iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Shwemom
#Unicode Version
အာဟာရ ဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခု အရ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ကို နေစဉ်သောက်သုံးခြင်းဟာ လေ့ကျင့်ခန်းလုပ်စရာ မလိုအပ်ပဲ ဗိုက်သားအဆီများကို သိသိသာသာ ကျစေတယ် လို့ဖော်ပြခဲ့ပါတယ်။လေ့လာချက်ထဲမှာ တစ်နေ့ကို ခရမ်းချဉ်သီးဖျော်ရည် ၂၈၀ မီလီလီတာ ( ၁ လီတာ ၅ ပုံ ၁ ပုံ ခန့်) သောက်သုံးကြတဲ့ အမျိုးသမီး များဟာ ၈ ပါတ်အတွင်းမှာ ဝမ်းဗိုက်အဆီ ၅၀ % ခန့်လျော့ကျသွားတယ် လို့ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
လေ့လာသူများက ” နေ့စဉ်နေ့တိုင်း ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ကို ပုံမှန်သောက်သုံးပေးခြင်းက ဗိုက်သားအဆီများနဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေတယ်ဆိုတာကို ဒီလေ့လာချက်က သက်သေပြနေပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။
တခြားသောလေ့လာချက်တစ်ခုကတော့ ခရမ်းချဉ်သီးဖျော်ရည်ကို အဝလွန်သူတွေ သောက်သုံးပေးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေသလို အဝလွန်ခြင်းကြောင့်ဖြစ်ပွားတဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်တယ် လို့ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ SuperfoodUK မှ အာဟာရဗေဒ ပညာရှင်ဖြစ်သူ ရှိုနာ ဝီကင်ဆန်ကတော့ ” ခရမ်းချဉ်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်(ကစီဓာတ်) နည်းပါးစွာ ပါဝင်ပြီး ရေဓာတ်များစွာပါဝင်ပါတယ်။ဒါကြောင့် ခရမ်းချဉ်သီးဖျော်ရည်ဟာ ခန္ဓာကိုယ်ကို ကယ်လိုရီပမာဏ၊သကြားပမာဏ တွေကို နည်းနည်းပဲ စုပ်ယူစေပါတယ်။ဒါအပြင်ခရမ်းချဉ်သီးဟာ သင့်ရဲ့ အစာအစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။တခြားသော အသီးအရွက်တွေကဲ့သို့ပဲ ခရမ်းချဉ်သီးမှာ သင့်ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ဒါပေမဲ့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစားအစာတွေကို စားသုံးနေရင်းနဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးခြင်းဟာ ဘာမှ ထူးခြားလာစေမှာ မဟုတ်ပဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာကို စားသုံးပြီး ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးမှ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း (Lycopene) ဆိုတဲ့ ဓာတု ဓာတ်ပေါင်းတစ်မျိုးကြွယ်ဝစွာပါဝင်ပြီး လိုင်ကိုပင်း ဓာတ်ဟာ နှလုံးရောဂါနဲ့ နေရောင်ကြောင့် အရေပြားပျက်ဆီးခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်ပွားခြင်း ကို ကာကွယ်ပေးနိုင်ပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top