iMyanmarHouse.com - Best Property Website for Myanmar
×

ၾကည္လင္ၿပီး လွပတဲ့ အသားအေရကုိ ထိခိုက္ေစတဲ့အရာေတြထဲမွာ ဆား၀က္ ျခံ ကလည္း တစ္ခုအပါအ၀င္ ပါပဲ။ ဆား၀က္ျခံမွာ ထိပ္မည္းဆား၀က္ျခံနဲ႔ ထိပ္ျဖဴဆား၀က္ျခံဆုိၿပီး ႏွစ္မ်ဳိးရွိတဲ့ အနက္ ဒီႏွစ္မ်ဳိးစလံုးက သင့္အသားအေရလွပၾကည္လင္မႈကုိ ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ ဆား၀က္ျခံကင္းၿပီး ျပစ္မ်ဳိးမွဲ႔မထင္ အလွမ်ဳိးရရွိေစဖို႔ အိပ္တြင္းကုထံုးေတြကုိ ေရးသားလိုက္ရပါတယ္။

သြားတိုက္ေဆး
သြားတုိက္ေဆးကုိ ဆား၀က္ျခံရွိတဲ့ ေနရာမွာ ခပ္ပါးပါးလႊာေလး လိမ္းလိုက္ပါ။ အနည္းဆံုး ၂၅ မိနစ္ၾကာ ထားရပါမယ္။ သြားတုိက္ေဆးပါးပါးလိမ္းၿပီး ပူသလို ခံစားမႈမ်ဳိးရႏုိင္ေပမယ့္ စိုးရိမ္ဖို႔မလိုပါဘူး။ သြားတုိက္
ေဆးကုိ ေရေဆးသန္႔စင္လိုက္တဲ့အခါ ဆား၀က္ျခံေတြ သက္သာသြားပါလိမ့္မယ္။ ႏွစ္ပတ္တစ္ၾကိမ္
ေလာက္ ျပဳလုပ္ေပးသင့္တဲ့ နည္းပါ။

ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးက သဘာ၀ပုိးသတ္အာနိသင္ရွိတာေၾကာင့္ ဆား၀က္ျခံေတြကုိ ေျခာက္ေသြ႔သြားေစပါတယ္။ ခရမ္းခ်ဥ္သီးကုိ ပါးပါးလွီးၿပီး ဆား၀က္ျခံရွိတဲ့ ေနရာမွာ ကပ္ကာ အိပ္ရာ၀င္ပါ။ နံနက္မိုးလင္းမွ ၾကက္သီးေႏြးေရနဲ႔ ေဆးေၾကာသန္႔စင္ေပးရပါမယ္။

လိီမြန္သီး
ၾကက္သီးေႏြးေရနဲ႔ မ်က္ႏွာသစ္ပါ။ ၿပီးရင္လိီမြန္သီးကုိ ပန္းကန္လံုးတစ္လံုးထဲမွာ ညွစ္ၿပီးဆားတစ္တို႔ ေရာေမႊလိုက္ပါ။ အဲဒီအေရာအေႏွာကုိ ဆား၀က္ျခံေတြေပၚ လိမ္းေပးရမွာျဖစ္ပါတယ္။ မိနစ္ ၂၀ ၾကာမွ ၾကက္သီးေႏြးေရနဲ႔ ေဆးခ်လိုက္ရပါမယ္။

ေျပာင္းမႈန္႔
ေျပာင္းမႈန္႔ဆံုးဆ၊ ရွာလကာရည္တစ္ဆေရာၿပီး ေစးပ်စ္တဲ့ အႏွစ္သား ရပါေစ။ အဲဒီအရည္ကုိ ဆား၀က္ျခံေနရာေပၚလိမ္းၿပီး ၁၅-၃၀ မိနစ္ၾကာထားပါ။ ၿပီးမွ ၾကက္သီးေႏြးေရနဲ႔ ေဆးေၾကာေပးရပါမယ္။

ဒိန္ခ်ဥ္
ဒိန္ခ်ဥ္ ထမင္းစားဇြန္း သံုးဇြန္းကုိ ဂ်ံဳမႈန္႔အၾကမ္း ထမင္းစားဇြန္း ႏွစ္ဇြန္းနဲ႔ ေရာေမႊလိုက္ပါ။ ၿပီးရင္ သံလြင္ဆီ လက္ဖက္စားဇြန္းတစ္ဇြန္းနဲ႔ သံပရာရည္ လက္ဖက္စားဇြန္းတစ္ဇြန္းေရာထည့္ၿပီး ဆား၀က္ျခံရွိတဲ့ အေရျပားေနရာမွာ လိမ္းပါ။ အနည္းဆံုး ၅-၇ မိနစ္ေလာက္ထားၿပီးမွ ေရေအးနဲ႔ ေဆးခ်လိုက္ပါ။

