ။ ေအာက္ႏႈတ္ခမ္းနဲ႔ နီးကပ္ေနေသာ ေမးေစ့ေပၚမွာေတာ့ၾကာစူးကဲ့သို႔ အဖုခြၽန္းခြၽန္းေလးေတြ ခပ္က်ဲက်ဲ ထြက္ၿပီး ၄င္းကိုကုတ္ျခစ္ၾကည့္တဲ့ အခါမွာလဲ အျဖဴေရာင္အဆန္ ထြက္ရွိလာပါတယ္။ ပ်မ္းမွ်အားျဖင့္ အမ်ိဳးသားေတြ ထက္အမ်ိဳးသမီးေတြမွာပို၍အျဖစ္ မ်ားၿပီး ဆယ္ေက်ာ္သက္အရြယ္က စလို႔ ခုလိုမ်ိဳးထြက္လာၾကတာပါ။

သာမန္ဝက္ျခံဖုေတြဟာ အခ်ိန္တန္ လို႔ သူ႕အလိုလို မွည့္သြားတဲ့အခါ အျဖဴေရာင္အဆန္ ေသြးစေသြးနနဲ႔ သားနံရည္ေတြထြက္လာေပမယ့္၊ အမည္းစက္ ေတြကေတာ့ အဲဒီလို မဟုတ္ပါဘူး။ ဒါေၾကာင့္ ၄င္း အမည္းစက္ေတြကို အထဲကအဆန္ ထြက္လာဖို႔ညႇစ္ေပးရမွာပါ။ တခ်ိဳ႕ သူေတြက ညႇစ္လိုက္ရင္ပြားတတ္ တယ္ဆိုကာ မညႇစ္ရဲဘဲထားၾက ပါတယ္။ တကယ္တမ္းမွာေတာ့ အမည္းစက္ေတြကမပြားတတ္ပါ ဘူး။ သို႔ေသာ္အျမစ္ျပတ္တယ္လို႕ မရွိဘဲ အဆန္ေတြထြက္သြားၿပီး ေနာက္ရက္အနည္းငယ္အတြင္းမွာ ပင္ေနရာေဟာင္းမွာသူ႕အလိုလိုျပန္ ေပၚလာေလ့ရွိပါတယ္။ အလွကုန္ေစ်းကြက္ထဲမွာ ႏွာ ေခါင္းကပ္ (ကပ္ခြာ)ပစၥည္းေလး ေတြ၊ အမည္းစက္အတြက္သီးျခား ဖန္တီးထားတဲ့ scrub (ေခၚ)ဂ်ီး (ေၾကး) တြန္းသန္႔စင္ပစၥည္းေလးေတြ ရႏိုင္သလို၊ အလွျပင္ဆိုင္ေတြမွာ လဲ မ်က္ႏွာေပၚက အမည္းစက္ ေတြ ကိုေဆးသံုး၍ ဖယ္ရွားေပးေန ပါတယ္။ အလွျပင္ဆိုင္သို႔ တကူး တက သြားေနစရာမလိုဘဲ မိမိအိမ္ မွာပင္႐ိုးရွင္းလြယ္ကူတဲ့နည္းလမ္း ေလးေတြသံုးၿပီး ေဘးဥပါဒ္မျဖစ္ ေစဘဲအမည္းစက္ေတြကိုဖယ္ရွား လို႔ရပါတယ္။

