iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပြဲက်င္းပျပီး ဟန္းနီးမြန္းက ျပန္လာတာနဲ႕ ေန႕စဥ္က်င္လည္လႈပ္ရွားတဲ့အရာေတြအတုိင္း ျပန္လည္ စီးေမ်ာလုပ္ေဆာင္ရေတာ့မွာပါလားဆုိတဲ့ စိတ္က သင့္ကိုနည္းနည္းေတာ့ မြန္းက်ပ္ေစပါလိမ့္မယ္။ ဒါေပမယ့္ သင္သိထားရမွာက ခုခ်ိန္မွာ သင့္ေဘးက သင့္အိမ္ေ ထာင္ဖက္နဲ႕သင္ဟာ အရင္းႏွီးဆံုး၊ နားလည္မႈ အရွိဆံုးသူေတြ ျဖစ္ေနၾကျပီး ႏွစ္ဦးသားအိမ္ေထာင္ေရးကို သာယာလွပေအာင္ စတင္ထုဆစ္ရေတာ့မယ့္ အခ်ိန္ေရာက္လာခဲ့ပါျပီ။ ဒီေတာ့ သင္တုိ႕ႏွစ္ဦးအေနနဲ႕ အိမ္ေထာင္ျပဳျပီး တစ္ႏွစ္အတြင္း မျဖစ္မေန လုပ္ေဆာင္ရမယ့္ အခ်က္ကေလးေတြ ရွိလာပါျပီ။

၁။လုပ္ငန္းေဆာင္တာေတြကို ပံုမွန္းအတုိင္း လည္ပတ္ဖုိ႕ၾကိဳးစားပါ။
ခုလို ေျပာလိုက္လို႕ စိတ္ပ်က္စရာေကာင္းလိုက္တာလို႕ေတာ့ မထင္ပါနဲ႕။ သင့္အေနနဲ႕ သင့္ရဲ႕လုပ္ငန္းေဆာင္တာေတြကို အရင္လိုပဲ မပ်က္မကြက္ လုပ္ေဆာင္သြားဖုိ႕က အိမ္ေထာင္ျပဳျပီးခါစ စံုတြဲေတြမွာ အေရးအၾကီးဆံုးအခ်က္ပါ။ လုပ္ေနက်အရာေတြ ပ်က္ကြက္တာမ်ိဳးထက္ အေျပာင္းအလဲ နည္းနည္းရွိသြားတာမ်ိ်ဳးက ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ အိမ္ေထာင္က်သြားလုိ႕ ပိုပ်င္းသြားတာ၊ လုပ္ခ်င္ကိုင္ခ်င္စိတ္ မရွိေတာ့တာမ်ိဳးေတြေတာ့ မျဖစ္သင့္ပါဘူး။

၂။ ၀င္ေငြ၊ ေငြေၾကးကိစၥကို ႏွစ္ဦးသား ေသခ်ာစီမံကိန္းဆြဲပါ။
ဒါဟာ စံုတြဲတုိင္း မျဖစ္မေနလုပ္ေဆာင္ရမယ့္ အခ်က္ေတြထဲက တစ္ခုပါ။ မဂၤလာပြဲအတြက္ ကုန္က်ေငြေတြအားလံုးအတြက္ ရွင္းျပီးျပီဆုိရင္ေတာ့ တစ္လကို ႏွစ္ေယာက္သားဘယ္ေလာက္သံုးမယ္၊ ဘယ္ေလာက္စုမယ္၊ ကေလးယူမယ္ဆိုရင္ ကေလးအတြက္ ဘယ္လိုေလး စျပီးစုမယ္ စသျဖင့္ အစီအစဥ္ေရးဆြဲဖုိ႕လုပ္ပါ။

