iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္၍မ်ား သင္ရဲ႕ခ်စ္သူဟာ သင္ရဲ႕ အေကာင္းဆုံး သူငယ္ခ်င္းတစ္ေယာက္ ျဖစ္ေနခဲ့ရင္ ဂုဏ္ယူစြာ လက္ထပ္လုိက္ပါလုိ႔ အႀကံေပးခ်င္ပါတယ္။ ခ်စ္ရသူ မရွိေသးဘူးဆုိရင္လည္း သင့္ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္းေတြထဲကပဲ လက္တြဲေဖာ္ကို ေရြးခ်ယ္သင့္ပါတယ္။ ဘာေၾကာင့္ ငယ္သူငယ္ခ်င္းနဲ႔ လက္ထပ္သင့္သလဲ ဆုိတာကုိေတာ့ ေအာက္ပါအတုိင္း အေၾကာင္းျပခ်က္ေလးေတြ ေပးထားပါတယ္။

၁။ သင္က သူတုိ႔ကို ခ်စ္တယ္။
သင့္ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းဆုိကတည္းက သင္နဲ႔ သူတုိ႔ဟာ ေျပာမနာဆုိမနာ၊ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိ၊ တစ္ေယာက္အျပစ္ တစ္ေယာက္ နားလည္ထားၿပီးသားသူေတြ ျဖစ္ပါတယ္။ အခ်င္းခ်င္း ခ်စ္ၾကည္ၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ သည္းခံႏုိင္မႈအတုိင္းအတာကလည္း ေတာ္႐ုံလူေတြအေပၚမွာထားတဲ့ သည္းခံမႈနဲ႔ တစ္ျခားဆီပါ။

၂။ သင့္ဘ၀နဲ႔ ပတ္သက္ၿပီး သူတုိ႔ကုိ ယုံတယ္။
အခ်စ္ေရးတစ္ခုမွာ အလုိအပ္ဆုံးကေတာ့ တစ္ေယာက္ရဲ႕ဘ၀ကို တစ္ေယာက္က အျပည့္အ၀ လက္ခံႏုိင္တယ္ဆုိတဲ့ စိတ္ခံစားမႈပဲ ျဖစ္ပါတယ္။ ခ်စ္သူငယ္ခ်င္း ျဖစ္ေနလုိ႔လည္း ကုိယ့္ဘ၀ကုိ နားလည္ပါေစဆုိတဲ့ ပုံစံနဲ႔ အထူး ႀကိဳးစားျပစရာ မလုိေတာ့ဘူးေပါ့။

၃။ တူညီေသာ ဘ၀ရည္မွန္းခ်က္ေတြ ရွိၾကတယ္။
အရမ္းရင္းနီးတဲ့ သူငယ္ခ်င္းေတြရဲ႕ ဘ၀မွာ တူညီတဲ့ ရည္မွန္းခ်က္ေတြ ရွိတတ္ပါတယ္။ သုိ႔တည္းမဟုတ္ ရည္မွန္းခ်က္ခ်င္း ကြဲလြဲေနေစကာမူ တစ္ေယာက္ရဲ႕ ရည္မွန္းခ်က္ကုိ တစ္ေယာက္က ျပည့္ျပည့္၀၀ ေထာက္ခံတယ္။ ဒီေတာ့ ရည္မွန္းခ်က္နဲ႔ပတ္သက္ရင္ အခ်င္းမ်ားဖုိ႔ မလုိေတာ့ဘူးေပါ့ေနာ္။

၄။ တူညီေသာ ကိုယ့္က်င့္တရားေတြ ရွိၾကတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ အေပါင္းအသင္း ၀င္ဆန္႔ဖုိ႔ဆုိတာ တစ္ေယာက္ရဲ႕ အက်င့္စာရိတၱကုိ ေရရွည္သည္းခံႏုိင္ဖုိ႔ လုိအပ္ပါတယ္။ အခ်စ္ဆုံးသူငယ္ခ်င္းဆုိတဲ့ ဘ၀ကုိ ေရာက္ခဲ့သူမ်ားဟာ သာမာန္သူငယ္ခ်င္းဘ၀မွာ သူတုိ႔အခ်င္းခ်င္း သေဘာတူ လက္ခံႏုိင္တဲ့ ကိုယ္က်င့္တရားေတြကုိ ေပ်ာ္ရႊင္စြာလက္ခံၿပီးမွ အခ်စ္ဆုံးသူငယ္ခ်င္းဘ၀ကုိ ေရာက္လာခဲ့ၾကရတာ ျဖစ္ပါတယ္။