ဂ်ံဳမႈန္႔အၾကမ္း
ဂ်ဳံမႈန္႔အၾကမ္းကုိ ႏွင္းဆီေရနဲ႔ သမေအာင္ေမႊၿပီး ဆား၀က္ျခံရွိတဲ့ ေနရာကုိ လက္ညွဳိးထိပ္ေလးနဲ႔တုိ႔ထိၿပီး လိမ္းေပးပါ။ အခ်ိန္ ၁၅ မိနစ္ၾကာမွ ေရေအးနဲ႔ ေဆးေၾကာေပးရပါမယ္။

ဆန္
ဆန္ကုိ ႏြားႏုိ႔ထဲမွာ ငါးနာရီၾကာစိမ္ၿပီး ေမႊစက္ထဲ ထည့္ေမႊပါ။ ေစးပ်စ္တဲ့ အႏွစ္ရတဲ့ အထိေမႊၿပီးရင္ ဆား၀က္ျခံရွိတဲ့ ေနရာမွာ လိမ္းေပးကာ ေၾကးခ်ြတ္ေပးသင့္ပါတယ္။

အာလူး
အာလူးအစိမ္းကုိ ၾကိတ္ေျခၿပီး ဆား၀က္ျခံရွိတဲ့ အေရျပားေနရာေပၚမွာ သုတ္လိမ္းေပးပါ။ အခ်ိန္ ၁၅ မိနစ္ၾကာမွ ေရနဲ႔ ေဆးခ်လိုက္ပါ။

နံနံပင္
နံနံပင္ အနည္းငယ္ကုိ ၾကိတ္ေျခၿပီး နႏြင္းမႈန္႔အနည္းငယ္ထည့္ကာ ေရနဲ႔ေစးပ်စ္တဲ့အထိ ေဖ်ာ္ပါ။ ၿပီးရင္ ထိပ္မည္းဆား၀က္ျခံေပၚကုိ ေပါင္းတင္သလို အံုထားေပးရပါမယ္။

ေဆာ္ဒါမႈန္႔
ေဆာ္ဒါမႈန္႔နဲ႔ ေရကုိ ေစးပ်စ္ေအာင္ ေမႊၿပီးထိပ္မည္းဆား ၀က္ျခံရွိတဲ့ အေရျပားေပၚမွာ သုတ္လိမ္းေပးပါ။ အခ်ိန္ ၁၅ မိနစ္ၾကာမွ ၾကက္သီးေႏြးေရနဲ႔ ေဆးေၾကာ သန္႔စင္ေပးရပါမယ္။

ပ်ားရည္
ပ်ားရည္က ထိပ္မည္းဆား၀က္ျခံကုိ ေကာင္းေကာင္းဖယ္ရွားေပးႏုိင္ပါတယ္။ ပ်ားရည္ကုိ ဆား၀က္ျခံရွိတဲ့ အေရျပားေပၚ သုတ္လိမ္းကာ အခ်ိန္ ၁၅ မိနစ္ၾကာမွ ဖယ္ရွားလိုက္ပါ။

သတိျပဳရန္
♣ အေရျပားကုိ ႏူးႏူးညံ့ညံ့ ကုိင္တြယ္ပါ။ ဆား၀က္ျခံရွိတဲ့ အေရျပားကုိ
ဆိတ္တာ၊ ထိုးဆြတာ၊ ညွစ္တာ၊ ဖိႏွိပ္တာတို႔ မလုပ္သင့္ပါဘူး။ ♣

Credit:ဇြန္

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကြည်လင်ပြီး လှပတဲ့ အသားအရေကို ထိခိုက်စေတဲ့အရာတွေထဲမှာ ဆားဝက် ခြံ ကလည်း တစ်ခုအပါအဝင် ပါပဲ။ ဆားဝက်ခြံမှာ ထိပ်မည်းဆားဝက်ခြံနဲ့ ထိပ်ဖြူဆားဝက်ခြံဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ဒီနှစ်မျိုးစလုံးက သင့်အသားအရေလှပကြည်လင်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဆားဝက်ခြံကင်းပြီး ပြစ်မျိုးမှဲ့မထင် အလှမျိုးရရှိစေဖို့ အိပ်တွင်းကုထုံးတွေကို ရေးသားလိုက်ရပါတယ်။

