iMyanmarHouse.com - Best Property Website for Myanmar
×

အက္စ္ပရင္ေဆးျပားကို ေခါင္းကိုက္သက္သာေစဖို႔ အဖ်ားသက္သာေစဖို႔ နဲ႔ ေရာင္ရမ္းမႈကို သက္သာေစဖို႔ ကမၻာနဲ႔အ၀ွမ္းမွာ အသံုးျပဳေနၾကတဲ့ေဆးပါ။ ေလ့လာသူေတြက အက္စ္ပရင္ေဆးဟာ အယ္လ္ဇိုင္းမားေရာဂါနဲ႔ ကင္ဆာေရာဂါတခ်ိဳ႕ ျဖစ္ပြားမႈအႏၱရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ ျပသခဲ့ပါတယ္။

ဒါေပမယ့္ ေဘးထြက္ဆိုးက်ိဳးေတြလည္းရွိလို႔ ေန႔စဥ္စားသံုးဖို႔မသင့္ေတာ္သလို မိမိသေဘာအေနနဲ႔လည္း မစားသံုးသင့္ပါဘူး။ အခုမွ်ေ၀ေပးမွာက အက္စ္ပရင္ေဆးကို တျခားနည္းလမ္းနဲ႔ ဘယ္လိုအသံုးျပဳမလဲဆိုတာကို မွ်ေ၀ေပးခ်င္ပါတယ္။

အသားအေရ ႏုပ်ိဳ ျဖဴ၀င္းေစဖို႔

အက္စ္ပရင္ေဆးဟာ အသားအေရ နီတာ ေရာင္တာနဲ႔ ၀က္ၿခံေတြကို သက္သာေစၿပီး ဆဲလ္ေသေတြ အဆီေတြကို ဖယ္ရွားေပးပါတယ္။ အက္စ္ပရင္ေဆးလံုး (Tablets) ၅ လံုးကိုအမႈန္႔ႀကိတ္ၿပီး ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း ေရ ခြက္၁/၄ ပံုနဲပေရာကာ လိမ္းေပးပါ။ ၁၀ မိနစ္ေလာက္ထားၿပီး ေရေႏြးနဲ႔ မ်က္ႏွာသစ္ပါ။ ေန႔စဥ္လုပ္ေပးပါ။ ၁ လေလာက္ဆို သိသာလာမွာျဖစ္ပါတယ္။ ေပါင္းၾကား ခ်ိဳင္းၾကားနဲ႔ ညိုမဲေနတဲ့အသားေရအတြက္လည္း အသံုးျပဳႏိုင္ပါတယ္။

အပင္ေတြကို ပုိၿပီး ရွင္သန္ေစတယ္

အက္စ္ပရင္ကို မႈန္႔ေနေအာင္ႀကိတ္ၿပီး ေရနဲ႔ေရာကာ အပင္ေတြကို ျဖန္းေပးမယ္ဆိုရင္ အပင္ေတြရဲ့ သက္တမ္းကို ပိုၿပီး ရွည္ေစပါတယ္။ အပင္ေတြကို ပိုၿပီး လန္းဆန္းၿပီး အစိမ္းေရာင္သန္းေစပါတယ္။

ဆံပင္အေရာင္ကို မလြင့္ေအာင္ကာကြယ္ေပးတယ္

ဆံပင္အေရာင္ေတာက္ေတာက္နဲ႔ လွပေနတဲ့အေရာင္ကို လူတိုင္းႏွစ္သက္ၾကပါတယ္။ ဆံပင္အေရာင္မႊဲေျခာက္တာကို သက္သာေစဖို႔အတြက္ အက္စ္ပရင္ေဆးျပား ၈  ျပားကို ေရေႏြးတစ္ခြက္နဲ႔ေရာလိုက္ပါ။ ၿပီးရင္ ဆံပင္နဲ႔ ဦးေရျပားေပၚ လိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ထားပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ခ်ပါ။

