iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ဦးနဲ႕တစ္ဦး ခြဲခြာေနရတဲ့ ခ်စ္သူစံုတြဲေတြအတြက္ ဘာေတြျပဳမူလုပ္ေဆာင္သင့္တဲ့အေၾကာင္းေလးေတြ ခဏခဏ ေရးသားခဲ့ဖူးေပမယ့္ ဒီတစ္ခါကေတာ့ ရည္းစားျဖစ္ျပီး သိပ္မၾကာခင္မွာပဲ တစ္ျမိဳ႔တစ္နယ္စီ ခြဲခြာေနၾကရသူေတြအတြက္ ေျပာေပးခ်င္တာပါ။ သင္တုိ႕ႏွစ္ဦးစလံုးဟာ တစ္ေယာက္ကိုတစ္ေယာက္ တကယ္ခ်စ္ျမတ္ႏိုးျပီး ေရရွည္သြားမယ့္သူေတြဆုိရင္ေတာ့ ဒီအခ်က္ေလး (၃)ခ်က္ကို ပံုမွန္လုပ္ေဆာင္သြားရင္း တစ္ဦးနဲ႕တစ္ဦး အေနေ၀းေပမယ့္ ေသြးမေအးေအာင္ သံေယာဇဥ္ႀကိဳး ပိုတိုးလုိ႕ခ်ည္ေႏွာင္ႏိုင္ပါတယ္ေနာ္။

၁။ညစာ အတူတူ သံုးေဆာင္ပါ။

ႏွစ္ေယာက္အတူတူ မရွိခ်ိန္ဘယ္လုိလုပ္ ညစာ အတူတူစားမွာလဲဆိုျပီး သင္ဇေ၀ဇ၀ါ ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ ဒါဟာ တကယ့္ကို လုပ္ေဆာင္သင့္တဲ့အရာပါ။ သင္တုိ႕ႏွစ္ဦးဟာ တူညီတဲ့ညစာတစ္ခုခုကို ဆုိင္တစ္ဆုိင္က မွာျပီး Skype ေျပာရင္း တူတူသံုးေဆာင္ႏိုင္တယ္မဟုတ္လား။ သူမွာတဲ့အရာနဲ႕ကိုယ္မွာတဲ့ အရာ အတူတူျဖစ္ေလေကာင္းေလပဲ။ ေနာက္တစ္ခ်က္က ႏွစ္ဦးစလံုး ကုိယ္တုိင္ခ်က္ျပဳတ္စားေသာက္ဖုိ႕ပါ။ ခ်က္ျပဳတ္ဖုိ႕ ဘာေတြ၀ယ္ျခမ္းရမယ္ ဆုိတာမ်ိဳး စာရင္းလုပ္ျပီး ကိုယ္တုိင္မီးဖိုေခ်ာင္ ၀င္ခ်က္ျပဳတ္ျပီး အဲ့ဒီအေတြ႔အႀကံဳကို ညစာစားခ်ိန္မွာ ဖလွယ္ပါ။ တကယ္ကို ေပ်ာ္ရႊင္စရာေကာင္းတာကို သင္ႀကံဳရမွာပါ။

၂။ဂိမ္းအတူေဆာ့ပါ။

ဂိမ္းေတြမွာ အတူတူေဆာ့ရတဲ့ ဂိမ္းေတြရွိသလို ခြဲေဆာ့ရတဲ့ ဂိမ္းမ်ိဳးလည္း ရွိပါတယ္။ ဒီေတာ့ တစ္ေနရာတည္း အတူမရွိတဲ့အခ်ိန္ ဘယ္လိုဂိမ္းေတြက သင္တုိ႕အတြက္ ကစားဖုိ႕ အဆင္ေျပမလဲဆိုတာမ်ိဳး စဥ္းစားပါ။ ျပီးေတာ့ ဘယ္လိုဂိမ္းမ်ိဳးေတြ ေဆာ့ခ်င္သလဲဆိုတာကလည္း အေရးႀကီးပါေသးတယ္။ ႏိုင္တဲ့သူ ရံႈးတဲ့သူက ဘယ္သူ႔အတြက္ ဘာလုပ္ေဆာင္ေပးရမယ္ဆုိတာမ်ိဳးေလးေတြလည္း လုပ္ထားႏိုင္ပါတယ္။ ဒါဟာ တစ္ေယာက္နဲ႕တစ္ေယာက္ ပိုရင္းႏွီးလာျပီး သံေယာဇဥ္ႀကိဳးလည္း ပိုျမဲေစပါလိမ့္မယ္။

