iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုေကာင္ကေလးထြားလာတယ္ၾကည့္စမ္းဆို ကိုယ့္ကိုယ္ကိုယ္ၾကည့္ရင္းပီတိျဖာတယ္။
လူပ်ိဳျဖစ္ျပီဆိုတဲ႔စိတ္ထဲမယ္ သေဘာေခြ႔ေနတာ အမွန္
ဒါဆိုေယာက်ာ္းတစ္ေယာက္လူပ်ိဳျဖစ္ျပီဆိုတာ ဘယ္လိုသိႏိုင္မလဲ
ဘာေတြနဲ႔သိႏိုင္မလဲ
သူဟာအသံေတြၾသလာမယ္
အသားအေရ ထူထဲလာတယ္
အဆီျပန္တတ္တယ္
ဝက္ျခံေပါက္တတ္တယ္
အေမႊးအမ်ွင္ေတြတစ္ဟုန္ထိုး ေပါက္လာတတ္တယ္။
ဆီးခံုေမႊး
မုတ္ဆိတ္ေမႊး ပါးသိုင္းေမႊး စအိုဝန္းက်င္နဲ႔ လက္ပတီးၾကား အေမႊးအမ်ွင္ထူလာပါတယ္
ဒါ့အျပင္ စိတ္ပိုင္းဆိုင္ရာမွာ
တက္ၾကြျခင္း
ေဒါသထြက္လြယ္ျခင္း
အတုယူတတ္ျခင္း
လိင္စိတ္တက္ၾကြလာမယ္
စူးစမ္းခ်င္မယ္
တျခားဆန္႔က်င္ဘက္လိင္ကို အားက်လာမယ္။
ဒါတင္ဘယ္က မလဲ
ၾကြက္သားေလးေတြေပၚလာတယ္။
အရိုးေလးေတြဖြံ႔ျဖိဳးေတာ့ အရပ္ရွည္လာတယ္။
လည္စလုတ္ေလးေတြထြက္လာတယ္။
ဟုတ္ျပီ
ဒါဆို အဓိက ဘာေျပာင္းလဲမွာလဲဆို
က်ား အဂၤါအဖြဲ႔အစည္းပါ
မိခင္ရဲ႕ဗိုက္အတြင္းမွာ သေႏၶေအာင္တံုး အေဖ့ဆီက ရခဲ႔တဲ႔ Y chromosomeေလးက အစျပဳ ပါတယ္။
ဒီေနရာမွာ အမ်ိဳးသား လိင္အဂၤါအေပၚပိုင္းနဲ႔ေဝွးေစ႔ ကပၸာယ္အိတ္ ဖြံ႔ျဖိဳးမႈလို႔ အပိုင္းႏွစ္ပိုင္းရွိပါတယ္။
ေဝွးေစ့နဲ႔ကပၸာယ္အိတ္ထဲမွာ ၈ ပတ္မတိုင္ခင္ သုက္ျပဳျပြန္ေလးေတြ ဖြံ႔ျဖိဳးျပီး ကိုယ္ဝန္ေဆာင္ ၈ ပတ္မွာ leydig လို႔ေခၚတဲ႔ ဆဲလ္ေလးေတြေပၚလာတယ္။
လူပ်ိဳေဖာ္ဝင္ျပီဆိုရင္ေတာ့ သုက္ျပဳ ျပြန္ေလးေတြမွာ စျပီး သုက္ထုတ္လုပ္မႈစတင္ပါတယ္။
ဒီေနရာမွာ ခုနက ေဝွးေစ့ေလးဟာ တစ္ဖက္တစ္လံုးစီနဲ႔ သေႏၶသားရဲ႕ဗိုက္ေခါင္းအတြင္းမွာ ဖြံံ႔ျဖိဳးပါတယ္။
ျပီးတာနဲ႔
ဝမ္းေနာက္ဖ်ားပိုင္းက်ယ္လာတယ္။
သေႏၶသားဟာ တစ္ျဖည္းျဖည္း ဆန္႔လာတယ္
ေဟာ္မုန္းေတြကလဲထြက္လာတယ္
ဗိုက္တြင္းအပူရွိန္ကလဲမ်ားလာတယ္
အေပၚဗိုက္တြင္း ၾကြက္သားေတြကလဲဖိလာတယ္