ေခၽြးစြန္းတဲ့ကြက္ေတြကို ဖယ္ရွားေပးႏိုင္တယ္

ေခၽြးထြက္မ်ားလို႔ အိက်ီ ၤေတြ မွာ စြန္းေနတဲ့ ေခၽြးကြက္ေတြကို အက္စ္ပရင္ေဆးက ဖယ္ရွားေပးႏိုင္ပါတယ္။ အက္စ္ပရင္ေဆးျပား ၂ ျပားကို မႈႏ္႔ေနေအာင္လုပ္ၿပီး ေရေႏြးခြက္တစ္၀က္စာနဲ႔ ေရာလိုက္ပါ။ ၿပီးရင္ ရွပ္အိက်ီ ၤ ကိုယူၿပီး စိမ္ထားေပးလိုက္ပါ။ ၂ နာရီေလာက္ထားပါ။ အဲဒီေနာက္ လက္နဲ႔ပြတ္ေပးၿပီး ေရေဆးခ်ပါ။

အသာမာေတြကို ဖယ္ရွားေပးႏိုင္တယ္

ဖ်က္ရခက္တဲ့အသာမာေတြအတြက္ အက္စ္ပရင္ေဆးလံုး (Tablets) ၆ လံုးကို ေရနည္းနည္း၊ သံပုယိုရည္နည္းနည္းနဲ႔ ေရာလိုက္ပါ။ ၿပီးရင္ ေျခေထာက္နားမွာ လိမ္းေပးၿပီး သဘက္ပူပူနဲ႔ကပ္ထားပါ။ အဲဒီေနာက္ ပလတ္စတစ္ပတ္ေပးပါ။ ၿပီးရင္ ၁၅ မိနစ္ေလာက္ထားၿပီး ဖယ္လိုက္ပါ။ အသာမာေတြ ေပ်ာ့သြားမွာျဖစ္ၿပီး ေခ်းတြန္းတဲ့အတံ(သို႔) ခဲလံုးနဲ႔ ေခ်းခၽြတ္လုိက္ပါ။

၀က္ၿခံေတြကို ကုသေပးႏိုင္တယ္။

၀က္ၿခံအတြက္ဆိုရင္ေတာ့ အက္စ္ပရင္ေဆးျပားတခ်ိဳ႕ကို အမႈန္႔ႀကိတ္လိုက္ၿပီး ေရေႏြးနဲ႔ ခပ္ပ်စ္ပ်စ္ေရာလိုက္ပါ။ ၿပီးရင္ ၀က္ၿခံေပၚလိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ေျခာက္ေအာင္ထားပါ။ ၿပီးရင္ ေရေႏြး ဆပ္ျပာနဲ႔မ်က္ႏွာသစ္လိုက္ပါ။ ၀က္ၿခံအျမန္ေျခာက္ေစပါတယ္။

ေဗာက္ေပ်ာက္ေစဖို႔

ေဗာက္ေပ်ာက္ေစဖို႔အတြက္ဆိုရင္ အက္စ္ပရင္ေဆးလံုး (Tablets) ၂ လံုးရဲ့ အမႈန္႔ကိုယူၿပီး ကိုယ္သံုးေနတဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ေရာလိုက္ပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ၿပီး အက္စ္ပရင္ေရာထားတဲ့ ေခါင္းေလွ်ာ္ရည္ကိုလိမ္းကာ ၂ မိနစ္ေလာက္ထားပါ။ ၿပီးမွ ရိုးရိုးေခါင္းေလွ်ာ္ရည္သံုးၿပီး ေခါင္းထပ္ေလွ်ာ္ပါ။

အင္းဆက္ပိုးမႊားေတြကိုက္တာ သက္သာေစဖို႔

ျခင္း ပုရြက္စိတ္တို႔လို အင္းဆက္ပိုးမႊားေတြကိုက္လို႔ ေရာင္ရမ္းတာေတြအတြက္ အက္စ္ပရင္ကို အမႈန္႔ႀကိတ္ၿပီး ေရနည္းနည္းနဲ႔ေရာလိမ္းလုိက္ပါ။ သက္သာသြားမွာျဖစ္ပါတယ္။