သို႔ေသာ္သန္႔ရွင္းမႈ နဲ႔အတူ ဇြဲရွိဖို႔ေတာ့ လိုပါတယ္။ ဦးစြာညအိပ္ရာဝင္ခါနီး မ်က္ ႏွာသစ္ျပီးေနာက္ အမည္းစက္ ေတြကို လက္သန္႔သန္႔ျဖင့္ညႇစ္ ထုတ္ပါ။(ဝက္ျခံညႇစ္ကိရိယာကို သံုးႏိုင္ေသာ္ လည္း ေနာင္တစ္ ႀကိမ္ျပန္သံုးဖို႔အတြက္ ထိုကိရိယာ ကို သန္႔ရွင္းစင္ၾကယ္ေနပါေစ။) ၿပီးရင္ Foaming Cleanser ပါတဲ့ Oil Free (ေခၚ)အဆီျပန္သူေတြ အတြက္ သီးသန္႔ထုတ္လုပ္ထား ေသာ မ်က္ႏွာသစ္ ဆပ္ျပာျဖင့္စင္ ၾကယ္ေအာင္ထပ္မံ၍ မ်က္ႏွာ သစ္ျပီးေနာက္ မိမိအဆင္ေျပရာ ေအာက္ပါနည္း တစ္ခုခုကိုသံုးပါ။ (၁) ခရမ္းခ်ဥ္သီးကို အလယ္ က ထက္ျခမ္းျခမ္း၊ အေစ့ထုတ္၍ ထိုခရမ္းခ်ဥ္သီး အသားႏွင့္ႏွာေခါင္း ထိပ္ကိုပြတ္ေပးပါ ။ မိနစ္ ၂ဝ ခန္႔ အၾကာမွာ ေရေအးျဖင့္မ်က္ႏွာသစ္ ေပးပါ။

(ေရခဲရည္မဟုတ္ပါ။) (၂) ႏွာေခါင္းထိပ္ပိုင္း၊ ေမးစိ ႏွင့္ႏွာတံေဘးမွပါးႏွစ္ဖက္ေပၚသို႔ ရွားေစာင္း လက္ပပ္ဂ်ယ္လီ (အႏွစ္ သား)ျဖင့္လိမ္းပြတ္ေပးပါ ။ ၁၅ မိနစ္ခန္႔အၾကာ မ်က္ႏွာကို ေရေအး ျဖင့္ သန္႔စင္ေပးပါ။ (ေရခဲရည္ မဟုတ္ပါ။) (၃) ႏွင္းဆီရည္ျဖင့္ မ်က္ႏွာ သစ္ေပးႏိုင္ပါတယ္။ Rose Water (ေခၚ)ႏွင္းဆီရည္ကို အလွကုန္ ပစၥည္းဆိုင္ေတြမွာ ဝယ္ယူရရွိႏိုင္ ပါတယ္။ (၄) ဆားရည္မပ်စ္မက်ဲေဖ်ာ္ ၍ အမည္းစက္မ်ားေတြေပၚကို သာလိမ္းပြတ္ေပးပါ။ ၁၅မိနစ္ခန္႔ အၾကာမ်က္ႏွာကို ေရေအးျဖင့္သန္႔ စင္ေပးပါ။ ဒီနည္းကအေရျပားေပၚ က ဆဲလ္အေသေတြကို ထိေရာက္ စြာဖယ္ရွားေပးႏိုင္ပါတယ္။(ေရခဲ ရည္မသံုးရ) (၅) ပဝါသန္႔သန္႔ကို ေရေႏြး ျဖဴစိမ္ကာအရည္ညႇစ္၍ထိုအမည္း စက္ေတြေပၚ ေခတၱအုပ္ထားေပး ပါ။

ဒီနည္းကေခြၽးေပါက္ပြင့္က်ယ္ လာျပီးေတာ့ အမည္းစက္ေတြကို အလြယ္တကူညႇစ္ထုတ္လို႔ရပါ တယ္။ (အရမ္းပူေသာေရေႏြးကို မဆိုလိုပါ။) (၆) သံပရာရည္နဲ႔ သစ္ၾကံပိုး ေခါက္မႈန္႔တို႔ကို ဆတူေရာျပီးည အိပ္ရာဝင္ခါနီး အမည္းစက္ေတြ ေပၚလိမ္းပါ။ တစ္ညလံုးလိမ္း အိပ္ၿပီးေနာက္ နံနက္အိပ္ရာထ မ်က္ႏွာသစ္ေပးနိုင္ပါတယ္။ မွတ္ခ်က္ (က) အထက္ေဖာ္ျပပါမည္ သည့္ နည္းကိုပဲသံုးသံုး၊ လက္ကို စင္ၾကယ္စြာ ေဆးေၾကာျပီးမွသာ မ်က္ႏွာကိုကိုင္တြယ္ရမွာပါ။ (ခ) အမည္းစက္ေတြကို ၾကမ္းၾကမ္း တမ္းတမ္း ကုတ္ဖဲ့ျခစ္ထုတ္ျခင္း မျပဳရ၊ မ်က္ႏွာအသားအေရ ဒဏ္ ရာျဖစ္သြားႏိုင္လို႔ပါ။