ေအာက္ကေန ဆဲလ္တန္းတခ်ိဳ႕က လွမ္းဆြဲတဲ႔အခါ ၉လအေရာက္မွာ ကပၸာယ္အိတ္ထဲအလံုးစံုေရာက္သြားပါေတာ့တယ္
မေရာက္ရင္ နတ္ကြပ္ တယ္လို႔သံုးႏံႈးပါတယ္။
ဟုတ္ျပီ
အရြယ္ေရာက္ျပီး ေယာက်ာ္းေလးတစ္ေယာက္မွာ
ကပၸာယ္အိတ္ဟာ အလႊာ၈လႊာရွိပါတယ္။
အေပၚဆံုးအလႊာဟာ အေရာင္ရွိတတ္ပါတယ္။
လူတိုင္းေတာ့မရွိတတ္ပါဘုး
ဒါေပမဲ႔လူတိုင္းမွာ အေရျပား အတြန္႔အေခါက္ေတြပါတတ္ပါတယ္။
အေပၚယံမွာ ၾကြက္သားစင္း ပါးပါးေလးတစ္လႊာပါပါတယ္။
အေအးအပူထိန္းညွိပါလိမ့္မယ္။
သုက္ထုတ္လုပ္ဖို႔ပါ။
အထဲက ေဝွးေစ႔ကို သုက္ျပြန္ကာထတဲ႔အတိုင္းကာထားပါတယ္။
သူရဲ႕အေပၚကပ္ရပ္မွာ ေဝွးေစ့အညွာ epididymusရွိပါတယ္။
ေဝွးေစ့ဟာဘဲဥပံုတည္ရွိျပီး သုတ္ျပြန္နဲ႔တြယ္ထားပါတယ္။
သုက္ေတြကိုေတာ့ သုက္ျပဳ ျပြန္ (seminiferous tubules)ထဲမွာ ထုတ္လုပ္ျပီး ေဝွးေစ့ အညွာထဲမွာသိမ္းဆည္းေစပါတယ္။
ဘယ္ညာႏွစ္ဖက္ရွိျပီး ခြဲျခားထားမႈကို အျပင္ကၾကည့္ရင္ အသားထံုးတန္းေလး တစ္တန္းအေနနဲ႔ ကပၸာယ္အိတ္မွာ ျမင္ရပါတယ္။
ေဝွးေစ့အညွာက တံစဥ္ ပံုစံရွိျပီး ေဝွးေစ့ရဲ႕အေပၚနဲ႔ အေနာက္အျပင္ဘက္ အေနအထား ေနရာမွာတည္ရွိပါတယ္။
သူဟာ သုက္ျပဳ ျပြန္ေတြကထြက္လာတဲ႔ အထြက္ျပြန္ေတြကိုစုစည္းလို႔ သိမ္းဆည္းထားပါတယ္။
သူ႔အတြင္းမွာျပြနိေတြဟာ ေခါက္ေကြးေနျပီး ဒီအညွာထဲမွာ သုက္ေကာင္ေတြဟာ မ်ိဳးေအာင္ဖို႔ရာအတြက္ လံုေလာက္တဲ႔ရွင္သန္မႈကိုျပဳ ၾကပါတယ္။
ဒီေဝွးေစ့အညွာက ထြက္လာတာနဲ႔ သုတ္ပို႔ျပြန္ၾကီးဆီကိုေရာက္ပါတယိ။တစ္ဆက္တည္းပါ။
သုက္ကိုပို႔ႏိုင္ဖို႔ ၾကြက္သားျပြန္အေနနဲ႔ ေနပါတယ္။
ေဝွးေစ့အညွာ နဲ႔ဆက္ေနပါတယ္။
၄၅cmေလာက္ရွည္ျပီး သူရဲ႕လမ္းေၾကာင္းဟာ ရွည္လ်ားပါတယ္။
သူဟာ ကပၸာယ္အိတ္ကေန ေပါင္ျခံမွာရွိတဲ႔ ေျမာင္းထဲကိုသြားပါတယ္။ေျမာင္းကိုျဖတ္ျပီး ဗိုက္ရွိရာလမ္းေၾကာင္းကိုဝင္ပါတယ္။
ျပီးတာနဲ႔ ဆီးျပြန္ေပၚကျဖတ္သန္းျပီး ဆီးအိတိအေနာက္ကို သြားပါတယ္။
အေနာက္ကိုေရာက္တာနဲ႔ သုက္ရည္အိတ္တြင္းကိုဝင္ပါတယ္။