၃။ေျပာဆုိရမယ့္အေၾကာင္းအရာေတြကို စီစဥ္ျပီး အျမဲထိေတြ႔ေျပာဆုိေပးေနပါ။

ဒိတ္လုပ္ဖုိ႕ ဆိုတာ အေရးအႀကီးဆံုးအရာပါ။ အျမဲေတြ႔ေနတဲ့သူေတြလိုပဲ ေ၀းေနတဲ့သူေတြကလည္း  ဒိတ္လုပ္ေပးဖုိ႕ လုိပါတယ္။ ဒါေပမယ့္ ဒီလို ဒိတ္လုပ္ဖုိ႕ဆုိရင္ chatting ေတြ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ေတြ႔ျမင္ရတဲ့ ဗီဒီယုိခ်က္ေတြက အေရးပါလာပါျပီ။ တစ္ေယာက္နဲ႕တစ္ေယာက္ ေတြ႔ဆံုေျပာဆိုၾကတဲ့အခါ တစ္ေန႕စာ ဘာေတြလုပ္ျဖစ္သလဲဆိုတာမ်ိဳးေတြအျပင္ ေနာက္ထပ္ ထည့္သြင္းသင့္တာက ေမးခြန္းေလးေတြ အျပန္အလွန္ေမးေပးတာမ်ိဳးပါ။ သင္ သူနဲ႕ပတ္သက္ျပီး သိခ်င္တဲ့အရာေတြကို ေမးခြန္းသံုးခု အျမဲျပင္ဆင္ထားပါ။ သူ႕ကိုလည္း ျပင္ဆင္ခုိင္းထားပါ။ ျပီးတဲ့အခါ တစ္ေယာက္တစ္လွည့္ေမးပါ။ လက္ရွိအေၾကာင္းေတြအျပင္၊ အနာဂတ္အေၾကာင္းေတြပါ ေမးလုိ႕အဆင္ေျပပါတယ္။ အတိတ္က အေၾကာင္းေတြမွာေတာ့ သူ႕အေနနဲ႕ မဖြင့္ဟခ်င္တာေတြ အတင္းမေမးမိပါေစနဲ႕။
Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်ဦးနဲ့တစ်ဦး ခွဲခွာနေရတဲ့ ချစ်သူစုံတွဲတွေအတွက် ဘာတွေပြုမူလုပ်ဆောင်သင့်တဲ့အကြောင်းလေးတွေ ခဏခဏ ရေးသားခဲ့ဖူးပေမယ့် ဒီတစ်ခါကတော့ ရည်းစားဖြစ်ပြီး သိပ်မကြာခင်မှာပဲ တစ်မြို့တစ်နယ်စီ ခွဲခွာနေကြရသူတွေအတွက် ပြောပေးချင်တာပါ။ သင်တို့နှစ်ဦးစလုံးဟာ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်မြတ်နိုးပြီး ရေရှည်သွားမယ့်သူတွေဆိုရင်တော့ ဒီအချက်လေး (၃)ချက်ကို ပုံမှန်လုပ်ဆောင်သွားရင်း တစ်ဦးနဲ့တစ်ဦး အနေဝေးပေမယ့် သွေးမအေးအောင် သံယောဇဉ်ကြိုး ပိုတိုးလို့ချည်နှောင်နိုင်ပါတယ်နော်။

