iMyanmarHouse.com - Best Property Website for Myanmar
×

အစာအိမ္နဲ႔အူလမ္းေၾကာင္းဆုိင္ရာ ျပႆနာေတြဟာ လူတုိင္း အနည္းဆံုး တစ္ႀကိမ္၊ ႏွစ္ႀကိမ္ ၾကံဳဖူးၾကပါတယ္။ ဗိုက္ေအာင့္တာ၊ ဝမ္းခ်ဳပ္တာ၊ အစာအဆိပ္သင့္တာတုိ႔ေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ အူအတက္နဲ႔ ပတ္သက္တာကေတာ့ ျဖစ္ေတာင့္ျဖစ္ခဲျဖစ္ၿပီး အူအတက္ေပါက္လာရင္လည္း ခြဲထုတ္လိုက္ရပါတယ္။ လူတိုင္း အူအတက္ေပါက္တာနဲ႔ ၾကံဳရတာမ်ိဳး မရွိပါဘူး။ တကယ္ၾကံဳရေတာ့မယ္ဆုိရင္လည္း ဒီလကၡဏာေတြျပပါတယ္။

၁။ အစာအိမ္က ျပင္းျပင္းထန္ထန္ နာက်င္ပါတယ္။ ဒီလိုနာက်င္မႈမ်ိဳး တစ္ခါမွ မၾကံဳဖူးခဲ့ပါဘူး။ ဝမ္းဗိုက္ၾကြက္သားေအာက္ဘက္ ဘယ္ဘက္ျခမ္းမွာ ဆိုးဆိုးရြားရြား ေအာင့္ပါတယ္။

၂။ မူးေမာ္ၿပီး ပ်ိဳ႕အန္တယ္။ အစားစားခ်င္စိတ္ လံုးဝမရွိဘူး။

၃။ အခ်ိဳ႕လူေတြမွာ အူအတက္ဟာ တင္ပဆံု႐ိုးရဲ႕ေအာက္ပိုင္းမွာ ရွိေနတတ္ပါတယ္။ ဆီးအိတ္နဲ႔ နီးကပ္ေနတာပါ။ အူအတက္က ေရာင္ရမ္းၿပီး ေပါက္ထြက္ေတာ့မယ္ဆို ဆီးအိတ္ကိုပါ ထိေနလို႔ မၾကာခဏ အေပါ့သြားပါတယ္။

၄။ ခိုက္ခိုက္တုန္ေအာင္ အဖ်ားတက္ပါတယ္။ ခႏၶာကိုယ္က ပူလိုက္ေအးလိုက္နဲ႔ ျဖစ္ေနၿပီး ဖ်ားေနတာပါ။ အူအတက္ေရာင္ေနၿပီဆုိ နာက်င္တဲ့ေနရာကို တံု႔ျပန္ဖုိ႔ ခႏၶာကိုယ္ကေန ဓာတုပစၥည္းေပါင္းမ်ားစြာ အလိုလိုထုတ္လႊတ္ေပးတာေၾကာင့္ လူကဖ်ားနာလာပါတယ္။

၅။ စိတ္ေတြက ရႈပ္ေထြးဖုိ႔ ပံုမွန္မဟုတ္ေတာ့ဘူး။ ဦးေႏွာက္ကို ေအာက္ဆီဂ်င္က ပံုမွန္အတုိင္း မေရာက္ေတာ့တဲ့အခါ ကိုယ္ဘာျဖစ္ေနမွန္းေတာင္ ကိုယ္တုိင္မသိတဲ့ အေနအထားမ်ိဳး ရွိပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ လူတိုင်း အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ် ကြုံဖူးကြပါတယ်။ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊ အစာအဆိပ်သင့်တာတို့တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အူအတက်နဲ့ ပတ်သက်တာကတော့ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး အူအတက်ပေါက်လာရင်လည်း ခွဲထုတ်လိုက်ရပါတယ်။ လူတိုင်း အူအတက်ပေါက်တာနဲ့ ကြုံရတာမျိုး မရှိပါဘူး။ တကယ်ကြုံရတော့မယ်ဆိုရင်လည်း ဒီလက္ခဏာတွေပြပါတယ်။

၁။ အစာအိမ်က ပြင်းပြင်းထန်ထန် နာကျင်ပါတယ်။ ဒီလိုနာကျင်မှုမျိုး တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ ဝမ်းဗိုက်ကြွက်သားအောက်ဘက် ဘယ်ဘက်ခြမ်းမှာ ဆိုးဆိုးရွားရွား အောင့်ပါတယ်။

၂။ မူးမော်ပြီး ပျို့အန်တယ်။ အစားစားချင်စိတ် လုံးဝမရှိဘူး။

၃။ အချို့လူတွေမှာ အူအတက်ဟာ တင်ပဆုံရိုးရဲ့အောက်ပိုင်းမှာ ရှိနေတတ်ပါတယ်။ ဆီးအိတ်နဲ့ နီးကပ်နေတာပါ။ အူအတက်က ရောင်ရမ်းပြီး ပေါက်ထွက်တော့မယ်ဆို ဆီးအိတ်ကိုပါ ထိနေလို့ မကြာခဏ အပေါ့သွားပါတယ်။

၄။ ခိုက်ခိုက်တုန်အောင် အဖျားတက်ပါတယ်။ ခန္ဓာကိုယ်က ပူလိုက်အေးလိုက်နဲ့ ဖြစ်နေပြီး ဖျားနေတာပါ။ အူအတက်ရောင်နေပြီဆို နာကျင်တဲ့နေရာကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ကနေ ဓာတုပစ္စည်းပေါင်းများစွာ အလိုလိုထုတ်လွှတ်ပေးတာကြောင့် လူကဖျားနာလာပါတယ်။

၅။ စိတ်တွေက ရှုပ်ထွေးဖို့ ပုံမှန်မဟုတ်တော့ဘူး။ ဦးနှောက်ကို အောက်ဆီဂျင်က ပုံမှန်အတိုင်း မရောက်တော့တဲ့အခါ ကိုယ်ဘာဖြစ်နေမှန်းတောင် ကိုယ်တိုင်မသိတဲ့ အနေအထားမျိုး ရှိပါတယ်။
Credit:duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top