ဒီေနရာမွာသုက္ေကာင္ေလးေတြရွင္သန္ဖို႔ အစာနဲ႔ တျခားဓာတ္ေတြ႐ရွိပါတယ္။ျပီးတာနဲ႔ဆီးၾကိတ္ထဲျဖတ္သန္းလို႔ သုက္လႊတ္ျပြန္ျဖစ္သြားျပီး အျပင္ကို သုက္စြန္႔ထုတ္ပါတယ္။
ဒီseminal vesiclesလို႔ေခၚတဲ႔ သုက္ရည္ကန္အိတ္ေလးဟာ ေဖာင္းၾကြေနျပီး မရွည္တရွည္ပံုစံမ်ိဳးပါ
၅cmရွိျပီး ကိုကိုေတြရဲ႕လွံဳ႕ေဆာ္မႈကိုေစာင့္ေနရွာပံုေပၚပါတယ္။
သုက္လႊတ္ျပြန္ၾကီးဟာ ၂.၅cmေလာက္ရွိပါတယ္။သူဟာ ဆီးၾကိတ္ကိုျဖတ္သန္းျပီး ဆီးစြန္႔ျပြန္ urethraရွိရာကိုဦးတည္ေနပါတယ္။
ဒါေပမဲ႔ ဆီးစြန္႔ျပြန္ဟာ တစခုတည္းသာရွိတာမို႔လို႔ ဆီးေရာသုက္ပါ တစ္ေပါက္တည္းကေနစြန္႔ထုတ္တာျဖစ္ပါတယ္။
ဒါဆို သုက္ဆိုတာၾကီးက ဘယ္လိုမ်ားထုတ္ပါသလဲ??
က်ေနာ္တို႔ရုပ္လႊာေတြမျဖစ္ခင္ ဆဲလ္ကနဦးဘဝမွာထဲက စခဲ႔တာပါ။
ဒီဆဲလ္ေတြဟာ လူပ်ိဳေဖာ္မဝင္ခင္အထိငုပ္လ်ိဳးေနပါတယ္။
သုက္ျပဳ ျပြန္ေတြဟာ လူပ်ိဳေဖာ္ဝင္တာနဲ႔ ဖို ေဟာ္မုန္းေတြရဲ႕လက္ခ်က္ေၾကာင့္ ဆဲလ္ေတြၾကြလာပါတယ္။
ျပီးမွ ကနဦး သုက္ျဖစ္ဆဲလ္(primary spermatocytes)အဲ႔ဒီကမွ ဒုတိယဆင့္သုက္ျဖစ္ဆဲလ္(secondary spermatocytes)ေတြျဖစ္ျပီး
သုက္ဦးဆဲလ္ေတြ(spermatid)ျဖစ္လာျပီး
ေနာက္ဆံုးသုက္ပိုး ေတြအျဖစ္ေျပာင္းလဲခဲ႔ပါတယ္
ျဖစ္စဥ္တစ္ခုကို ၇၄±၅ရက္ ၾကာရွည္တတ္ပါတယ္။
ဒါေပမဲ႔ အျမဲမျပတ္ ထုတ္လႊတ္ေနလို႔ သုက္ဟာေန႔စဥ္ထြက္ေနႏိုင္တာပါ
ဒါေပမဲ႔ က်ေနာ္ေျပာခဲ႔ပါတယ္
တန္ေဆးလြန္ေဘးလို႔
ဒီလိုျဖစ္စဥ္ေတြျဖစ္ဖို႔
၁)လံုေလာက္တဲ႔ကိုယ္တြင္းအပူခ်ိန္လိုတယ္
၂)ေလဝင္ေလထြက္ေကာင္းဖို႔လိုတယ္(ၾကပ္ထုတ္ေနတာေတြမဝတ္သင့္ဘူး လို႔တစ္ခ်ိဳ႕ကေျပာၾကတယ္)
၃)ေကာင္းမြန္တဲ႔ေဟာ္မုန္း
၄)စိတ္က်ေရာဂါရွိမရွိ ဓာတ္ေရာင္ျခည္နဲ႔ထိေတြ႔မႈ အဲ႔ဒါေတြလိုအပ္ပါတယ္။
ေကာင္းျပီ
သန္စြမ္းတဲ႔သုက္ေကာင္ေတြရွိျပီးသေႏၶေအာင္ဖို႔ ဘာေတြလိုအပ္ပါသလဲ
ပံုမွန္အားျဖင့္
