iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ကို ကစားရံုသက္္သက္ေလာက္သာ သေဘာထားသူ တစ္ေယာက္ကိုမွ  ခ်စ္မိသြားသူကေတာ့ ကမၻာေပၚမွာ ကံအဆိုးဆံုးလူလို႔ေတာင္ ေျပာလို႔ရပါတယ္။ တကယ္လုိ႔မ်ား အဲ့ဒီလို လူမ်ိဳးနဲ႔ ေတြ႕ ဆံုခဲ့ရင္ေတာ့ လိုက္တမ္းေျပးတမ္း က စားပြဲတစ္ခုမွာ သင့္ဘ၀ကေတာ့ ေတာက္ေလ်ာက္လိုက္ေနရသူျဖစ္ေနေတာ့မွာ။ သူခိုးကေတာ့ ကိုယ္ခိုးတယ္လို႔ ဘယ္ေတာ့မွ ၀န္ခံမွာ မဟုတ္သလို သူတို႔ ကေ တာ့ ငါက ဒီလိုလူမ်ိဳးပဲလို႔ ဘယ္ေတာမွ ဖြင့္ေျပာမွာ မဟုတ္ပါဘူး။ဒါေၾကာင့္ အ ခ်စ္ကို ကစားရံုသက္သက္သာ သေဘာထားတဲ့ သူမ်ိဳးေတြဆီမွာ ဒီလို လကၡ ဏာမ်ိဳးေတြ ေတြ႔ရတတ္ပါတယ္။ဒီလိုလူမ်ိဳးနဲ႔ေတြ႔ရင္ေတာ့ အတတ္ႏိုင္ဆံုး ေ၀းေ၀းကေရွာင္္ပါ။

(၁)ဘယ္ေတာ့မွအရင္စမေခၚ

သူ႔ဘက္ကေန  သင့္ကို ဖုန္းေခၚတယ္ဆိုတာမ်ိဳးကေတာ့ လံုး၀ကိုမရွိသေ လာက္ပါ။တကယ္လို႔ သင့္ကိုသာ သူတကယ္ဂရုစိုက္ရင္ ဒီအတိုင္း ပစ္မ ထား ပါဘူး။ဖုန္းစေခၚဖို႔ကို ေႏွာင့္ေႏွးေနမွာမဟုတ္ပါဘူး။ဖုန္းကိုလည္းကိုယ္ ကခ်ည္း ပဲေခၚနရတဲ့ အျပင္ ကိုယ္ဖုန္းေခၚရင္လည္း သူက မကိုင္ပဲ ေနတာေတြ မ်ား လာရင္ေတာ့ သတိထားပါ။ဒီလူဟာ အသည္းခြဲတမ္းကစားသူတစ္ေယာက္ ျဖစ္ႏိုင္ပါတယ္။

(၂)ရွင္းရွင္းလင္းလင္း မရွိ

သူ႔အတြက္ေတာ့ အခ်စ္က ကစားရံုသက္သက္ပါ။ဒါေၾကာင့္ ဘယ္ေတာ့မွ သင့္အေပၚမွာ အေလးအနက္ထားတာမ်ိဳး ရွိလာမွာမဟုတ္ပါဘူး။ကိစၥ တစ္ခု ကိုလည္္း ဘယ္ေတာ့မွ ရွင္းရွင္းလင္း လုပ္ကိုင္ေျပာဆိုတာမ်ိဳးရွိမွာ မဟုတ္ပဲ အၿမဲတမ္း မရွင္းမရွင္းပဲျဖစ္ေနမွာပါ။သူငယ္ခ်င္းဆိုသူငယ္ခ်င္း၊ရည္းစားဆို ရ ည္း စားျဖစ္ခ်င္တယ္လို႔ ပြင့္ပြင့္လင္းထုတ္ေျပာမွာေတာ့ မဟုတ္ပဲ ဟိုမေရာက္ ၊ဒီမေရာက္ အေျခအေနမ်ိဳးနဲ႔ ေမွ်ာ္လင့္ခ်က္ေတြေပးၿပီး သင့္ကို ဆြဲထားမွာပါ။

(၃)တျခားေကာင္မေလးေတြနဲ႔ အီစီကလီလုပ္

မိန္းကေလး သူငယ္ခ်င္း အမ်ားႀကီးရွိတဲ့ ေကာင္ေလးမ်ိဳးဟာ Player ျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။အရင္တည္းက ကစားရံုသက္သက္ဆိုတဲ့ သူ႔အတြက္ကေတာ့ ခ်စ္လို႔ အီစီကလီလုပ္တာ ခ်ဥ္းကပ္တာမ်ိဳး မဟုတ္ပဲ လူတိုင္းကို အီစီကလီလုပ္ရ တာ ေပ်ာ္ေနတတ္တဲ့သူပါ။ေတြ႔သမွ် လူတိုင္းနဲ႔ ပေရာပရီေနရတာကို သူ႔အတြ က္္ကေတာ့ အႀကိဳက္ေတြ႔ေနမွာပါ။

