iMyanmarHouse.com - Best Property Website for Myanmar
×

ဘ၀ဆိုတာ လွည္းဘီးလို အၿမဲတမ္းလည္ပတ္ေနတဲ့အရာ၊ နိမ့္လိုက္ ျမင့္လိုက္နဲ႔ေပါ့။ ေပ်ာ္စရာေတြရွိသလို စိတ္ဆင္းရဲစရာေတြနဲ႔လည္း ၾကံဳရတာပါပဲ။ အဲ့ဒီလို စိတ္ဆင္းရဲစရာေတြၾကံဳလာတဲ့အခါ အခ်ိန္မီ မေျဖရွင္းႏိုင္ဘူးဆုိရင္ စိတ္က်ေရာဂါ ဝင္လာတတ္ပါတယ္။ ဒီလိုမ်ိဳး မျဖစ္ရေအာင္ စိတ္က်ေရာဂါျဖစ္ေစႏိုင္တဲ့ အေၾကာင္းအရာ အခ်က္အလက္တစ္ခ်ိဳ ႔ကို ေဖာ္ျပလိုက္ပါတယ္။ ဆင္ျခင္ ျပဳျပင္ၿပီး ဘ၀ကို ခြန္အားရွိရွိနဲ႕ ေရွ႕ဆက္ၾကပါစို႕...

၁။ ေလ့က်င့္ခန္းမလုပ္ျခင္း

ေန႕စဥ္ ျပဳမူေဆာင္ရြက္မႈေတြဟာ စိတ္နဲ႕ခႏၶာကိုယ္ ပင္ပန္းႏြမ္းနယ္ေစပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္း လုပ္သင့္ပါတယ္။ ကိုယ္ကာယေလ့က်င့္ခန္းျဖစ္တဲ့ ေျပးတာ၊ စက္ဘီးစီးတာ၊ ကိုယ္လက္လႈပ္ရွားတာ၊ လမ္းေလွ်ာက္တာ၊ ၾကက္ေတာင္ရိုက္တာ စတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ပါ။ ၿပီးေတာ့ စိတ္ေလ့က်င့္ခန္းလဲ လုပ္ေပးပါဦး။ စိတ္ကို အနားယူပါ။ အသက္ရႈေလ့က်င့္ခန္းေတြ လုပ္ပါ။

၂။ မွားယြင္းတဲ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်မႈ

အစားအေသာက္ကို မွန္ကန္စြာ စားသံုးျခင္းဟာ ခႏၶာကိုယ္ကို က်န္းမာေစရံုသာမကဘဲ စိတ္ကိုပါ က်န္းမာေစႏိုင္ပါတယ္။ ေဘးထြက္ဆိုးက်ိဳးမ်ားတဲ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်မႈ နည္းလမ္းဆိုးေတြဟာ စိတ္က်ေရာဂါျဖစ္ေစႏိုင္ပါတယ္။ အစား လံုး၀မစားဘဲ ေနျခင္းထက္ အစားကို သင့္တင့္မွ်တေအာင္ မွန္ကန္ေအာင္ စားသံုးတာကသာလွ်င္ ကိုယ္နဲ႕စိတ္ကို က်န္းမာေစပါလိမ့္မယ္။

၃။ ပံုမွန္မဟုတ္ေသာ အိပ္စက္မႈႏွင့္ စိတ္ဖိစီးမႈ

လူတစ္ေယာက္ရဲ ႔ အိပ္ခ်ိန္ဟာ တစ္ေန႔ကို အနည္းဆံုး ၆ နာရီေလာက္ေတာ့ ရွိသင့္ပါတယ္။ အိပ္ေရးမ၀ျခင္းဟာ ဦးေႏွာက္ဆဲလ္ေတြကို ပ်က္စီးေစႏိုင္လို႕ အိပ္ေရး၀ဖုိ႕ အေရးၾကီးပါတယ္။ အိပ္တဲ့အခါ ေတာက္ေလွ်ာက္ အိပ္စက္တာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။ အိပ္ခ်ိန္ကို ခြဲၿပီး အိပ္စက္တာမ်ိဳး (ဥပမာ ၂နာရီအိပ္ ေလးနာရီအလုပ္လုပ္ ၂နာရီ ျပန္အိပ္တာမ်ိဳး)ဟာ အလြန္အႏၱရာယ္မ်ားပါတယ္။ စိတ္ဖိစီးမႈေတြကို ဆုပ္ကိုင္မထားပါနဲ႕။ ေလွ်ာ့ခ်ပါ။ ေျဖရွင္းပါ။ ဒီလိုမွမဟုတ္ရင္ လႊတ္ခ်ပစ္လုိက္ပါ။

