iMyanmarHouse.com - Best Property Website for Myanmar
×


သံပုရာသီး - ၆လုံး
တရုတ်နံနံ - ၃၀၀ ဂရမ်

ပြုလုပ်ပုံအဆင့်ဆင့်


Credit: ( ရွှေအင်းလေး)





Unicode Version


ဆီးချိုသမားများအတွက် ရောဂါသက်သာပြီး ငွေကုန်ကြေးကျနည်းစေမယ့် နည်းလမ်းကောင်းပါပဲ ။ ပါဝင်ပစ္စည်းတွေကလည်း လွယ်လွယ်ကူကူရရှိနိုင်တဲ့ ပစ္စည်းတွေပါပဲ ။

သံပုရာသီး - ၆လုံး
တရုတ်နံနံ - ၃၀၀ ဂရမ်

ပြုလုပ်ပုံအဆင့်ဆင့်
-     ပထမဦးစွာ တရုတ်နံနံပင်များကို ရေဖြင့် သေချာဆေးကြောပြီး အိုးထဲထည့်ပါ။
-     သံပုရာသီး ၆လုံးကို အရည်ညှစ်ပြီး အိုးထဲထည့်လိုက်ပါ။
-     ထို့နောက် အိုးကို အဖုံးဖုံးပြီး အခြားပိုကြီးသောအိုးထဲသို့ ထည့်ပါ ။ ပြီးလျှင် ရေဖြည့်ပြီး မီးဖိုပေါ်တင်ပါ။
-     ပထမဦးဆုံး ရေစဆူလာတာနဲ့ မီးကို အလယ်အလတ်ခန့် လျှော့ချပြီး အပူချိန်နည်းနည်းဖြင့် ၂နာရီခန့်ကြာအောင် ဆက်တည်ထားပါ။
-     ထို့နောက် အိုးကို မီးဖိုပေါ်မှ ဖယ်လိုက်ပါ ။ အထဲမှ အိုးအသေးကို ရေထည့်ထားသော အိုးထဲမှ အပြင်ထုတ်လိုက်ပါ ။ သတိပြုရန်မှာ လုံးဝမအေးမချင်း သံပုရာနှင့်တရုတ်နံနံ ရောထည့်ထားသောအိုးကို မဖွင့်လိုက်ပါနှင့် ။
-     အေးသွားပြီဆိုလျှင် ဖန်ဘူး (သို့) ဖန်ပုလင်းထဲထည့်ကာ သေချာပိတ်ထားပါ ။ ရေခဲသေတ္တာထဲ သိမ်းနိုင်လျှင် ပိုကောင်းပါတယ် ။

ထိုဆေးကို လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့် နေ့စဉ် မနက်စာမစားခင် နာရီဝက်အလိုမှာ စားသုံးပေးပါ ။ ယခုပြုလုပ်ထားသော ဆေးမှာ ၂လခန့် သုံးဆောင်ဖို့ လုံလောက်ပါတယ် ။

Credit: ( ရွှေအင်းလေး)


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top