(၄)အတူဓါတ္ပံုတြဲရိုက္တာမ်ိဳးမလုပ္

ဘယ္ေတာ့မွ အတူတြဲရိုက္တဲ့ ဓါတ္ပံုမ်ိဳးကို လူသိေအာင္ ျပမွာ မဟုတ္သလို၊ အတူလည္းတြဲရိုက္မွာ မဟုတ္ပါဘူး။သူ႔အတြက္ေတာ့ သင္က ကစားစရာ တစ္ ခုထက္မပိုလို႔ပါ။

(၅)သူငယ္ခ်င္း၊မိသားစုေတြနဲ႔ မိတ္ဆက္မေပး

ပံုမွန္အားျဖင့္ေတာ့ ေယာက္်ားေလးတစ္ေယာက္ဟာ သူအတည္ရည္ရြယ္တဲ့ မိန္းကေလးကို သူ႔သူငယ္ခ်င္း၊မိသားစု၀င္ေတြနဲ႔ မိတ္ဆက္ေပးဖို႔ကို တံု႔ဆိုင္းေနတတ္ပါဘူး။အဲ့ဒီလို မဟုတ္ပဲ သူ႔ရဲ႕ အသိုင္း အ၀ိုင္းနဲ႔ သင့္ကို မိတ္ဆက္ေပးဖို႔ ေႏွာင့္ေႏွးေနတယ္ဆုိရင္ေတာ့ ဒါဟာ အႏၱရာယ္ Sign တစ္ခုပါ။အေၾကာင္းအရင္း ႏွစ္ခုပဲရွိပါတယ္။သူ႔အနားမွာ တျခားတစ္ေယာက္ ရွိလို႔၊သင္ကသူ႔အတြက္ ကစားစရာတစ္ထက္ မပိုလို႔ပါ။မိန္းကေလးေ တာ္ေ တာ္မ်ားက ကိုယ့္ကို မခ်စ္ဘူးဆိုတာကို စိတ္ထဲကလည္း သိေနတယ္၊ သူ႔အ မူအယာေတြကလည္း ျပေနတာေတာင္မွ ကိုယ့္စိတ္ကိုယ္လွည့္စားၿပီး ၊ညာၿပီးေ တာ့ စိတ္သက္သာေအာင္ ႀကံဖန္ေတြးတတ္ပါတယ္။ဒါဟာ တကယ္ေတာ့ မလုပ္သင့္တဲ့လုပ္ရပ္ပါ။သိၿပီဆိုတာနဲ႔ အခိ်န္မီ ေနာက္ဆုတ္မယ့္ အစား ဒီလို လုပ္ေလ  ကိုယ္ပဲ ပိုနာက်င္ရေလပါ။

Credit:shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အချစ်ကို ကစားရုံသက်သက်လောက်သာ သဘောထားသူ တစ်ယောက်ကိုမှ  ချစ်မိသွားသူကတော့ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူလို့တောင် ပြောလို့ရပါတယ်။ တကယ်လို့များ အဲ့ဒီလို လူမျိုးနဲ့ တွေ့ ဆုံခဲ့ရင်တော့ လိုက်တမ်းပြေးတမ်း က စားပွဲတစ်ခုမှာ သင့်ဘဝကတော့ တောက်လျောက်လိုက်နေရသူဖြစ်နေတော့မှာ။ သူခိုးကတော့ ကိုယ်ခိုးတယ်လို့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်သလို သူတို့ ကေ တာ့ ငါက ဒီလိုလူမျိုးပဲလို့ ဘယ်တောမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။ဒါကြောင့် အ ချစ်ကို ကစားရုံသက်သက်သာ သဘောထားတဲ့ သူမျိုးတွေဆီမှာ ဒီလို လက္ခ ဏာမျိုးတွေ တွေ့ရတတ်ပါတယ်။ဒီလိုလူမျိုးနဲ့တွေ့ရင်တော့ အတတ်နိုင်ဆုံး ဝေးဝေးကရှောင်ပါ။

(၁)ဘယ်တော့မှအရင်စမခေါ်

သူ့ဘက်ကနေ  သင့်ကို ဖုန်းခေါ်တယ်ဆိုတာမျိုးကတော့ လုံးဝကိုမရှိသေ လာက်ပါ။တကယ်လို့ သင့်ကိုသာ သူတကယ်ဂရုစိုက်ရင် ဒီအတိုင်း ပစ်မ ထား ပါဘူး။ဖုန်းစခေါ်ဖို့ကို နှောင့်နှေးနေမှာမဟုတ်ပါဘူး။ဖုန်းကိုလည်းကိုယ် ကချည်း ပဲခေါ်နရတဲ့ အပြင် ကိုယ်ဖုန်းခေါ်ရင်လည်း သူက မကိုင်ပဲ နေတာတွေ များ လာရင်တော့ သတိထားပါ။ဒီလူဟာ အသည်းခွဲတမ်းကစားသူတစ်ယောက် ဖြစ်နိုင်ပါတယ်။