၄။ တစ္ေယာက္တည္းေနျခင္း

လူဆိုတာ ပတ္၀န္းက်င္ အသိုင္းအ၀ိုင္းနဲ႕ ေနတာပါ။ ကိုယ့္ပတ္၀န္းက်င္ကို မႀကိဳက္ဘူးဆုိရင္ ေျပာင္းလဲပစ္လိုက္ပါ။ မေျပာင္းလဲႏိုင္ဘူးဆုိရင္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနပါ။ တစ္ကိုယ္တည္း အခန္းတံခါးပိတ္ေနတတ္ျခင္းဟာ အက်င့္ေကာင္းတစ္ခု မဟုတ္ပါဘူး။ ပူးေပါင္းလုပ္ေဆာင္မႈေတြဟာ သင့္ကို သြက္လက္တက္ၾကြေစျပီး စိတ္ခြန္အားေပးႏိုင္ပါတယ္။ တစ္ေယာက္တည္းမေနပါနဲ႕။ အထူးသျဖင့္ စိတ္ဓါတ္က်ေနခ်ိန္မွာ ပိုၿပီးေတာ့မေနပါနဲ႕။ သူငယ္ခ်င္းေတြနဲ႕ ေတြ႕ဆံုပါ။ စကားေျပာပါ။

၅။ မွားယြင္းတဲ့အေတြးေတြ

စိတ္မေကာင္းစရာေတြကို ခနခန ျပန္ေတြးမေနပါနဲ႕။ အပ်က္သေဘာဆန္တဲ့ အေတြးေတြဟာ စိတ္က်ေရာဂါျဖစ္ေစနိုင္တဲ့ အဓိကအခ်က္ပါပဲ။ ျဖစ္ၿပီးခဲ့တာေတြကို အခ်ိန္ကာလတစ္ခုစာပဲ ၀မ္းနည္းလိုက္ပါ။ ငိုစရာရွိရင္ အားရေအာင္ငိုလိုက္ပါ။ ၿပီးရင္ေတာ့ လုပ္စရာရွိတာေတြ ဆက္လုပ္ပါေတာ့။ မေကာင္းတာေတြေတြးေတြးၿပီး ကိုယ့္ကိုယ္ကို စိတ္ညစ္မခံပါနဲ႕။ ဘ၀ထဲက ဆုိးရြားမႈေတြကို ဖယ္ထုတ္ပစ္လုိက္ပါ။

လူတိုင္းမွာ စိတ္ပင္ပန္းစရာေတြ ရွိေနတတ္ပါတယ္။ ဒီကမၻာၾကီးမွာ မေျဖရွင္းႏိုင္တဲ့ ဒုကၡေတြ တစ္ပံုၾကီးပါ။ အဲ့တာေတြကို ထပ္တလဲလဲေတြးမေနဖုိ႕ လိုပါတယ္။ ကိုယ့္အနားမွာရွိတဲ့လူေတြနဲ႕ အခ်ိန္ကို တန္ဖိုးရွိရွိအသံုးခ်ပါ။ သူတုိ႕က သင့္စိတ္ကို သက္ေတာင့္သက္သာျဖစ္ေအာင္ လုပ္ေပးနိုင္ပါလိမ့္မယ္။  သင္က ျပႆနာေတြ ဒုကၡေတြ စိတ္ပင္ပန္းမႈေတြကို မလိုခ်င္ဘူးဆုိရင္ ဆုပ္ကိုင္မထားပါနဲ႕။ သင္ကိုယ္တုိင္ကမွ မျပံဳးခ်င္ဘူးဆုိရင္ ေပ်ာ္စရာေတြက သင့္ဆီ ဘယ္လိုလုပ္လာႏိုင္ပါေတာ့မလဲ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘဝဆိုတာ လှည်းဘီးလို အမြဲတမ်းလည်ပတ်နေတဲ့အရာ၊ နိမ့်လိုက် မြင့်လိုက်နဲ့ပေါ့။ ပျော်စရာတွေရှိသလို စိတ်ဆင်းရဲစရာတွေနဲ့လည်း ကြုံရတာပါပဲ။ အဲ့ဒီလို စိတ်ဆင်းရဲစရာတွေကြုံလာတဲ့အခါ အချိန်မီ မဖြေရှင်းနိုင်ဘူးဆိုရင် စိတ်ကျရောဂါ ဝင်လာတတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာ အချက်အလက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။ ဆင်ခြင် ပြုပြင်ပြီး ဘဝကို ခွန်အားရှိရှိနဲ့ ရှေ့ဆက်ကြပါစို့...

