iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြမွာ ႀကဳံရေလ့ရွိတဲ့ လိင္ပုိင္းဆုိင္ရာ စြမ္းေဆာင္မႈက်ဆင္းျခင္း၊ လိင္အဂၤါေတာင့္တင္းမႈ အားနည္းျခင္း စတဲ့က်န္းမာေရး ျပႆနာေတြက သူတို႔ ခႏၶာကိုယ္ထဲမွာ စီးဆင္းေနတဲ့ ေသြးအမ်ိဳးအစားနဲ႔ အနည္းငယ္ပတ္သတ္မႈ ရွိေနႏိုင္တယ္လို႔ ဆိုပါတယ္။
အမ်ိဳးသားအဂၤါေတာင့္တင္းမႈ အားနည္းလုိ႔ အိမ္ေထာင္ေရးသုခ စြမ္းေဆာင္ရည္က်ဆင္းတယ္ဆိုၿပီး ကိုယ့္ကိုယ္ကို အားမလုိအားမရ ျဖစ္ေနတတ္ၾကပါတယ္။ မ်ိဳးပြားအဂၤါ အျမန္ေတာင့္တင္းလာေစဖို႔ဆိုရင္ လိင္အဂၤါထဲမွာ ရွိတဲ့ ေသြးေၾကာမွ်င္ေလးေတြရဲ့ ေသြးလည္ပတ္စီးဆင္းမႈအားေကာင္းမွ ျဖစ္မွာပါ။ မ်ိဳးပြားအဂၤါရွိ ေသြးေၾကာေတြဆီကို ေသြးလည္ပတ္မႈေကာင္းေကာင္း မရတဲ့အတြက္ ေသြးစီးဆင္းမႈ မလံုေလာက္တာေၾကာင့္ ေတာ္ေတာ္နဲ႔ မာေတာင့္လာျခင္း မရွိေတာ့ပါဘူး။ သင့္လိင္အဂၤါမွာရွိတဲ့ ေသြးေၾကာေလးေတြက ႏွလံုးမွာ ရွိတဲ့ ေသြးေၾကာေတြထက္ကို ပိုေသးမွ်င္ၿပီး ပိုက်ဥ္းေျမာင္းၾကပါတယ္။ ဒါေၾကာင့္ သင့္မွာ လိင္ပုိင္းဆုိင္ရာ စြမ္းေဆာင္ႏိုင္စြမ္းနည္းပါးျခင္းလကၡဏာျပတာ သံုးႏွစ္ေလာက္ရွိေနၿပီရင္ ႏွလံုးနဲ႔ သက္ဆိုင္တဲ့ ေရာဂါေတြပါ ျဖစ္လာႏိုင္ေျခ အမ်ားႀကီး ရွိေနပါတယ္။
သင္စိတ္ဝင္စားႏိုင္မယ့္ အေၾကာင္းအရာ