-၃ရက္အတြင္းသုက္မထုတ္လုပ္ပဲထုတ္လိုက္တာဟာ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာ
2 to 5mlအနဲဆံုးရွိရမယ္။
-ျဖဴ ၍ခပ္ေနာက္ေနာက္ရွိတယ္
တစ္ခါတစ္ေလ ဝါတတ္တယ္
-ထုတ္ျပီး ခဲသြားတတ္တယ္
-ျပီးတာနဲ႔ ၁၅မိနစ္က နာရီဝက္အတြင္း အရည္က်ဲသြားရမယ္
-pHစစ္ၾကည့္ရင္ အယ္ကာလီဓာတ္ျဖစ္ေနရမယ္။
-စစ္ၾကည့္ရင္ ေကာင္ေရ 50million per 1 mlကေန 200million per 1 mlရွိရမယ္။
20 million ေအာက္ဆို မ်ိဳးမေအာင္ႏိုင္ဘူး။
-အျပင္ေရာက္လို႔ ၃နာရီအတြင္း၆၀%ေက်ာ္ေက်ာ္လွဳပ္ရွားေနရမယ္
-စစ္ၾကည့္ရင္ ပံုမွန္အားျဖင့္ ၈၀%ေက်ာ္ေက်ာ္ ဟာ ေကာင္းမြန္တဲ႔အေကာင္ရွိေနရမယ္
-အနံ႔ဟာ သတ္မွတ္ထားတဲ႔အနံ႔မ်ိဳးျဖစ္ရမယ္။
ဒီလိုနဲ႔ မမ်ိဳးဥေၾကြခ်ိန္မွာ သုက္ပိုးေလးဟာ ေပါင္းစည္းလို႔ သေႏၶေအာင္လာၾကတာျဖစ္ပါတယ္။
ဒီလိုဖိုေဟာ္မုန္းေတြဆိုတာကလဲ
ဦးေႏွာက္နဲ႔ဟိုက္ပိုသဲလမတ္စ္ေတြက ထိန္းခ်ဳပ္ထားပါတယ္။
အမ်ိဳးသားတိုင္းက်န္းမာရႊင္လန္းၾကပါေစ

Credit:Health Guide

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဟိုကောင်ကလေးထွားလာတယ်ကြည့်စမ်းဆို ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်းပီတိဖြာတယ်။
လူပျိုဖြစ်ပြီဆိုတဲ့စိတ်ထဲမယ် သဘောခွေ့နေတာ အမှန်
ဒါဆိုယောကျာ်းတစ်ယောက်လူပျိုဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ
ဘာတွေနဲ့သိနိုင်မလဲ
သူဟာအသံတွေသြလာမယ်
အသားအရေ ထူထဲလာတယ်
အဆီပြန်တတ်တယ်
ဝက်ခြံပေါက်တတ်တယ်
အမွှေးအမျှင်တွေတစ်ဟုန်ထိုး ပေါက်လာတတ်တယ်။
ဆီးခုံမွှေး
မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး စအိုဝန်းကျင်နဲ့ လက်ပတီးကြား အမွှေးအမျှင်ထူလာပါတယ်
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာမှာ
တက်ကြွခြင်း
ဒေါသထွက်လွယ်ခြင်း
အတုယူတတ်ခြင်း
လိင်စိတ်တက်ကြွလာမယ်
စူးစမ်းချင်မယ်
တခြားဆန့်ကျင်ဘက်လိင်ကို အားကျလာမယ်။
ဒါတင်ဘယ်က မလဲ