၁။ညစာ အတူတူ သုံးဆောင်ပါ။

နှစ်ယောက်အတူတူ မရှိချိန်ဘယ်လိုလုပ် ညစာ အတူတူစားမှာလဲဆိုပြီး သင်ဇဝေဇဝါ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်ကို လုပ်ဆောင်သင့်တဲ့အရာပါ။ သင်တို့နှစ်ဦးဟာ တူညီတဲ့ညစာတစ်ခုခုကို ဆိုင်တစ်ဆိုင်က မှာပြီး Skype ပြောရင်း တူတူသုံးဆောင်နိုင်တယ်မဟုတ်လား။ သူမှာတဲ့အရာနဲ့ကိုယ်မှာတဲ့ အရာ အတူတူဖြစ်လေကောင်းလေပဲ။ နောက်တစ်ချက်က နှစ်ဦးစလုံး ကိုယ်တိုင်ချက်ပြုတ်စားသောက်ဖို့ပါ။ ချက်ပြုတ်ဖို့ ဘာတွေဝယ်ခြမ်းရမယ် ဆိုတာမျိုး စာရင်းလုပ်ပြီး ကိုယ်တိုင်မီးဖိုချောင် ဝင်ချက်ပြုတ်ပြီး အဲ့ဒီအတွေ့အကြုံကို ညစာစားချိန်မှာ ဖလှယ်ပါ။ တကယ်ကို ပျော်ရွှင်စရာကောင်းတာကို သင်ကြုံရမှာပါ။

၂။ဂိမ်းအတူဆော့ပါ။

ဂိမ်းတွေမှာ အတူတူဆော့ရတဲ့ ဂိမ်းတွေရှိသလို ခွဲဆော့ရတဲ့ ဂိမ်းမျိုးလည်း ရှိပါတယ်။ ဒီတော့ တစ်နေရာတည်း အတူမရှိတဲ့အချိန် ဘယ်လိုဂိမ်းတွေက သင်တို့အတွက် ကစားဖို့ အဆင်ပြေမလဲဆိုတာမျိုး စဉ်းစားပါ။ ပြီးတော့ ဘယ်လိုဂိမ်းမျိုးတွေ ဆော့ချင်သလဲဆိုတာကလည်း အရေးကြီးပါသေးတယ်။ နိုင်တဲ့သူ ရှုံးတဲ့သူက ဘယ်သူ့အတွက် ဘာလုပ်ဆောင်ပေးရမယ်ဆိုတာမျိုးလေးတွေလည်း လုပ်ထားနိုင်ပါတယ်။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာပြီး သံယောဇဉ်ကြိုးလည်း ပိုမြဲစေပါလိမ့်မယ်။

၃။ပြောဆိုရမယ့်အကြောင်းအရာတွေကို စီစဉ်ပြီး အမြဲထိတွေ့ပြောဆိုပေးနေပါ။

ဒိတ်လုပ်ဖို့ ဆိုတာ အရေးအကြီးဆုံးအရာပါ။ အမြဲတွေ့နေတဲ့သူတွေလိုပဲ ဝေးနေတဲ့သူတွေကလည်း  ဒိတ်လုပ်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ဒီလို ဒိတ်လုပ်ဖို့ဆိုရင် chatting တွေ တစ်ယောက်မျက်နှာတစ်ယောက် တွေ့မြင်ရတဲ့ ဗီဒီယိုချက်တွေက အရေးပါလာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံပြောဆိုကြတဲ့အခါ တစ်နေ့စာ ဘာတွေလုပ်ဖြစ်သလဲဆိုတာမျိုးတွေအပြင် နောက်ထပ် ထည့်သွင်းသင့်တာက မေးခွန်းလေးတွေ အပြန်အလှန်မေးပေးတာမျိုးပါ။ သင် သူနဲ့ပတ်သက်ပြီး သိချင်တဲ့အရာတွေကို မေးခွန်းသုံးခု အမြဲပြင်ဆင်ထားပါ။ သူ့ကိုလည်း ပြင်ဆင်ခိုင်းထားပါ။ ပြီးတဲ့အခါ တစ်ယောက်တစ်လှည့်မေးပါ။ လက်ရှိအကြောင်းတွေအပြင်၊ အနာဂတ်အကြောင်းတွေပါ မေးလို့အဆင်ပြေပါတယ်။ အတိတ်က အကြောင်းတွေမှာတော့ သူ့အနေနဲ့ မဖွင့်ဟချင်တာတွေ အတင်းမမေးမိပါစေနဲ့။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top