ဒီလို ေသြးလည္ပတ္စီးဆင္းမႈ အားေကာင္းတာ၊ မေကာင္းတာက သင့္အားကစားလုပ္တာ မလုပ္တာေၾကာင့္ တစ္ခုတည္း မဟုတ္ဘဲ သင့္ေသြးအမ်ိဳးအစားေၾကာင့္ပါ ျဖစ္ေနႏိုင္တယ္လို႔ တူရကီမွ ေလ့လာခ်က္တစ္ခုအရ ေတြ႔ရွိခဲ့ပါတယ္။ အရင္ကတည္းက ေအဘီသမားေတြဟာ ေသြးတြင္း အဆီခဲျခင္း၊ ကိုလက္စထေရာမ်ားျခင္း၊ ႏွလံုးအဆီဖံုးျခင္းနဲ႔ အျခားႏွလံုးနဲ႔ ပတ္သတ္တဲ့ ျပႆနာေတြ အျဖစ္မ်ားေလ့ရွိတာကို ေလ့လာေတြ႕ရွိခဲ့ၾကဖူးပါတယ္။ ေအေသြးနဲ႔ ဘီေသြးသမားေတြက ေသြးထဲမွာအဆီခဲေတြကို ေျခဖ်က္ႏိုင္စြမ္း နည္းပါးၾကပါတယ္။ ဒါေၾကာင့္ ေသြးပ်စ္ခဲျခင္းေတြ ျဖစ္လာၿပီး ခႏၶာကိုယ္တြင္း ေသြးလည္ပတ္စီးဆင္းမႈကို ေႏွာင့္ေႏွးေစႏိုင္တာ ျဖစ္ပါတယ္။ ဒီလို ေသြးစီးဆင္းမႈ ေႏွးတာေၾကာင့္ လိင္အဂၤါဆီသို႔ ေသြးအလံုအေလာက္စီးဆင္းႏိုင္ျခင္း မရွိေတာ့ဘဲ ေတာ္ေတာ္နဲ႔ လိင္အဂၤါေတာင့္တင္းမႈ မရွိႏိုင္ေတာ့တာ ျဖစ္ပါတယ္။
အခ်ိန္ၾကာျမင့္ေစဖို႔
ဒီေလ့လာမႈမွာ အုိေသြး အမ်ိဳးအစားပိုင္ရွင္ အမ်ိဳးသားေတြက ေအေသြး၊ ဘီေသြးနဲ႔ ေအဘီေသြးပိုင္ရွင္ အမ်ိဳးသားေတြထက္ လိင္ပုိင္းဆုိင္ရာ အားနည္းမႈ၊ ေတာင့္တင္းႏိုင္စြမ္းနည္းပါးမႈေတြ သိပ္ေတြ႕ႀကံဳရေလ့ မရွိတာကို ေတြ႔ရွိခဲ့ပါတယ္။ အိုေသြးအမ်ိဳးအစားပိုင္ရွင္ေတြမွာ အျခားေသြးအမ်ိဳးအစားပိုင္ရွင္ေတြထက္ ေသြးစီးဆင္းမႈ အားေကာင္းေလ့ရွိၾကတာေၾကာင့္ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ႏုိင္မႈမွာလည္း ေအဘီေသြးပိုင္ရွင္ အမ်ိဳးသားေတြထက္ (၅) ဆ၊ ေအေသြး၊ ဘီေသြးသမားေတြထက္ (၄) ဆ ပိုမို အားေကာင္းတယ္လို႔ ဆိုပါတယ္။
သင္စိတ္ဝင္စားႏိုင္တဲ့ ေဆာင္းပါး - အိုမီဂါ သရီး (Omega 3) ေခၚ ငါးႀကီးဆီ ေသာက္ျခင္းေၾကာင့္ ရရွိႏိုင္တဲ့အက်ိဳးေက်းဇူးမ်ား