ကြွက်သားလေးတွေပေါ်လာတယ်။
အရိုးလေးတွေဖွံ့ဖြိုးတော့ အရပ်ရှည်လာတယ်။
လည်စလုတ်လေးတွေထွက်လာတယ်။
ဟုတ်ပြီ
ဒါဆို အဓိက ဘာပြောင်းလဲမှာလဲဆို
ကျား အင်္ဂါအဖွဲ့အစည်းပါ
မိခင်ရဲ့ဗိုက်အတွင်းမှာ သန္ဓေအောင်တုံး အဖေ့ဆီက ရခဲ့တဲ့ Y chromosomeလေးက အစပြု ပါတယ်။
ဒီနေရာမှာ အမျိုးသား လိင်အင်္ဂါအပေါ်ပိုင်းနဲ့ဝှေးစေ့ ကပ္ပာယ်အိတ် ဖွံ့ဖြိုးမှုလို့ အပိုင်းနှစ်ပိုင်းရှိပါတယ်။
ဝှေးစေ့နဲ့ကပ္ပာယ်အိတ်ထဲမှာ ၈ ပတ်မတိုင်ခင် သုက်ပြုပြွန်လေးတွေ ဖွံ့ဖြိုးပြီး ကိုယ်ဝန်ဆောင် ၈ ပတ်မှာ leydig လို့ခေါ်တဲ့ ဆဲလ်လေးတွေပေါ်လာတယ်။
လူပျိုဖော်ဝင်ပြီဆိုရင်တော့ သုက်ပြု ပြွန်လေးတွေမှာ စပြီး သုက်ထုတ်လုပ်မှုစတင်ပါတယ်။
ဒီနေရာမှာ ခုနက ဝှေးစေ့လေးဟာ တစ်ဖက်တစ်လုံးစီနဲ့ သန္ဓေသားရဲ့ဗိုက်ခေါင်းအတွင်းမှာ ဖွံံ့ဖြိုးပါတယ်။
ပြီးတာနဲ့
ဝမ်းနောက်ဖျားပိုင်းကျယ်လာတယ်။
သန္ဓေသားဟာ တစ်ဖြည်းဖြည်း ဆန့်လာတယ်
ဟော်မုန်းတွေကလဲထွက်လာတယ်
ဗိုက်တွင်းအပူရှိန်ကလဲများလာတယ်
အပေါ်ဗိုက်တွင်း ကြွက်သားတွေကလဲဖိလာတယ်
အောက်ကနေ ဆဲလ်တန်းတချို့က လှမ်းဆွဲတဲ့အခါ ၉လအရောက်မှာ ကပ္ပာယ်အိတ်ထဲအလုံးစုံရောက်သွားပါတော့တယ်
မရောက်ရင် နတ်ကွပ် တယ်လို့သုံးနှုံးပါတယ်။
ဟုတ်ပြီ
အရွယ်ရောက်ပြီး ယောကျာ်းလေးတစ်ယောက်မှာ
ကပ္ပာယ်အိတ်ဟာ အလွှာ၈လွှာရှိပါတယ်။
အပေါ်ဆုံးအလွှာဟာ အရောင်ရှိတတ်ပါတယ်။
လူတိုင်းတော့မရှိတတ်ပါဘုး
ဒါပေမဲ့လူတိုင်းမှာ အရေပြား အတွန့်အခေါက်တွေပါတတ်ပါတယ်။
အပေါ်ယံမှာ ကြွက်သားစင်း ပါးပါးလေးတစ်လွှာပါပါတယ်။
အအေးအပူထိန်းညှိပါလိမ့်မယ်။
သုက်ထုတ်လုပ်ဖို့ပါ။
အထဲက ဝှေးစေ့ကို သုက်ပြွန်ကာထတဲ့အတိုင်းကာထားပါတယ်။
သူရဲ့အပေါ်ကပ်ရပ်မှာ ဝှေးစေ့အညှာ epididymusရှိပါတယ်။
ဝှေးစေ့ဟာဘဲဥပုံတည်ရှိပြီး သုတ်ပြွန်နဲ့တွယ်ထားပါတယ်။