(ဂ) အမည္း စက္ေတြညႇစ္ျပီးေနာက္ မိတ္ကပ္၊ ကရင္ပပ္ဖ္ေတြ ခ်က္ခ်င္း မလိမ္း သင့္ပါဘူး။ အလွျပင္ပစၥည္းေတြမွာ ပါတဲ့ အဆီဓာတ္ေတြ ဝက္ျခံ ေပါက္ထဲကို စိမ့္ဝင္ေရာက္သြားျပီး ျပည္တည္ ဝက္ျခံျဖစ္သြားႏိုင္သလို ၊ ေနာက္ထပ္ အဆန္ျပည့္အမည္းစက္ ေတြလဲ ခ်က္ခ်င္းဆိုသလို ျပန္ ေပၚလာႏိုင္ပါတယ္။ (ဃ) တစ္ေန႔ တာလံုး လိမ္းက်ံထားတဲ့ မိတ္ကပ္ နဲ ့ အလွအပေတြကို ကုန္စင္ေအာင္ ေဆးေၾကာသန္႔စင္ဖို႔ကေတာ့ သင့္ရဲ႕ သမိုင္းေပးတာဝန္ပဲ ျဖစ္ပါတယ္။ (င) ဆိုးဆိုးရြားရြားအမည္း စက္ ထြက္သူေတြအေနနဲ႔ အလွျပင္ဆိုင္ ေတြမွာ ်ခမကဘ ေၾကးခြၽတ္ျခင္းကို တစ္လတစ္ၾကိမ္ မွန္မွန္လုပ္ေပးဖို႕ လိုပါျပီ္။ အလွအပ ျမတ္ႏိုးသူတိုင္း လွ သထက္လွႏိုင္ၾကပါေစရွင္။

Credit:ေပါက္ေပါက္

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်နှာ အဆီပြန်တတ်သူတွေ နဲ့ ပေါင်းစပ်အသားအရေ (ခေါ်) နဖူးအလယ် နှာခေါင်း၊ မေးစေ့ တွေမှာ အဆီပြန်တတ်သူတွေဟာ အမည်းစက်တွေ ထွက်လေ့ရှိပါ တယ်။ အမည်းစက်လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ ဝက်ခြံဖြစ် ပြီး ၎င်းကိုညှစ်လိုက်တဲ့အခါအထဲ က အဖြူရောင်အဆန်လေးတွေ ထွက်လာတာမျိုးပါ။ ထိုအမည်း စက်တွေကို နှာခေါင်းထိပ်တစ် ဝိုက်မှာ အများဆုံးတွေ့ ရပြီး နှာ ခေါင်းဘေးကပ်လျက်ရှိသော ပါး ပေါ်မှာလဲတွေ့ရတတ်ပါတယ် ။ အောက်နှုတ်ခမ်းနဲ့ နီးကပ်နေသော မေးစေ့ပေါ်မှာတော့ကြာစူးကဲ့သို့ အဖုချွန်းချွန်းလေးတွေ ခပ်ကျဲကျဲ ထွက်ပြီး ၎င်းကိုကုတ်ခြစ်ကြည့်တဲ့ အခါမှာလဲ အဖြူရောင်အဆန် ထွက်ရှိလာပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတွေ ထက်အမျိုးသမီးတွေမှာပို၍အဖြစ် များပြီး ဆယ်ကျော်သက်အရွယ်က စလို့ ခုလိုမျိုးထွက်လာကြတာပါ။

