iMyanmarHouse.com - Best Property Website for Myanmar
×

ယခုလက္ရွိအေျခအေနထက္ ပိုမိုၿပီး ႀကီးပြားခ်မ္းသာ ေအာင္ျမင္ဖို႔အတြက္ အေထာက္အကူေပးမယ္႔ အရာတစ္ခုက ပိုက္ဆံစုတတ္တဲ႔ အက်င္႔ပါပဲ။ လူတိုင္းလိုလိုက ပိုက္ဆံစုျဖစ္ခ်င္ေသာ္လည္း ဒီကိစၥဟာ အေျပာလြယ္သေလာက္ အလုပ္ခက္တဲ႔ကိစၥတစ္ခု ျဖစ္တာမို႔ ျဖစ္ေျမာက္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္သူသူ ရွားပါတယ္။ ဒါေပမယ္႔ ဒီလုိခက္ခဲတဲ႔ ကိစၥတစ္ခုကို မိုမိုေလးပရိသတ္ေတြ ေအာင္ေအာင္ျမင္ျမင္ ေဆာင္ရြက္ႏိုင္ေအာင္လို႔ အသံုး၀င္မယ္ထင္တဲ႔ အႀကံျပဳခ်က္ေလးေတြ ေပးလိုက္ခ်င္ပါတယ္။

၁ - အသံုးစရိတ္ေတြကိုမွတ္သားထားပါ။

ေငြစုဖို႔ပထမေျခလွမ္းအေနနဲ႔ အေရးႀကီးတာက ကိုယ္ဘယ္ေလာက္သံုးေနသလဲ၊ ဘာေတြသံုးေနသလဲဆိုတာ တိတိက်က်သိရဖို႔ပါ။ ဒါဟာလည္း ကိုယ္႔ကိုယ္ကို ျပန္လည္သံုးသပ္နည္း တစ္မ်ိဳးပါပဲ။ ကိုယ္မွတ္သားထားတဲ႔ အသုံးစာရင္းထဲက အေရးမႀကီးတာေတြကို မသံုးျဖစ္ေအာင္ သတိထားပါ။

၂ - ကိုယ္႔အသံုးစရိတ္ကို ကိုယ္တိုင္သတ္မွတ္ပါ။

အထက္ကအခ်က္အတိုင္း မိမိကိုယ္ကို ဆန္းစစ္ၾကည္႔ၿပီးၿပီဆိုရင္ေတာ႔ ဒီတစ္ရက္ (သို႔မဟုတ္) ဒီတစ္ပတ္မွာ ကိုယ္ဘယ္ေလာက္သံုးမယ္ဆိုတဲ႔ ပမာဏကို သတ္မွတ္ပါ။ ပိုက္ဆံအိတ္ထဲမွာ ေငြပိုေငြလွ်ံမထည္႔သြားပါနဲ႔။ တစ္ေန႔စာ တစ္ေန႔ ေလာက္သေလာက္သာ ထည္႔သြားပါ။ စိတ္ကပါေနရင္ေတာင္ ေငြကမလိုက္ေတာ႔ဘူးေပါ႔။

၃ - စုဘူးေလးထားပါ။

စုဘူးထဲမွာ ဘယ္ေလာက္တန္မွ ထည္႔မယ္လုိ႔ မသတ္မွတ္ပါနဲ႔။ အျပင္ကျပန္လာလို႔ ပိုလာတဲ႔ ေငြအေၾကြေတြကအစထည္႔စုပါ။ တစ္ခါတစ္ေလ ကိုယ္မသံုးဖူးလို႔ ေအာင္႔အီးလိုက္ရတဲ႔ အရာတစ္ခုခုနဲ႔ တူညီတဲ႔ ေငြပမာဏကို ကိုယ္သံုးလိုက္ၿပီလို႔ သတ္မွတ္ၿပီး စုဘူးထဲထည္႔ပါ။ ကိုယ္တတ္ႏိုင္ေလာက္ေသာ ပမာဏေလးကို စုဘူးထဲ ပံုမွန္ထည္႔စုပါ။

၄ - ဘဏ္မွာေငြစုစာရင္းဖြင္႔ပါ။

အလြယ္တကူထုတ္သံုးလုိ႔ရတဲ႔ ATM Account ထက္၊ Saving Account လို႔ေခၚတဲ႔ ေငြစုအေကာင္႔ကို ဖြင္႔ၿပီး ၂ လ တစ္ခါေလာက္ စုလို႔ရတဲ႔ ေငြကိုသြားသြားထည္႔ထားပါ။ ဒါေပမယ္႔ ငါ႔ဘဏ္ထဲမွာ ေငြဘယ္ေလာက္ရွိတယ္ဆုိၿပီး မာန္တက္မေနပါနဲ႔။ အဲ႔ဒီေငြကို လံုး၀မရွိသလို စိတ္ထဲသတ္မွတ္ထားပါ။