မီးဖိုေခ်ာင္သံုးပစၥည္းေတြမွာ ေပက်ံေနတဲ့ အမည္းဆီေတြကို သန္႔ရွင္းေပးႏိုင္တယ္။

မီးဖိုေခ်ာင္မွာသံုးေနတဲ့ ဒယ္အိုးေတြ ဒန္အိုးေတြမွာ ခၽြတ္ရခက္တဲ့ အမည္းဆီေတြကို အက္စပရင္ေဆးျပားအနည္းငယ္ကို အမႈန္႔ႀကိတ္ ၿပီး ေရနည္းနည္းနဲ႔ေရာကာ တိုက္ေပးပါ။

Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အက်စ်ပရင်ဆေးပြားကို ခေါင်းကိုက်သက်သာစေဖို့ အဖျားသက်သာစေဖို့ နဲ့ ရောင်ရမ်းမှုကို သက်သာစေဖို့ ကမ္ဘာနဲ့အဝှမ်းမှာ အသုံးပြုနေကြတဲ့ဆေးပါ။ လေ့လာသူတွေက အက်စ်ပရင်ဆေးဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ကင်ဆာရောဂါတချို့ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ပြသခဲ့ပါတယ်။

ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်းရှိလို့ နေ့စဉ်စားသုံးဖို့မသင့်တော်သလို မိမိသဘောအနေနဲ့လည်း မစားသုံးသင့်ပါဘူး။ အခုမျှဝေပေးမှာက အက်စ်ပရင်ဆေးကို တခြားနည်းလမ်းနဲ့ ဘယ်လိုအသုံးပြုမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အသားအရေ နုပျို ဖြူဝင်းစေဖို့

အက်စ်ပရင်ဆေးဟာ အသားအရေ နီတာ ရောင်တာနဲ့ ဝက်ခြံတွေကို သက်သာစေပြီး ဆဲလ်သေတွေ အဆီတွေကို ဖယ်ရှားပေးပါတယ်။ အက်စ်ပရင်ဆေးလုံး (Tablets) ၅ လုံးကိုအမှုန့်ကြိတ်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရေ ခွက်၁/၄ ပုံနဲပရောကာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့ မျက်နှာသစ်ပါ။ နေ့စဉ်လုပ်ပေးပါ။ ၁ လလောက်ဆို သိသာလာမှာဖြစ်ပါတယ်။ ပေါင်းကြား ချိုင်းကြားနဲ့ ညိုမဲနေတဲ့အသားရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

အပင်တွေကို ပိုပြီး ရှင်သန်စေတယ်

အက်စ်ပရင်ကို မှုန့်နေအောင်ကြိတ်ပြီး ရေနဲ့ရောကာ အပင်တွေကို ဖြန်းပေးမယ်ဆိုရင် အပင်တွေရဲ့ သက်တမ်းကို ပိုပြီး ရှည်စေပါတယ်။ အပင်တွေကို ပိုပြီး လန်းဆန်းပြီး အစိမ်းရောင်သန်းစေပါတယ်။

ဆံပင်အရောင်ကို မလွင့်အောင်ကာကွယ်ပေးတယ်

ဆံပင်အရောင်တောက်တောက်နဲ့ လှပနေတဲ့အရောင်ကို လူတိုင်းနှစ်သက်ကြပါတယ်။ ဆံပင်အရောင်မွှဲခြောက်တာကို သက်သာစေဖို့အတွက် အက်စ်ပရင်ဆေးပြား ၈  ပြားကို ရေနွေးတစ်ခွက်နဲ့ရောလိုက်ပါ။ ပြီးရင် ဆံပင်နဲ့ ဦးရေပြားပေါ် လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ချပါ။