၅။ အရာအားလုံးကို မွ်ေ၀ခံစားႏုိင္တယ္။
သူတုိ႔တစ္ေတြဟာ သင့္ရဲ႕ေကာင္းျခင္း၊ ဆုိးျခင္း၊ ၀မ္းနည္းမႈ၊ ေပ်ာ္ရႊင္မႈကို အတူတကြ မခုိမကပ္ လုိက္ၿပီး ခံစားႏုိင္ပါတယ္။ ဒီအတြက္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈအျပည့္အ၀ ရၿပီးသားျဖစ္လုိ႔ အထူး ညႇိေနစရာ မလုိပါဘူး။

၆။ သင္ စိတ္ႀကိဳက္ေနခြင့္ရွိတယ္။
သင့္ရဲ႕အျပဳအမူ၊ အက်င့္စ႐ုိက္ေတြကုိ သူတုိ႔က လက္ခံၿပီးသား ျဖစ္တဲ့အတြက္ သင့္ဘာသာသင္ သူတုိ႔ပတ္၀န္းက်င္မ်ား ဖိအားကင္းကင္းနဲ႔ စိတ္ႀကိဳက္ေနခြင့္ ရွိပါတယ္။ သင့္ကုိ ဘယ္သူမွ ဖိအားေပးမွာ မဟုတ္ပါဘူး။

၇။ ပုဂၢိဳလ္ေရးအရ စြဲေဆာင္ၿပီးသားျဖစ္တယ္။
ခ်စ္သူငယ္ခ်င္းေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပုဂၢဳိလ္ေရးအရ လႊမ္းမုိးၿပီးသား ျဖစ္ပါတယ္။ ဒီေတာ့ တစ္စုံတစ္ေယာက္ကုိ ခ်စ္မယ္ စိတ္ကူးတဲ့အခါမ်ိဳးမွာ သူ႔ကုိ ပုဂၢိဳလ္ေရးအရ စြဲေဆာင္ေနရတဲ့ အလုပ္ကုိ လုပ္စရာမလုိေတာ့ဘူးေပါ့။

၈။ မိဘေတြခ်င္း အံ၀င္ဂြင္က်ျဖစ္ၿပီးသား။
အခ်စ္ဆုံးသူငယ္ခ်င္းဆုိတာ အမည္ခံထား႐ုံနဲ႔ မရပါဘူး။ သူတုိ႔အိမ္ဟာ သင့္အတြက္ စားအိမ္ေသာက္အိမ္ ျဖစ္သလုိ သူတုိ႔မိဘေတြကလည္း သင့္ကို သား/သမီး အရင္းတစ္ေယာက္လုိ ေစာင့္ေရွာက္ပါတယ္။ သင္တုိ႔အိမ္ရဲ႕ သေဘာထားကလည္း သူတုိ႔အေပၚမွာ ထုိနည္း၎ပါဘဲ။ ဒီေတာ့ မိဘခ်င္းက ကြက္တိ ျဖစ္ၿပီးသားေပါ့။

၉။ သူတုိ႔မပါဘဲ သင့္ဘ၀ကုိ ပုံေဖာ္လုိ႔မရ။
တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီေထာက္ပံ့ခဲ့ၾကရင္း သင္တုိ႔ဟာ ကိုင္းကၽြန္းမွီ ကၽြန္းကိုင္မွီပါဘဲ။ သူတုိ႔ရဲ႕ ဘ၀အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားမွာ သင္ဟာ အေရးပါ အရာေရာက္သူ ျဖစ္သလုိ၊ သင့္ဘ၀မွာလည္း သူတုိ႔ဟာ အေရးႀကီးတဲ့ အခန္းက႑မွာ ပါ၀င္ေနပါလိ့မ္မယ္။