၁။ လေ့ကျင့်ခန်းမလုပ်ခြင်း

နေ့စဉ် ပြုမူဆောင်ရွက်မှုတွေဟာ စိတ်နဲ့ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းဖြစ်တဲ့ ပြေးတာ၊ စက်ဘီးစီးတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ လမ်းလျှောက်တာ၊ ကြက်တောင်ရိုက်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ။ ပြီးတော့ စိတ်လေ့ကျင့်ခန်းလဲ လုပ်ပေးပါဦး။ စိတ်ကို အနားယူပါ။ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပါ။

၂။ မှားယွင်းတဲ့ ကိုယ်အလေးချိန်လျှော့ချမှု

အစားအသောက်ကို မှန်ကန်စွာ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမကဘဲ စိတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများတဲ့ ကိုယ်အလေးချိန်လျှော့ချမှု နည်းလမ်းဆိုးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။ အစား လုံးဝမစားဘဲ နေခြင်းထက် အစားကို သင့်တင့်မျှတအောင် မှန်ကန်အောင် စားသုံးတာကသာလျှင် ကိုယ်နဲ့စိတ်ကို ကျန်းမာစေပါလိမ့်မယ်။

၃။ ပုံမှန်မဟုတ်သော အိပ်စက်မှုနှင့် စိတ်ဖိစီးမှု

လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ တစ်နေ့ကို အနည်းဆုံး ၆ နာရီလောက်တော့ ရှိသင့်ပါတယ်။ အိပ်ရေးမဝခြင်းဟာ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေနိုင်လို့ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်တဲ့အခါ တောက်လျှောက် အိပ်စက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ အိပ်ချိန်ကို ခွဲပြီး အိပ်စက်တာမျိုး (ဥပမာ ၂နာရီအိပ် လေးနာရီအလုပ်လုပ် ၂နာရီ ပြန်အိပ်တာမျိုး)ဟာ အလွန်အန္တရာယ်များပါတယ်။ စိတ်ဖိစီးမှုတွေကို ဆုပ်ကိုင်မထားပါနဲ့။ လျှော့ချပါ။ ဖြေရှင်းပါ။ ဒီလိုမှမဟုတ်ရင် လွှတ်ချပစ်လိုက်ပါ


၄။ တစ်ယောက်တည်းနေခြင်း

လူဆိုတာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ နေတာပါ။ ကိုယ့်ပတ်ဝန်းကျင်ကို မကြိုက်ဘူးဆိုရင် ပြောင်းလဲပစ်လိုက်ပါ။ မပြောင်းလဲနိုင်ဘူးဆိုရင် လိုက်လျောညီထွေဖြစ်အောင် နေပါ။ တစ်ကိုယ်တည်း အခန်းတံခါးပိတ်နေတတ်ခြင်းဟာ အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ သင့်ကို သွက်လက်တက်ကြွစေပြီး စိတ်ခွန်အားပေးနိုင်ပါတယ်။ တစ်ယောက်တည်းမနေပါနဲ့။ အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်မှာ ပိုပြီးတော့မနေပါနဲ့။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ စကားပြောပါ။

၅။ မှားယွင်းတဲ့အတွေးတွေ

စိတ်မကောင်းစရာတွေကို ခနခန ပြန်တွေးမနေပါနဲ့။ အပျက်သဘောဆန်တဲ့ အတွေးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အဓိကအချက်ပါပဲ။ ဖြစ်ပြီးခဲ့တာတွေကို အချိန်ကာလတစ်ခုစာပဲ ဝမ်းနည်းလိုက်ပါ။ ငိုစရာရှိရင် အားရအောင်ငိုလိုက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့။ မကောင်းတာတွေတွေးတွေးပြီး ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့။ ဘဝထဲက ဆိုးရွားမှုတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။

လူတိုင်းမှာ စိတ်ပင်ပန်းစရာတွေ ရှိနေတတ်ပါတယ်။ ဒီကမ္ဘာကြီးမှာ မဖြေရှင်းနိုင်တဲ့ ဒုက္ခတွေ တစ်ပုံကြီးပါ။ အဲ့တာတွေကို ထပ်တလဲလဲတွေးမနေဖို့ လိုပါတယ်။ ကိုယ့်အနားမှာရှိတဲ့လူတွေနဲ့ အချိန်ကို တန်ဖိုးရှိရှိအသုံးချပါ။ သူတို့က သင့်စိတ်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။  သင်က ပြဿနာတွေ ဒုက္ခတွေ စိတ်ပင်ပန်းမှုတွေကို မလိုချင်ဘူးဆိုရင် ဆုပ်ကိုင်မထားပါနဲ့။ သင်ကိုယ်တိုင်ကမှ မပြုံးချင်ဘူးဆိုရင် ပျော်စရာတွေက သင့်ဆီ ဘယ်လိုလုပ်လာနိုင်ပါတော့မလဲ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top