Source : Men'sHealth

Credit: Apannpyay

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားတွေမှာ ကြုံရလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကျဆင်းခြင်း၊ လိင်အင်္ဂါတောင့်တင်းမှု အားနည်းခြင်း စတဲ့ကျန်းမာရေး ပြဿနာတွေက သူတို့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးအမျိုးအစားနဲ့ အနည်းငယ်ပတ်သတ်မှု ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
အမျိုးသားအင်္ဂါတောင့်တင်းမှု အားနည်းလို့ အိမ်ထောင်ရေးသုခ စွမ်းဆောင်ရည်ကျဆင်းတယ်ဆိုပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်နေတတ်ကြပါတယ်။ မျိုးပွားအင်္ဂါ အမြန်တောင့်တင်းလာစေဖို့ဆိုရင် လိင်အင်္ဂါထဲမှာ ရှိတဲ့ သွေးကြောမျှင်လေးတွေရဲ့ သွေးလည်ပတ်စီးဆင်းမှုအားကောင်းမှ ဖြစ်မှာပါ။ မျိုးပွားအင်္ဂါရှိ သွေးကြောတွေဆီကို သွေးလည်ပတ်မှုကောင်းကောင်း မရတဲ့အတွက် သွေးစီးဆင်းမှု မလုံလောက်တာကြောင့် တော်တော်နဲ့ မာတောင့်လာခြင်း မရှိတော့ပါဘူး။ သင့်လိင်အင်္ဂါမှာရှိတဲ့ သွေးကြောလေးတွေက နှလုံးမှာ ရှိတဲ့ သွေးကြောတွေထက်ကို ပိုသေးမျှင်ပြီး ပိုကျဉ်းမြောင်းကြပါတယ်။ ဒါကြောင့် သင့်မှာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းနည်းပါးခြင်းလက္ခဏာပြတာ သုံးနှစ်လောက်ရှိနေပြီရင် နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေပါ ဖြစ်လာနိုင်ခြေ အများကြီး ရှိနေပါတယ်။
သင်စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာ
ဒီလို သွေးလည်ပတ်စီးဆင်းမှု အားကောင်းတာ၊ မကောင်းတာက သင့်အားကစားလုပ်တာ မလုပ်တာကြောင့် တစ်ခုတည်း မဟုတ်ဘဲ သင့်သွေးအမျိုးအစားကြောင့်ပါ ဖြစ်နေနိုင်တယ်လို့ တူရကီမှ လေ့လာချက်တစ်ခုအရ တွေ့ရှိခဲ့ပါတယ်။ အရင်ကတည်းက အေဘီသမားတွေဟာ သွေးတွင်း အဆီခဲခြင်း၊ ကိုလက်စထရောများခြင်း၊ နှလုံးအဆီဖုံးခြင်းနဲ့ အခြားနှလုံးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ အဖြစ်များလေ့ရှိတာကို လေ့လာတွေ့ရှိခဲ့ကြဖူးပါတယ်။ အေသွေးနဲ့ ဘီသွေးသမားတွေက သွေးထဲမှာအဆီခဲတွေကို ခြေဖျက်နိုင်စွမ်း နည်းပါးကြပါတယ်။ ဒါကြောင့် သွေးပျစ်ခဲခြင်းတွေ ဖြစ်လာပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်စီးဆင်းမှုကို နှောင့်နှေးစေနိုင်တာ ဖြစ်ပါတယ်။ ဒီလို သွေးစီးဆင်းမှု နှေးတာကြောင့် လိင်အင်္ဂါဆီသို့ သွေးအလုံအလောက်စီးဆင်းနိုင်ခြင်း မရှိတော့ဘဲ တော်တော်နဲ့ လိင်အင်္ဂါတောင့်တင်းမှု မရှိနိုင်တော့တာ ဖြစ်ပါတယ်။
အချိန်ကြာမြင့်စေဖို့
ဒီလေ့လာမှုမှာ အိုသွေး အမျိုးအစားပိုင်ရှင် အမျိုးသားတွေက အေသွေး၊ ဘီသွေးနဲ့ အေဘီသွေးပိုင်ရှင် အမျိုးသားတွေထက် လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ တောင့်တင်းနိုင်စွမ်းနည်းပါးမှုတွေ သိပ်တွေ့ကြုံရလေ့ မရှိတာကို တွေ့ရှိခဲ့ပါတယ်။ အိုသွေးအမျိုးအစားပိုင်ရှင်တွေမှာ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက် သွေးစီးဆင်းမှု အားကောင်းလေ့ရှိကြတာကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုမှာလည်း အေဘီသွေးပိုင်ရှင် အမျိုးသားတွေထက် (၅) ဆ၊ အေသွေး၊ ဘီသွေးသမားတွေထက် (၄) ဆ ပိုမို အားကောင်းတယ်လို့ ဆိုပါတယ်။
သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - အိုမီဂါ သရီး (Omega 3) ခေါ် ငါးကြီးဆီ သောက်ခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

Source : Men'sHealth

Credit: Apannpyay



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top