ချွေးစွန်းတဲ့ကွက်တွေကို ဖယ်ရှားပေးနိုင်တယ်

ချွေးထွက်များလို့ အိကျီ ၤတွေ မှာ စွန်းနေတဲ့ ချွေးကွက်တွေကို အက်စ်ပရင်ဆေးက ဖယ်ရှားပေးနိုင်ပါတယ်။ အက်စ်ပရင်ဆေးပြား ၂ ပြားကို မှုန့်နေအောင်လုပ်ပြီး ရေနွေးခွက်တစ်ဝက်စာနဲ့ ရောလိုက်ပါ။ ပြီးရင် ရှပ်အိကျီ ၤ ကိုယူပြီး စိမ်ထားပေးလိုက်ပါ။ ၂ နာရီလောက်ထားပါ။ အဲဒီနောက် လက်နဲ့ပွတ်ပေးပြီး ရေဆေးချပါ။

အသာမာတွေကို ဖယ်ရှားပေးနိုင်တယ်

ဖျက်ရခက်တဲ့အသာမာတွေအတွက် အက်စ်ပရင်ဆေးလုံး (Tablets) ၆ လုံးကို ရေနည်းနည်း၊ သံပုယိုရည်နည်းနည်းနဲ့ ရောလိုက်ပါ။ ပြီးရင် ခြေထောက်နားမှာ လိမ်းပေးပြီး သဘက်ပူပူနဲ့ကပ်ထားပါ။ အဲဒီနောက် ပလတ်စတစ်ပတ်ပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ဖယ်လိုက်ပါ။ အသာမာတွေ ပျော့သွားမှာဖြစ်ပြီး ချေးတွန်းတဲ့အတံ(သို့) ခဲလုံးနဲ့ ချေးချွတ်လိုက်ပါ။

ဝက်ခြံတွေကို ကုသပေးနိုင်တယ်။

ဝက်ခြံအတွက်ဆိုရင်တော့ အက်စ်ပရင်ဆေးပြားတချို့ကို အမှုန့်ကြိတ်လိုက်ပြီး ရေနွေးနဲ့ ခပ်ပျစ်ပျစ်ရောလိုက်ပါ။ ပြီးရင် ဝက်ခြံပေါ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ခြောက်အောင်ထားပါ။ ပြီးရင် ရေနွေး ဆပ်ပြာနဲ့မျက်နှာသစ်လိုက်ပါ။ ဝက်ခြံအမြန်ခြောက်စေပါတယ်။

ဗောက်ပျောက်စေဖို့

ဗောက်ပျောက်စေဖို့အတွက်ဆိုရင် အက်စ်ပရင်ဆေးလုံး (Tablets) ၂ လုံးရဲ့ အမှုန့်ကိုယူပြီး ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည်နဲ့ရောလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ပြီး အက်စ်ပရင်ရောထားတဲ့ ခေါင်းလျှော်ရည်ကိုလိမ်းကာ ၂ မိနစ်လောက်ထားပါ။ ပြီးမှ ရိုးရိုးခေါင်းလျှော်ရည်သုံးပြီး ခေါင်းထပ်လျှော်ပါ။

အင်းဆက်ပိုးမွှားတွေကိုက်တာ သက်သာစေဖို့

ခြင်း ပုရွက်စိတ်တို့လို အင်းဆက်ပိုးမွှားတွေကိုက်လို့ ရောင်ရမ်းတာတွေအတွက် အက်စ်ပရင်ကို အမှုန့်ကြိတ်ပြီး ရေနည်းနည်းနဲ့ရောလိမ်းလိုက်ပါ။ သက်သာသွားမှာဖြစ်ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းတွေမှာ ပေကျံနေတဲ့ အမည်းဆီတွေကို သန့်ရှင်းပေးနိုင်တယ်။

မီးဖိုချောင်မှာသုံးနေတဲ့ ဒယ်အိုးတွေ ဒန်အိုးတွေမှာ ချွတ်ရခက်တဲ့ အမည်းဆီတွေကို အက်စပရင်ဆေးပြားအနည်းငယ်ကို အမှုန့်ကြိတ် ပြီး ရေနည်းနည်းနဲ့ရောကာ တိုက်ပေးပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top