၅ - အနာဂါတ္ရည္မွန္းခ်က္ထားပါ။

ေငြေတာ႔စုေနပါရဲ႕ ဘာအတြက္ စုေနမွန္းမသိတာမ်ိဳး မျဖစ္ရေအာင္။ စုေတာ႔စုေပမယ္႔ စုထားတဲ႔ ေငြေတြ ေသသြားသလိုမ်ိဳးမျဖစ္ရေအာင္ ေငြပမာဏ ဘယ္ေလာက္စုမိရင္ ဘာလုပ္မယ္ဆုိတဲ႔ ရည္မွန္းခ်က္မ်ိဳးထားပါ။ စုလည္းစု၊ စုထားတဲ႔ ေငြကို ပိုမိုပြားမ်ားေအာင္ လုပ္ႏိုင္ဖို႔အတြက္ ကိုယ္န႔ဲအသင္႔ေတာ္ဆံုး အစီအစဥ္ကို ခ်မွတ္ပါ။

၆ - အသံုးစရိတ္ေခြ်တာပါ။

ရုပ္ရွင္သြားၾကည္႔မယ္ဆုိလည္း ေစ်းႀကီးတဲ႔အတန္းက ၾကည္႔မယ္႔အစား၊ ေစ်းသက္သာတဲ႔ အတန္းကၾကည္႔ပါ။ မုန္႔ပဲသြားရည္စာေတြကို အျပင္ထြက္စားမယ္႔အစား၊ အိမ္မွာလုပ္စားပါ။ အျပင္စာေတြကို တစ္လမွ တစ္ခါေလာက္သာ စားပါ။ အေသးသံုး ပိစိပိစိေလးေတြကို တတ္ႏိုင္သေလာက္ ေလွ်ာ႔ခ်ပါ။

၇ - ေငြပိုေငြလွ်ံနဲ႔ ၀င္ေငြမ်ားေအာင္ႀကံဖန္ေဆာင္ရြက္ပါ။

ေငြေကာင္းေကာင္းစုႏုိင္ဖို႔ ကိုယ္႔မွာလည္း အသံုးစရိတ္ကိုယ္ ကာမိေသာ ၀င္ေငြရွိဖုိ႔ လိုအပ္ပါေသးတယ္။ ဒီအတြက္ ၀င္ေငြရလမ္းတစ္ခုတည္းေပၚမွာသာ မရပ္တည္ပါနဲ႔။ ပင္မအလုပ္တစ္ခုအျပင္ မိမိနဲ႔သင္႔ေတာ္မယ္႔ အိမ္တြင္းစီးပြားေရး၊ အခ်ိန္ပိုင္းအလုပ္ စသျဖင္႔ အပို၀င္ေငြရႏိုင္မယ္႔ အလုပ္မ်ားကလည္း သင္ေငြပိုစုျဖစ္ဖို႔ ကူညီေပးမွာပါ။

Credit:momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ယခုလက်ရှိအခြေအနေထက် ပိုမိုပြီး ကြီးပွားချမ်းသာ အောင်မြင်ဖို့အတွက် အထောက်အကူပေးမယ့် အရာတစ်ခုက ပိုက်ဆံစုတတ်တဲ့ အကျင့်ပါပဲ။ လူတိုင်းလိုလိုက ပိုက်ဆံစုဖြစ်ချင်သော်လည်း ဒီကိစ္စဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ကိစ္စတစ်ခု ဖြစ်တာမို့ ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်သူသူ ရှားပါတယ်။ ဒါပေမယ့် ဒီလိုခက်ခဲတဲ့ ကိစ္စတစ်ခုကို မိုမိုလေးပရိသတ်တွေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင်လို့ အသုံးဝင်မယ်ထင်တဲ့ အကြံပြုချက်လေးတွေ ပေးလိုက်ချင်ပါတယ်။

၁ - အသုံးစရိတ်တွေကိုမှတ်သားထားပါ။

ငွေစုဖို့ပထမခြေလှမ်းအနေနဲ့ အရေးကြီးတာက ကိုယ်ဘယ်လောက်သုံးနေသလဲ၊ ဘာတွေသုံးနေသလဲဆိုတာ တိတိကျကျသိရဖို့ပါ။ ဒါဟာလည်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နည်း တစ်မျိုးပါပဲ။ ကိုယ်မှတ်သားထားတဲ့ အသုံးစာရင်းထဲက အရေးမကြီးတာတွေကို မသုံးဖြစ်အောင် သတိထားပါ။