သာမန်ဝက်ခြံဖုတွေဟာ အချိန်တန် လို့ သူ့အလိုလို မှည့်သွားတဲ့အခါ အဖြူရောင်အဆန် သွေးစသွေးနနဲ့ သားနံရည်တွေထွက်လာပေမယ့်၊ အမည်းစက် တွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ၎င်း အမည်းစက်တွေကို အထဲကအဆန် ထွက်လာဖို့ညှစ်ပေးရမှာပါ။ တချို့ သူတွေက ညှစ်လိုက်ရင်ပွားတတ် တယ်ဆိုကာ မညှစ်ရဲဘဲထားကြ ပါတယ်။ တကယ်တမ်းမှာတော့ အမည်းစက်တွေကမပွားတတ်ပါ ဘူး။ သို့သော်အမြစ်ပြတ်တယ်လို့ မရှိဘဲ အဆန်တွေထွက်သွားပြီး နောက်ရက်အနည်းငယ်အတွင်းမှာ ပင်နေရာဟောင်းမှာသူ့အလိုလိုပြန် ပေါ်လာလေ့ရှိပါတယ်။ အလှကုန်ဈေးကွက်ထဲမှာ နှာ ခေါင်းကပ် (ကပ်ခွာ)ပစ္စည်းလေး တွေ၊ အမည်းစက်အတွက်သီးခြား ဖန်တီးထားတဲ့ scrub (ခေါ်)ဂျီး (ကြေး) တွန်းသန့်စင်ပစ္စည်းလေးတွေ ရနိုင်သလို၊ အလှပြင်ဆိုင်တွေမှာ လဲ မျက်နှာပေါ်က အမည်းစက် တွေ ကိုဆေးသုံး၍ ဖယ်ရှားပေးနေ ပါတယ်။ အလှပြင်ဆိုင်သို့ တကူး တက သွားနေစရာမလိုဘဲ မိမိအိမ် မှာပင်ရိုးရှင်းလွယ်ကူတဲ့နည်းလမ်း လေးတွေသုံးပြီး ဘေးဥပါဒ်မဖြစ် စေဘဲအမည်းစက်တွေကိုဖယ်ရှား လို့ရပါတယ်။

သို့သော်သန့်ရှင်းမှု နဲ့အတူ ဇွဲရှိဖို့တော့ လိုပါတယ်။ ဦးစွာညအိပ်ရာဝင်ခါနီး မျက် နှာသစ်ပြီးနောက် အမည်းစက် တွေကို လက်သန့်သန့်ဖြင့်ညှစ် ထုတ်ပါ။(ဝက်ခြံညှစ်ကိရိယာကို သုံးနိုင်သော် လည်း နောင်တစ် ကြိမ်ပြန်သုံးဖို့အတွက် ထိုကိရိယာ ကို သန့်ရှင်းစင်ကြယ်နေပါစေ။) ပြီးရင် Foaming Cleanser ပါတဲ့ Oil Free (ခေါ်)အဆီပြန်သူတွေ အတွက် သီးသန့်ထုတ်လုပ်ထား သော မျက်နှာသစ် ဆပ်ပြာဖြင့်စင် ကြယ်အောင်ထပ်မံ၍ မျက်နှာ သစ်ပြီးနောက် မိမိအဆင်ပြေရာ အောက်ပါနည်း တစ်ခုခုကိုသုံးပါ။ (၁) ခရမ်းချဉ်သီးကို အလယ် က ထက်ခြမ်းခြမ်း၊ အစေ့ထုတ်၍ ထိုခရမ်းချဉ်သီး အသားနှင့်နှာခေါင်း ထိပ်ကိုပွတ်ပေးပါ ။ မိနစ် ၂ဝ ခန့် အကြာမှာ ရေအေးဖြင့်မျက်နှာသစ် ပေးပါ။