သုက်တွေကိုတော့ သုက်ပြု ပြွန် (seminiferous tubules)ထဲမှာ ထုတ်လုပ်ပြီး ဝှေးစေ့ အညှာထဲမှာသိမ်းဆည်းစေပါတယ်။
ဘယ်ညာနှစ်ဖက်ရှိပြီး ခွဲခြားထားမှုကို အပြင်ကကြည့်ရင် အသားထုံးတန်းလေး တစ်တန်းအနေနဲ့ ကပ္ပာယ်အိတ်မှာ မြင်ရပါတယ်။
ဝှေးစေ့အညှာက တံစဉ် ပုံစံရှိပြီး ဝှေးစေ့ရဲ့အပေါ်နဲ့ အနောက်အပြင်ဘက် အနေအထား နေရာမှာတည်ရှိပါတယ်။
သူဟာ သုက်ပြု ပြွန်တွေကထွက်လာတဲ့ အထွက်ပြွန်တွေကိုစုစည်းလို့ သိမ်းဆည်းထားပါတယ်။
သူ့အတွင်းမှာပြွနိတွေဟာ ခေါက်ကွေးနေပြီး ဒီအညှာထဲမှာ သုက်ကောင်တွေဟာ မျိုးအောင်ဖို့ရာအတွက် လုံလောက်တဲ့ရှင်သန်မှုကိုပြု ကြပါတယ်။
ဒီဝှေးစေ့အညှာက ထွက်လာတာနဲ့ သုတ်ပို့ပြွန်ကြီးဆီကိုရောက်ပါတယိ။တစ်ဆက်တည်းပါ။
သုက်ကိုပို့နိုင်ဖို့ ကြွက်သားပြွန်အနေနဲ့ နေပါတယ်။
ဝှေးစေ့အညှာ နဲ့ဆက်နေပါတယ်။
၄၅cmလောက်ရှည်ပြီး သူရဲ့လမ်းကြောင်းဟာ ရှည်လျားပါတယ်။
သူဟာ ကပ္ပာယ်အိတ်ကနေ ပေါင်ခြံမှာရှိတဲ့ မြောင်းထဲကိုသွားပါတယ်။မြောင်းကိုဖြတ်ပြီး ဗိုက်ရှိရာလမ်းကြောင်းကိုဝင်ပါတယ်။
ပြီးတာနဲ့ ဆီးပြွန်ပေါ်ကဖြတ်သန်းပြီး ဆီးအိတိအနောက်ကို သွားပါတယ်။
အနောက်ကိုရောက်တာနဲ့ သုက်ရည်အိတ်တွင်းကိုဝင်ပါတယ်။
ဒီနေရာမှာသုက်ကောင်လေးတွေရှင်သန်ဖို့ အစာနဲ့ တခြားဓာတ်တွေရရှိပါတယ်။ပြီးတာနဲ့ဆီးကြိတ်ထဲဖြတ်သန်းလို့ သုက်လွှတ်ပြွန်ဖြစ်သွားပြီး အပြင်ကို သုက်စွန့်ထုတ်ပါတယ်။
ဒီseminal vesiclesလို့ခေါ်တဲ့ သုက်ရည်ကန်အိတ်လေးဟာ ဖောင်းကြွနေပြီး မရှည်တရှည်ပုံစံမျိုးပါ
၅cmရှိပြီး ကိုကိုတွေရဲ့လှုံ့ဆော်မှုကိုစောင့်နေရှာပုံပေါ်ပါတယ်။
သုက်လွှတ်ပြွန်ကြီးဟာ ၂.၅cmလောက်ရှိပါတယ်။သူဟာ ဆီးကြိတ်ကိုဖြတ်သန်းပြီး ဆီးစွန့်ပြွန် urethraရှိရာကိုဦးတည်နေပါတယ်။
ဒါပေမဲ့ ဆီးစွန့်ပြွန်ဟာ တစခုတည်းသာရှိတာမို့လို့ ဆီးရောသုက်ပါ တစ်ပေါက်တည်းကနေစွန့်ထုတ်တာဖြစ်ပါတယ်။
ဒါဆို သုက်ဆိုတာကြီးက ဘယ်လိုများထုတ်ပါသလဲ??