၂ - ကိုယ့်အသုံးစရိတ်ကို ကိုယ်တိုင်သတ်မှတ်ပါ။

အထက်ကအချက်အတိုင်း မိမိကိုယ်ကို ဆန်းစစ်ကြည့်ပြီးပြီဆိုရင်တော့ ဒီတစ်ရက် (သို့မဟုတ်) ဒီတစ်ပတ်မှာ ကိုယ်ဘယ်လောက်သုံးမယ်ဆိုတဲ့ ပမာဏကို သတ်မှတ်ပါ။ ပိုက်ဆံအိတ်ထဲမှာ ငွေပိုငွေလျှံမထည့်သွားပါနဲ့။ တစ်နေ့စာ တစ်နေ့ လောက်သလောက်သာ ထည့်သွားပါ။ စိတ်ကပါနေရင်တောင် ငွေကမလိုက်တော့ဘူးပေါ့။

၃ - စုဘူးလေးထားပါ။

စုဘူးထဲမှာ ဘယ်လောက်တန်မှ ထည့်မယ်လို့ မသတ်မှတ်ပါနဲ့။ အပြင်ကပြန်လာလို့ ပိုလာတဲ့ ငွေအကြွေတွေကအစထည့်စုပါ။ တစ်ခါတစ်လေ ကိုယ်မသုံးဖူးလို့ အောင့်အီးလိုက်ရတဲ့ အရာတစ်ခုခုနဲ့ တူညီတဲ့ ငွေပမာဏကို ကိုယ်သုံးလိုက်ပြီလို့ သတ်မှတ်ပြီး စုဘူးထဲထည့်ပါ။ ကိုယ်တတ်နိုင်လောက်သော ပမာဏလေးကို စုဘူးထဲ ပုံမှန်ထည့်စုပါ။

၄ - ဘဏ်မှာငွေစုစာရင်းဖွင့်ပါ။

အလွယ်တကူထုတ်သုံးလို့ရတဲ့ ATM Account ထက်၊ Saving Account လို့ခေါ်တဲ့ ငွေစုအကောင့်ကို ဖွင့်ပြီး ၂ လ တစ်ခါလောက် စုလို့ရတဲ့ ငွေကိုသွားသွားထည့်ထားပါ။ ဒါပေမယ့် ငါ့ဘဏ်ထဲမှာ ငွေဘယ်လောက်ရှိတယ်ဆိုပြီး မာန်တက်မနေပါနဲ့။ အဲ့ဒီငွေကို လုံးဝမရှိသလို စိတ်ထဲသတ်မှတ်ထားပါ။

၅ - အနာဂါတ်ရည်မှန်းချက်ထားပါ။

ငွေတော့စုနေပါရဲ့ ဘာအတွက် စုနေမှန်းမသိတာမျိုး မဖြစ်ရအောင်။ စုတော့စုပေမယ့် စုထားတဲ့ ငွေတွေ သေသွားသလိုမျိုးမဖြစ်ရအောင် ငွေပမာဏ ဘယ်လောက်စုမိရင် ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုးထားပါ။ စုလည်းစု၊ စုထားတဲ့ ငွေကို ပိုမိုပွားများအောင် လုပ်နိုင်ဖို့အတွက် ကိုယ်နဲ့အသင့်တော်ဆုံး အစီအစဉ်ကို ချမှတ်ပါ။

၆ - အသုံးစရိတ်ချွေတာပါ။

ရုပ်ရှင်သွားကြည့်မယ်ဆိုလည်း ဈေးကြီးတဲ့အတန်းက ကြည့်မယ့်အစား၊ ဈေးသက်သာတဲ့ အတန်းကကြည့်ပါ။ မုန့်ပဲသွားရည်စာတွေကို အပြင်ထွက်စားမယ့်အစား၊ အိမ်မှာလုပ်စားပါ။ အပြင်စာတွေကို တစ်လမှ တစ်ခါလောက်သာ စားပါ။ အသေးသုံး ပိစိပိစိလေးတွေကို တတ်နိုင်သလောက် လျှော့ချပါ။

၇ - ငွေပိုငွေလျှံနဲ့ ဝင်ငွေများအောင်ကြံဖန်ဆောင်ရွက်ပါ။

ငွေကောင်းကောင်းစုနိုင်ဖို့ ကိုယ့်မှာလည်း အသုံးစရိတ်ကိုယ် ကာမိသော ဝင်ငွေရှိဖို့ လိုအပ်ပါသေးတယ်။ ဒီအတွက် ဝင်ငွေရလမ်းတစ်ခုတည်းပေါ်မှာသာ မရပ်တည်ပါနဲ့။ ပင်မအလုပ်တစ်ခုအပြင် မိမိနဲ့သင့်တော်မယ့် အိမ်တွင်းစီးပွားရေး၊ အချိန်ပိုင်းအလုပ် စသဖြင့် အပိုဝင်ငွေရနိုင်မယ့် အလုပ်များကလည်း သင်ငွေပိုစုဖြစ်ဖို့ ကူညီပေးမှာပါ။

Credit:momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top