၃။ခရီးထြက္ဖုိ႕အတြက္ ျပင္ဆင္ပါ။
မၾကာေသးခင္ကမွ ဟန္းနီးမြန္းထြက္ျပီး ျပန္လာတာဆုိေတာ့ ေနာက္ထပ္ခရီးထြက္ခ်င္ရင္ေတာင္ နည္းနည္းေအာင့္ထားလိုက္ပါ။ ျဖစ္ႏိုင္ရင္ ေျခာက္လတစ္ခါေလာက္ေတာ့ ခရီးထြက္ပါ။ ေနာက္ ေျခာက္လေနရင္ ဘယ္ကိုခရီးထြက္မယ္ဆုိတာ အစီအစဥ္ဆြဲျပီး ပိုက္ဆံစုတာမ်ိဳး၊ ဒိတ္ေသခ်ာသတ္မွတ္တာမ်ိဳး လုပ္ႏိုင္ပါတယ္။ ႏွစ္ဦးသား ဒီရက္ေလးအတြက္ စိတ္လႈပ္ရွားမွာမုိ႕ ေပ်ာ္စရာလည္းေကာင္းပါတယ္။

၄။ဒင္နာအတူမစားရတာ ၾကာျပီျဖစ္တဲ့ သူငယ္ခ်င္းေတြနဲ႕ ဒင္နာအတူစားပါ။
မဂၤလာေဆာင္ျပီးကတည္းက မေတြ႕ျဖစ္ေတာ့တဲ့ သူငယ္ခ်င္းေတြရွိရင္ သူတုိ႕ကိုဖိတ္ျပီး ဒင္နာအတူ စားတာမ်ိဳး လုပ္ႏိုင္ပါတယ္။ သူငယ္ခ်င္းေတြနဲ႕ မဂၤလာေဆာင္ျပီးခါစ စံုတြဲတစ္တြဲ အခ်ိန္အတူျဖဳန္းျခင္းဟာ အဲ့ဒီစံုတြဲအတြက္ ေပ်ာ္ရႊင္မႈေတြ ရရွိေစတယ္လို႕ ဆိုထားပါတယ္။ အိမ္ေထာင္က်သြားလို႕ သူငယ္ခ်င္းေတြကို လ်စ္လ်ဴရႈလိုက္တာမ်ိဳး ဘယ္ေတာ့မွမျဖစ္ပါေစနဲ႕။

၅။မဂၤလာႏွစ္ပတ္လည္ ရက္ေလးကိုလည္း အျမဲသတိရေနပါေစ။
မဂၤလာႏွစ္ပတ္လည္ ေရာက္တုိင္း သင္တုိ႕ႏွစ္ဦးစလံုးက ပြဲေလးတစ္ခုခု က်င္းပတာမ်ိဳး၊ ဒါမွမဟုတ္ ႏွစ္ဦးသားတစ္ဦးကို တစ္ဦး အမွတ္တရလက္ေဆာင္ေလးေတြ ေပးတာမ်ိဳးဟာ အိမ္ေထာင္တစ္ခု ပိုမိုသာယာေစတဲ့ အေၾကာင္းအရင္းတစ္ခုပဲ ျဖစ္ပါတယ္။
Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မင်္ဂလာပွဲကျင်းပပြီး ဟန်းနီးမွန်းက ပြန်လာတာနဲ့ နေ့စဉ်ကျင်လည်လှုပ်ရှားတဲ့အရာတွေအတိုင်း ပြန်လည် စီးမျောလုပ်ဆောင်ရတော့မှာပါလားဆိုတဲ့ စိတ်က သင့်ကိုနည်းနည်းတော့ မွန်းကျပ်စေပါလိမ့်မယ်။ ဒါပေမယ့် သင်သိထားရမှာက ခုချိန်မှာ သင့်ဘေးက သင့်အိမ်ထောင်ဖက်နဲ့သင်ဟာ အရင်းနှီးဆုံး၊ နားလည်မှု အရှိဆုံးသူတွေ ဖြစ်နေကြပြီး နှစ်ဦးသားအိမ်ထောင်ရေးကို သာယာလှပအောင် စတင်ထုဆစ်ရတော့မယ့် အချိန်ရောက်လာခဲ့ပါပြီ။ ဒီတော့ သင်တို့နှစ်ဦးအနေနဲ့ အိမ်ထောင်ပြုပြီး တစ်နှစ်အတွင်း မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ကလေးတွေ ရှိလာပါပြီ။