ကျနော်တို့ရုပ်လွှာတွေမဖြစ်ခင် ဆဲလ်ကနဦးဘဝမှာထဲက စခဲ့တာပါ။
ဒီဆဲလ်တွေဟာ လူပျိုဖော်မဝင်ခင်အထိငုပ်လျိုးနေပါတယ်။
သုက်ပြု ပြွန်တွေဟာ လူပျိုဖော်ဝင်တာနဲ့ ဖို ဟော်မုန်းတွေရဲ့လက်ချက်ကြောင့် ဆဲလ်တွေကြွလာပါတယ်။
ပြီးမှ ကနဦး သုက်ဖြစ်ဆဲလ်(primary spermatocytes)အဲ့ဒီကမှ ဒုတိယဆင့်သုက်ဖြစ်ဆဲလ်(secondary spermatocytes)တွေဖြစ်ပြီး
သုက်ဦးဆဲလ်တွေ(spermatid)ဖြစ်လာပြီး
နောက်ဆုံးသုက်ပိုး တွေအဖြစ်ပြောင်းလဲခဲ့ပါတယ်
ဖြစ်စဉ်တစ်ခုကို ၇၄±၅ရက် ကြာရှည်တတ်ပါတယ်။
ဒါပေမဲ့ အမြဲမပြတ် ထုတ်လွှတ်နေလို့ သုက်ဟာနေ့စဉ်ထွက်နေနိုင်တာပါ
ဒါပေမဲ့ ကျနော်ပြောခဲ့ပါတယ်
တန်ဆေးလွန်ဘေးလို့
ဒီလိုဖြစ်စဉ်တွေဖြစ်ဖို့
၁)လုံလောက်တဲ့ကိုယ်တွင်းအပူချိန်လိုတယ်
၂)လေဝင်လေထွက်ကောင်းဖို့လိုတယ်(ကြပ်ထုတ်နေတာတွေမဝတ်သင့်ဘူး လို့တစ်ချို့ကပြောကြတယ်)
၃)ကောင်းမွန်တဲ့ဟော်မုန်း
၄)စိတ်ကျရောဂါရှိမရှိ ဓာတ်ရောင်ခြည်နဲ့ထိတွေ့မှု အဲ့ဒါတွေလိုအပ်ပါတယ်။
ကောင်းပြီ
သန်စွမ်းတဲ့သုက်ကောင်တွေရှိပြီးသန္ဓေအောင်ဖို့ ဘာတွေလိုအပ်ပါသလဲ
ပုံမှန်အားဖြင့်
-၃ရက်အတွင်းသုက်မထုတ်လုပ်ပဲထုတ်လိုက်တာဟာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
2 to 5mlအနဲဆုံးရှိရမယ်။
-ဖြူ ၍ခပ်နောက်နောက်ရှိတယ်
တစ်ခါတစ်လေ ဝါတတ်တယ်
-ထုတ်ပြီး ခဲသွားတတ်တယ်
-ပြီးတာနဲ့ ၁၅မိနစ်က နာရီဝက်အတွင်း အရည်ကျဲသွားရမယ်
-pHစစ်ကြည့်ရင် အယ်ကာလီဓာတ်ဖြစ်နေရမယ်။
-စစ်ကြည့်ရင် ကောင်ရေ 50million per 1 mlကနေ 200million per 1 mlရှိရမယ်။
20 million အောက်ဆို မျိုးမအောင်နိုင်ဘူး။
-အပြင်ရောက်လို့ ၃နာရီအတွင်း၆၀%ကျော်ကျော်လှုပ်ရှားနေရမယ်
-စစ်ကြည့်ရင် ပုံမှန်အားဖြင့် ၈၀%ကျော်ကျော် ဟာ ကောင်းမွန်တဲ့အကောင်ရှိနေရမယ်
-အနံ့ဟာ သတ်မှတ်ထားတဲ့အနံ့မျိုးဖြစ်ရမယ်။
ဒီလိုနဲ့ မမျိုးဥကြွေချိန်မှာ သုက်ပိုးလေးဟာ ပေါင်းစည်းလို့ သန္ဓေအောင်လာကြတာဖြစ်ပါတယ်။
ဒီလိုဖိုဟော်မုန်းတွေဆိုတာကလဲ
ဦးနှောက်နဲ့ဟိုက်ပိုသဲလမတ်စ်တွေက ထိန်းချုပ်ထားပါတယ်။
အမျိုးသားတိုင်းကျန်းမာရွှင်လန်းကြပါစေ

Credit:Health Guide



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top