သွားတိုက်ဆေး
သွားတိုက်ဆေးကို ဆားဝက်ခြံရှိတဲ့ နေရာမှာ ခပ်ပါးပါးလွှာလေး လိမ်းလိုက်ပါ။ အနည်းဆုံး ၂၅ မိနစ်ကြာ ထားရပါမယ်။ သွားတိုက်ဆေးပါးပါးလိမ်းပြီး ပူသလို ခံစားမှုမျိုးရနိုင်ပေမယ့် စိုးရိမ်ဖို့မလိုပါဘူး။ သွားတိုက်
ဆေးကို ရေဆေးသန့်စင်လိုက်တဲ့အခါ ဆားဝက်ခြံတွေ သက်သာသွားပါလိမ့်မယ်။ နှစ်ပတ်တစ်ကြိမ်
လောက် ပြုလုပ်ပေးသင့်တဲ့ နည်းပါ။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက သဘာဝပိုးသတ်အာနိသင်ရှိတာကြောင့် ဆားဝက်ခြံတွေကို ခြောက်သွေ့သွားစေပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ဆားဝက်ခြံရှိတဲ့ နေရာမှာ ကပ်ကာ အိပ်ရာဝင်ပါ။ နံနက်မိုးလင်းမှ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။

လီမွန်သီး
ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။ ပြီးရင်လီမွန်သီးကို ပန်းကန်လုံးတစ်လုံးထဲမှာ ညှစ်ပြီးဆားတစ်တို့ ရောမွှေလိုက်ပါ။ အဲဒီအရောအနှောကို ဆားဝက်ခြံတွေပေါ် လိမ်းပေးရမှာဖြစ်ပါတယ်။ မိနစ် ၂၀ ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ရပါမယ်။

ပြောင်းမှုန့်
ပြောင်းမှုန့်ဆုံးဆ၊ ရှာလကာရည်တစ်ဆရောပြီး စေးပျစ်တဲ့ အနှစ်သား ရပါစေ။ အဲဒီအရည်ကို ဆားဝက်ခြံနေရာပေါ်လိမ်းပြီး ၁၅-၃၀ မိနစ်ကြာထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရပါမယ်။

ဒိန်ချဉ်
ဒိန်ချဉ် ထမင်းစားဇွန်း သုံးဇွန်းကို ဂျုံမှုန့်အကြမ်း ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင် သံလွင်ဆီ လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ သံပရာရည် လက်ဖက်စားဇွန်းတစ်ဇွန်းရောထည့်ပြီး ဆားဝက်ခြံရှိတဲ့ အရေပြားနေရာမှာ လိမ်းပါ။ အနည်းဆုံး ၅-၇ မိနစ်လောက်ထားပြီးမှ ရေအေးနဲ့ ဆေးချလိုက်ပါ။

ဂျုံမှုန့်အကြမ်း
ဂျုံမှုန့်အကြမ်းကို နှင်းဆီရေနဲ့ သမအောင်မွှေပြီး ဆားဝက်ခြံရှိတဲ့ နေရာကို လက်ညှိုးထိပ်လေးနဲ့တို့ထိပြီး လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေအေးနဲ့ ဆေးကြောပေးရပါမယ်။

ဆန်
ဆန်ကို နွားနို့ထဲမှာ ငါးနာရီကြာစိမ်ပြီး မွှေစက်ထဲ ထည့်မွှေပါ။ စေးပျစ်တဲ့ အနှစ်ရတဲ့ အထိမွှေပြီးရင် ဆားဝက်ခြံရှိတဲ့ နေရာမှာ လိမ်းပေးကာ ကြေးချွတ်ပေးသင့်ပါတယ်။

အာလူး
အာလူးအစိမ်းကို ကြိတ်ခြေပြီး ဆားဝက်ခြံရှိတဲ့ အရေပြားနေရာပေါ်မှာ သုတ်လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။

နံနံပင်
နံနံပင် အနည်းငယ်ကို ကြိတ်ခြေပြီး နနွင်းမှုန့်အနည်းငယ်ထည့်ကာ ရေနဲ့စေးပျစ်တဲ့အထိ ဖျော်ပါ။ ပြီးရင် ထိပ်မည်းဆားဝက်ခြံပေါ်ကို ပေါင်းတင်သလို အုံထားပေးရပါမယ်။

ဆော်ဒါမှုန့်
ဆော်ဒါမှုန့်နဲ့ ရေကို စေးပျစ်အောင် မွှေပြီးထိပ်မည်းဆား ဝက်ခြံရှိတဲ့ အရေပြားပေါ်မှာ သုတ်လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြော သန့်စင်ပေးရပါမယ်။

ပျားရည်
ပျားရည်က ထိပ်မည်းဆားဝက်ခြံကို ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်ကို ဆားဝက်ခြံရှိတဲ့ အရေပြားပေါ် သုတ်လိမ်းကာ အချိန် ၁၅ မိနစ်ကြာမှ ဖယ်ရှားလိုက်ပါ။

သတိပြုရန်
♣ အရေပြားကို နူးနူးညံ့ညံ့ ကိုင်တွယ်ပါ။ ဆားဝက်ခြံရှိတဲ့ အရေပြားကို
ဆိတ်တာ၊ ထိုးဆွတာ၊ ညှစ်တာ၊ ဖိနှိပ်တာတို့ မလုပ်သင့်ပါဘူး။ ♣

Credit:ဇွန်



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top