၁၀။ သူတုိ႔နဲ႔ ရွိေနတဲ့အခ်ိန္မွာ ေပ်ာ္ရႊင္မႈကို ခံစားရမယ္။
ဘယ္သူပဲျဖစ္ျဖစ္ အခ်စ္ဆုံး သူငယ္ခ်င္းေတြနဲ႔ အသက္ ၅၀ ေက်ာ္မွ ျပန္ဆုံခဲ့ၾကရင္ေတာင္ ေက်ာင္းသားဘ၀ကို ျပန္ေရာက္သြားသလုိ ခံစားရေစတဲ့အထိ အခ်စ္ဆုံး သူငယ္ခ်င္းေတြက သင့္ကုိ ေပ်ာ္ရႊင္မႈေတြ ေပးပါတယ္။

Credit:shwemon

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


အကယ်၍များ သင်ရဲ့ချစ်သူဟာ သင်ရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်နေခဲ့ရင် ဂုဏ်ယူစွာ လက်ထပ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ ချစ်ရသူ မရှိသေးဘူးဆိုရင်လည်း သင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေထဲကပဲ လက်တွဲဖော်ကို ရွေးချယ်သင့်ပါတယ်။ ဘာကြောင့် ငယ်သူငယ်ချင်းနဲ့ လက်ထပ်သင့်သလဲ ဆိုတာကိုတော့ အောက်ပါအတိုင်း အကြောင်းပြချက်လေးတွေ ပေးထားပါတယ်။

၁။ သင်က သူတို့ကို ချစ်တယ်။
သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုကတည်းက သင်နဲ့ သူတို့ဟာ ပြောမနာဆိုမနာ၊ တစ်ယောက်အကြောင်း တစ်ယောက်သိ၊ တစ်ယောက်အပြစ် တစ်ယောက် နားလည်ထားပြီးသားသူတွေ ဖြစ်ပါတယ်။ အချင်းချင်း ချစ်ကြည်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် သည်းခံနိုင်မှုအတိုင်းအတာကလည်း တော်ရုံလူတွေအပေါ်မှာထားတဲ့ သည်းခံမှုနဲ့ တစ်ခြားဆီပါ။

၂။ သင့်ဘဝနဲ့ ပတ်သက်ပြီး သူတို့ကို ယုံတယ်။
အချစ်ရေးတစ်ခုမှာ အလိုအပ်ဆုံးကတော့ တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က အပြည့်အ၀ လက်ခံနိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုပဲ ဖြစ်ပါတယ်။ ချစ်သူငယ်ချင်း ဖြစ်နေလို့လည်း ကိုယ့်ဘဝကို နားလည်ပါစေဆိုတဲ့ ပုံစံနဲ့ အထူး ကြိုးစားပြစရာ မလိုတော့ဘူးပေါ့။

၃။ တူညီသော ဘဝရည်မှန်းချက်တွေ ရှိကြတယ်။
အရမ်းရင်းနီးတဲ့ သူငယ်ချင်းတွေရဲ့ ဘဝမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိတတ်ပါတယ်။ သို့တည်းမဟုတ် ရည်မှန်းချက်ချင်း ကွဲလွဲနေစေကာမူ တစ်ယောက်ရဲ့ ရည်မှန်းချက်ကို တစ်ယောက်က ပြည့်ပြည့်၀၀ ထောက်ခံတယ်။ ဒီတော့ ရည်မှန်းချက်နဲ့ပတ်သက်ရင် အချင်းများဖို့ မလိုတော့ဘူးပေါ့နော်။

၄။ တူညီသော ကိုယ့်ကျင့်တရားတွေ ရှိကြတယ်။
တစ်ယောက်နဲ့တစ်ယောက် အပေါင်းအသင်း ဝင်ဆန့်ဖို့ဆိုတာ တစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ရေရှည်သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ဘဝကို ရောက်ခဲ့သူများဟာ သာမာန်သူငယ်ချင်းဘဝမှာ သူတို့အချင်းချင်း သဘောတူ လက်ခံနိုင်တဲ့ ကိုယ်ကျင့်တရားတွေကို ပျော်ရွှင်စွာလက်ခံပြီးမှ အချစ်ဆုံးသူငယ်ချင်းဘဝကို ရောက်လာခဲ့ကြရတာ ဖြစ်ပါတယ်။