(ရေခဲရည်မဟုတ်ပါ။) (၂) နှာခေါင်းထိပ်ပိုင်း၊ မေးစိ နှင့်နှာတံဘေးမှပါးနှစ်ဖက်ပေါ်သို့ ရှားစောင်း လက်ပပ်ဂျယ်လီ (အနှစ် သား)ဖြင့်လိမ်းပွတ်ပေးပါ ။ ၁၅ မိနစ်ခန့်အကြာ မျက်နှာကို ရေအေး ဖြင့် သန့်စင်ပေးပါ။ (ရေခဲရည် မဟုတ်ပါ။) (၃) နှင်းဆီရည်ဖြင့် မျက်နှာ သစ်ပေးနိုင်ပါတယ်။ Rose Water (ခေါ်)နှင်းဆီရည်ကို အလှကုန် ပစ္စည်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။ (၄) ဆားရည်မပျစ်မကျဲဖျော် ၍ အမည်းစက်များတွေပေါ်ကို သာလိမ်းပွတ်ပေးပါ။ ၁၅မိနစ်ခန့် အကြာမျက်နှာကို ရေအေးဖြင့်သန့် စင်ပေးပါ။ ဒီနည်းကအရေပြားပေါ် က ဆဲလ်အသေတွေကို ထိရောက် စွာဖယ်ရှားပေးနိုင်ပါတယ်။(ရေခဲ ရည်မသုံးရ) (၅) ပဝါသန့်သန့်ကို ရေနွေး ဖြူစိမ်ကာအရည်ညှစ်၍ထိုအမည်း စက်တွေပေါ် ခေတ္တအုပ်ထားပေး ပါ။

ဒီနည်းကချွေးပေါက်ပွင့်ကျယ် လာပြီးတော့ အမည်းစက်တွေကို အလွယ်တကူညှစ်ထုတ်လို့ရပါ တယ်။ (အရမ်းပူသောရေနွေးကို မဆိုလိုပါ။) (၆) သံပရာရည်နဲ့ သစ်ကြံပိုး ခေါက်မှုန့်တို့ကို ဆတူရောပြီးည အိပ်ရာဝင်ခါနီး အမည်းစက်တွေ ပေါ်လိမ်းပါ။ တစ်ညလုံးလိမ်း အိပ်ပြီးနောက် နံနက်အိပ်ရာထ မျက်နှာသစ်ပေးနိုင်ပါတယ်။ မှတ်ချက် (က) အထက်ဖော်ပြပါမည် သည့် နည်းကိုပဲသုံးသုံး၊ လက်ကို စင်ကြယ်စွာ ဆေးကြောပြီးမှသာ မျက်နှာကိုကိုင်တွယ်ရမှာပါ။ (ခ) အမည်းစက်တွေကို ကြမ်းကြမ်း တမ်းတမ်း ကုတ်ဖဲ့ခြစ်ထုတ်ခြင်း မပြုရ၊ မျက်နှာအသားအရေ ဒဏ် ရာဖြစ်သွားနိုင်လို့ပါ။

(ဂ) အမည်း စက်တွေညှစ်ပြီးနောက် မိတ်ကပ်၊ ကရင်ပပ်ဖ်တွေ ချက်ချင်း မလိမ်း သင့်ပါဘူး။ အလှပြင်ပစ္စည်းတွေမှာ ပါတဲ့ အဆီဓာတ်တွေ ဝက်ခြံ ပေါက်ထဲကို စိမ့်ဝင်ရောက်သွားပြီး ပြည်တည် ဝက်ခြံဖြစ်သွားနိုင်သလို ၊ နောက်ထပ် အဆန်ပြည့်အမည်းစက် တွေလဲ ချက်ချင်းဆိုသလို ပြန် ပေါ်လာနိုင်ပါတယ်။ (ဃ) တစ်နေ့ တာလုံး လိမ်းကျံထားတဲ့ မိတ်ကပ် နဲ့ အလှအပတွေကို ကုန်စင်အောင် ဆေးကြောသန့်စင်ဖို့ကတော့ သင့်ရဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။ (င) ဆိုးဆိုးရွားရွားအမည်း စက် ထွက်သူတွေအနေနဲ့ အလှပြင်ဆိုင် တွေမှာ ျခမကဘ ကြေးချွတ်ခြင်းကို တစ်လတစ်ကြိမ် မှန်မှန်လုပ်ပေးဖို့ လိုပါပြီ်။ အလှအပ မြတ်နိုးသူတိုင်း လှ သထက်လှနိုင်ကြပါစေရှင်။

Credit:ပေါက်ပေါက်



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top