(၂)ရှင်းရှင်းလင်းလင်း မရှိ

သူ့အတွက်တော့ အချစ်က ကစားရုံသက်သက်ပါ။ဒါကြောင့် ဘယ်တော့မှ သင့်အပေါ်မှာ အလေးအနက်ထားတာမျိုး ရှိလာမှာမဟုတ်ပါဘူး။ကိစ္စ တစ်ခု ကိုလည်း ဘယ်တော့မှ ရှင်းရှင်းလင်း လုပ်ကိုင်ပြောဆိုတာမျိုးရှိမှာ မဟုတ်ပဲ အမြဲတမ်း မရှင်းမရှင်းပဲဖြစ်နေမှာပါ။သူငယ်ချင်းဆိုသူငယ်ချင်း၊ရည်းစားဆို ရ ည်း စားဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းထုတ်ပြောမှာတော့ မဟုတ်ပဲ ဟိုမရောက် ၊ဒီမရောက် အခြေအနေမျိုးနဲ့ မျှော်လင့်ချက်တွေပေးပြီး သင့်ကို ဆွဲထားမှာပါ။

(၃)တခြားကောင်မလေးတွေနဲ့ အီစီကလီလုပ်

မိန်းကလေး သူငယ်ချင်း အများကြီးရှိတဲ့ ကောင်လေးမျိုးဟာ Player ဖြစ်နိုင်ချေ ပိုများပါတယ်။အရင်တည်းက ကစားရုံသက်သက်ဆိုတဲ့ သူ့အတွက်ကတော့ ချစ်လို့ အီစီကလီလုပ်တာ ချဉ်းကပ်တာမျိုး မဟုတ်ပဲ လူတိုင်းကို အီစီကလီလုပ်ရ တာ ပျော်နေတတ်တဲ့သူပါ။တွေ့သမျှ လူတိုင်းနဲ့ ပရောပရီနေရတာကို သူ့အတွ က်ကတော့ အကြိုက်တွေ့နေမှာပါ။

(၄)အတူဓါတ်ပုံတွဲရိုက်တာမျိုးမလုပ်

ဘယ်တော့မှ အတူတွဲရိုက်တဲ့ ဓါတ်ပုံမျိုးကို လူသိအောင် ပြမှာ မဟုတ်သလို၊ အတူလည်းတွဲရိုက်မှာ မဟုတ်ပါဘူး။သူ့အတွက်တော့ သင်က ကစားစရာ တစ် ခုထက်မပိုလို့ပါ။

(၅)သူငယ်ချင်း၊မိသားစုတွေနဲ့ မိတ်ဆက်မပေး

ပုံမှန်အားဖြင့်တော့ ယောက်ျားလေးတစ်ယောက်ဟာ သူအတည်ရည်ရွယ်တဲ့ မိန်းကလေးကို သူ့သူငယ်ချင်း၊မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးဖို့ကို တုံ့ဆိုင်းနေတတ်ပါဘူး။အဲ့ဒီလို မဟုတ်ပဲ သူ့ရဲ့ အသိုင်း အဝိုင်းနဲ့ သင့်ကို မိတ်ဆက်ပေးဖို့ နှောင့်နှေးနေတယ်ဆိုရင်တော့ ဒါဟာ အန္တရာယ် Sign တစ်ခုပါ။အကြောင်းအရင်း နှစ်ခုပဲရှိပါတယ်။သူ့အနားမှာ တခြားတစ်ယောက် ရှိလို့၊သင်ကသူ့အတွက် ကစားစရာတစ်ထက် မပိုလို့ပါ။မိန်းကလေးေ တာ်ေ တာ်များက ကိုယ့်ကို မချစ်ဘူးဆိုတာကို စိတ်ထဲကလည်း သိနေတယ်၊ သူ့အ မူအယာတွေကလည်း ပြနေတာတောင်မှ ကိုယ့်စိတ်ကိုယ်လှည့်စားပြီး ၊ညာပြီးေ တာ့ စိတ်သက်သာအောင် ကြံဖန်တွေးတတ်ပါတယ်။ဒါဟာ တကယ်တော့ မလုပ်သင့်တဲ့လုပ်ရပ်ပါ။သိပြီဆိုတာနဲ့ အချိန်မီ နောက်ဆုတ်မယ့် အစား ဒီလို လုပ်လေ  ကိုယ်ပဲ ပိုနာကျင်ရလေပါ။

Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top