၁။လုပ်ငန်းဆောင်တာတွေကို ပုံမှန်းအတိုင်း လည်ပတ်ဖို့ကြိုးစားပါ။
ခုလို ပြောလိုက်လို့ စိတ်ပျက်စရာကောင်းလိုက်တာလို့တော့ မထင်ပါနဲ့။ သင့်အနေနဲ့ သင့်ရဲ့လုပ်ငန်းဆောင်တာတွေကို အရင်လိုပဲ မပျက်မကွက် လုပ်ဆောင်သွားဖို့က အိမ်ထောင်ပြုပြီးခါစ စုံတွဲတွေမှာ အရေးအကြီးဆုံးအချက်ပါ။ လုပ်နေကျအရာတွေ ပျက်ကွက်တာမျိုးထက် အပြောင်းအလဲ နည်းနည်းရှိသွားတာမျျိုးက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အိမ်ထောင်ကျသွားလို့ ပိုပျင်းသွားတာ၊ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့တာမျိုးတွေတော့ မဖြစ်သင့်ပါဘူး။

၂။ ဝင်ငွေ၊ ငွေကြေးကိစ္စကို နှစ်ဦးသား သေချာစီမံကိန်းဆွဲပါ။
ဒါဟာ စုံတွဲတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်တွေထဲက တစ်ခုပါ။ မင်္ဂလာပွဲအတွက် ကုန်ကျငွေတွေအားလုံးအတွက် ရှင်းပြီးပြီဆိုရင်တော့ တစ်လကို နှစ်ယောက်သားဘယ်လောက်သုံးမယ်၊ ဘယ်လောက်စုမယ်၊ ကလေးယူမယ်ဆိုရင် ကလေးအတွက် ဘယ်လိုလေး စပြီးစုမယ် စသဖြင့် အစီအစဉ်ရေးဆွဲဖို့လုပ်ပါ။

၃။ခရီးထွက်ဖို့အတွက် ပြင်ဆင်ပါ။
မကြာသေးခင်ကမှ ဟန်းနီးမွန်းထွက်ပြီး ပြန်လာတာဆိုတော့ နောက်ထပ်ခရီးထွက်ချင်ရင်တောင် နည်းနည်းအောင့်ထားလိုက်ပါ။ ဖြစ်နိုင်ရင် ခြောက်လတစ်ခါလောက်တော့ ခရီးထွက်ပါ။ နောက် ခြောက်လနေရင် ဘယ်ကိုခရီးထွက်မယ်ဆိုတာ အစီအစဉ်ဆွဲပြီး ပိုက်ဆံစုတာမျိုး၊ ဒိတ်သေချာသတ်မှတ်တာမျိုး လုပ်နိုင်ပါတယ်။ နှစ်ဦးသား ဒီရက်လေးအတွက် စိတ်လှုပ်ရှားမှာမို့ ပျော်စရာလည်းကောင်းပါတယ်။

၄။ဒင်နာအတူမစားရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ဒင်နာအတူစားပါ။
မင်္ဂလာဆောင်ပြီးကတည်းက မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေရှိရင် သူတို့ကိုဖိတ်ပြီး ဒင်နာအတူ စားတာမျိုး လုပ်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ မင်္ဂလာဆောင်ပြီးခါစ စုံတွဲတစ်တွဲ အချိန်အတူဖြုန်းခြင်းဟာ အဲ့ဒီစုံတွဲအတွက် ပျော်ရွှင်မှုတွေ ရရှိစေတယ်လို့ ဆိုထားပါတယ်။ အိမ်ထောင်ကျသွားလို့ သူငယ်ချင်းတွေကို လျစ်လျူရှုလိုက်တာမျိုး ဘယ်တော့မှမဖြစ်ပါစေနဲ့။

၅။မင်္ဂလာနှစ်ပတ်လည် ရက်လေးကိုလည်း အမြဲသတိရနေပါစေ။
မင်္ဂလာနှစ်ပတ်လည် ရောက်တိုင်း သင်တို့နှစ်ဦးစလုံးက ပွဲလေးတစ်ခုခု ကျင်းပတာမျိုး၊ ဒါမှမဟုတ် နှစ်ဦးသားတစ်ဦးကို တစ်ဦး အမှတ်တရလက်ဆောင်လေးတွေ ပေးတာမျိုးဟာ အိမ်ထောင်တစ်ခု ပိုမိုသာယာစေတဲ့ အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top