၅။ အရာအားလုံးကို မျှဝေခံစားနိုင်တယ်။
သူတို့တစ်တွေဟာ သင့်ရဲ့ကောင်းခြင်း၊ ဆိုးခြင်း၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုကို အတူတကွ မခိုမကပ် လိုက်ပြီး ခံစားနိုင်ပါတယ်။ ဒီအတွက်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အ၀ ရပြီးသားဖြစ်လို့ အထူး ညှိနေစရာ မလိုပါဘူး။

၆။ သင် စိတ်ကြိုက်နေခွင့်ရှိတယ်။
သင့်ရဲ့အပြုအမူ၊ အကျင့်စရိုက်တွေကို သူတို့က လက်ခံပြီးသား ဖြစ်တဲ့အတွက် သင့်ဘာသာသင် သူတို့ပတ်ဝန်းကျင်များ ဖိအားကင်းကင်းနဲ့ စိတ်ကြိုက်နေခွင့် ရှိပါတယ်။ သင့်ကို ဘယ်သူမှ ဖိအားပေးမှာ မဟုတ်ပါဘူး။

၇။ ပုဂ္ဂိုလ်ရေးအရ စွဲဆောင်ပြီးသားဖြစ်တယ်။
ချစ်သူငယ်ချင်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေးအရ လွှမ်းမိုးပြီးသား ဖြစ်ပါတယ်။ ဒီတော့ တစ်စုံတစ်ယောက်ကို ချစ်မယ် စိတ်ကူးတဲ့အခါမျိုးမှာ သူ့ကို ပုဂ္ဂိုလ်ရေးအရ စွဲဆောင်နေရတဲ့ အလုပ်ကို လုပ်စရာမလိုတော့ဘူးပေါ့။

၈။ မိဘတွေချင်း အံဝင်ဂွင်ကျဖြစ်ပြီးသား။
အချစ်ဆုံးသူငယ်ချင်းဆိုတာ အမည်ခံထားရုံနဲ့ မရပါဘူး။ သူတို့အိမ်ဟာ သင့်အတွက် စားအိမ်သောက်အိမ် ဖြစ်သလို သူတို့မိဘတွေကလည်း သင့်ကို သား/သမီး အရင်းတစ်ယောက်လို စောင့်ရှောက်ပါတယ်။ သင်တို့အိမ်ရဲ့ သဘောထားကလည်း သူတို့အပေါ်မှာ ထိုနည်း၎င်းပါဘဲ။ ဒီတော့ မိဘချင်းက ကွက်တိ ဖြစ်ပြီးသားပေါ့။

၉။ သူတို့မပါဘဲ သင့်ဘဝကို ပုံဖော်လို့မရ။
တစ်ယောက်နဲ့တစ်ယောက် ကူညီထောက်ပံ့ခဲ့ကြရင်း သင်တို့ဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီပါဘဲ။ သူတို့ရဲ့ ဘဝအစိတ်အပိုင်း တော်တော်များများမှာ သင်ဟာ အရေးပါ အရာရောက်သူ ဖြစ်သလို၊ သင့်ဘဝမှာလည်း သူတို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါလိ့မ်မယ်။

၁၀။ သူတို့နဲ့ ရှိနေတဲ့အချိန်မှာ ပျော်ရွှင်မှုကို ခံစားရမယ်။
ဘယ်သူပဲဖြစ်ဖြစ် အချစ်ဆုံး သူငယ်ချင်းတွေနဲ့ အသက် ၅၀ ကျော်မှ ပြန်ဆုံခဲ့ကြရင်တောင် ကျောင်းသားဘဝကို ပြန်ရောက်သွားသလို ခံစားရစေတဲ့အထိ အချစ်ဆုံး သူငယ်ချင်းတွေက သင့်ကို ပျော်ရွှင်မှုတွေ ပေးပါတယ်။

Credit:shwemon

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top