iMyanmarHouse.com - Best Property Website for Myanmar
×
သံပရာသီး
သံပရာသီးနဲ့ အုန်းဆီ
Unicode Version
ဦးရေပြားမှာ ဗောက်တွေရှိနေတာကြောင့် ယားယံနေပြီး ဆံပင်ဆံသားမှာလည်း ဗောက်အဖတ်
အဖြူလေးတွေ ကပ်ငြိလို့ ဗောက်တွေကို ဖယ်ရှားချင်ပြီဆိုရင်တော့ သဘာဝနည်းလမ်းလေးတွေနဲပ ဖယ်ရှားတာက ပိုကောင်းပါတယ်။ ဦးရေပြားကို မထိခိုက်စေသလို ဆံသားတွေလည်း မပျက်စီးစေဘဲ
 ဗောက်မြန်မြန်ပျောက်မယ့်နည်းလမ်းလေးတွေပဲ ရွေးချယ် ပြုလုပ်သင့်တာကြောင့်သဘာဝနည်း
လမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
သံပရာသီး
သံပရာသီးကတော့ ဗောက်တွေကို အမြန်ဆုံး ဖယ်ရှားပေးနိုင်တဲ့ သဘာဝအသီးဖြစ်ပါတယ်။
 ခေါင်းမလျှော်ခင်မှာယားယံပြီး ဗောက်ရှိနေတဲ့ နေရာတွေအကုန်လုံးကို ဖြည်းညှင်းစွာ ကုတ်ပါ။
 သွေးမထွက်အောင်တော့ သတိပြုရပါမယ်။ ဗောက်ဖတ်လေးတွေ တဖြည်းဖြည်း ကျလာပါလိမ့်မယ်။ ပြီးရင်တော့ သံပရာသီးကို ထက်ခြမ်းခြမ်းပါ။ ယားယံတဲ့နေရာ ၊ အနည်းငယ်ကုတ်ထားတဲ့ နေရာတွေကို
 သံပရာရည်ညှစ်ထည့်ပေးပါ။ ခဏတာတော့ စပ်ပါလိမ့်မယ်။ ဒါက ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယား
ပိုးတွေကို သံပရာသီးမှာ ပါဝင်တဲ့ အချဉ်ဓါတ်တွေက စုပ်ယူနေတာကြောင့်ဖြစ်ပါတယ်။ (၅)မိနစ်လောက်
 ထားပြီးတဲ့အခါ ခေါင်းလျှော်ချပေးပါ။ ဒါဆိုရင်တော့ ဗောက်တွေ ပျောက်ကင်းမှာ ဖြစ်သလို ယားယံခြင်းတွေလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။
သံပရာသီးနဲ့ အုန်းဆီ
G6odgc6dv328nlaaybtj
ဆံပင်ရှည်ပြီး ဆံသားပျော့ပျော့လေးမှာ ဗောက်တွေ ရှိနေသူတွေကတော့ ဒီနည်းလမ်းလေးတွေကို
 ပြုလုပ်သင့်ပါတယ်။ ဆံသားတွေကို အားဖြည့်ပေးနိုင်တဲ့ အုန်းဆီပါဝင်တာကြောင့် ဆံပင်မပျက်စီးတဲ့
အပြင် ဆံသားခြောက်ခြင်းကို မဖြစ်စေပါဘူး။
အုန်းဆီ လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ သံပရာရည် လက်ဖက်စားဇွန်း(၂) ဇွန်းတို့ကို ရောပါ။
 ခေါင်းမလျှော်ခင် အုန်းဆီနဲ့ သံပရာအရောကို လိမ်းပေးပါ။ဦးရေပြားရော၊ ဆံသားကိုပါ လိမ်းပေးပြီး ဦးရေပြားကို အနည်းငယ် နှိပ်ပေးပါ။ နှိပ်ပြီး (၅) မိနစ်ကြာအောင် ထားပြီးရင် ခေါင်းလျှော်ပေးပါ။ ဒါဆိုရင်တော့ ဆံသားအားဖြည့်ပြီးသားဖြစ်သလို ဗောက်တွေလည်း ရှင်းလင်းပြီးသား ဖြစ်သွားမှာပါ။
Credit:ဖြိုးပြည့်သူ(မိုမိုလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top