iMyanmarHouse.com - Best Property Website for Myanmar
×
ချစ်စရာကောင်းတယ်
နွေးထွေးတယ်
အလွယ်တကူ ချီလိုရတယ်
ကလေးလိုပဲ
လူကြီးဆန်လာမယ်
ပျော်လာမယ်
ပို့သပေးပါတယ်။
#Unicode Version
ကိုယ်ချစ်မိတဲ့ ကောင်မလေးက အရပ်ပုပုနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေမယ် ဆိုရင်တော့ အခုဖော်ပြတဲ့ အားသာချက်လေးတွေ ရရှိမှာအမှန်ပဲနော်။
အချစ်မှာ မျက်စိမရှိသလို ကိုယ်ချစ်မိတဲ့သူဟာ အရပ်ပုတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေတာဟာလည်း သူက သင့်ကို ချစ်မိစေလို့ပဲမဟုတ်လား။
ချစ်စရာကောင်းတယ်
သူလုပ်သမျှအရာအားလုံးက ချစ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် တချို့က သူတို့ကို ချစ်စရာကောင်းတယ်လို့ပြောရင်သဘောမကျပါဘူး။ စွဲဆောင်မှုရှိချင်ကြပါတယ်။ ချစ်စရာကောင်းတဲ့ ကောင်မလေးလောက် ကိုယ့်ကို အေးချမ်းစေပါတယ်။
နွေးထွေးတယ်
ခပ်ပုပုကောင်မလေးတွေနဲ့ ချစ်သူဖြစ်ကြလို့ တစ်ဦးကို တစ်ဦး ပွေ့ဖက်ကြတဲ့အခါ သူက ကိုယ့်ရင်ခုန်သံကို နားထောင်လို့ရပါတယ်။ ရင်ငွေ့ကိုလည်း အေးဆေးခိုလှုံစေနိုင်ပြီး သူနဲ့ နဖူးလေးကို ကြင်ကြင်နာနာ နမ်းလို့ရပါတယ်။ အရမ်းကို နွေးထွေးပါတယ်။
အလွယ်တကူ ချီလိုရတယ်
စကားများ ရန်ဖြစ်ကြတဲ့အခါ ယောကျၤားလေးတွေအတွက်တော့ Win-Win အခြေအနေတစ်ခုပါပဲ။ ပြောလို့မနိုင်တော့ရင် ချီသာပစ်လိုက်ပါ။
ကလေးလိုပဲ
အရပ်ပုတဲ့ မိန်းကလေးတွေဟာ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတယ် ပျော်ပျော်နေတတ်ပါတယ်။ သူတို့ဟာ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းစင်ပါတယ်။
လူကြီးဆန်လာမယ်
သူက သင့်ကို မော့မော့ကြည့်ပြီး စကားပြောတဲ့အခါ တခါတလေ သင့်ကို အားကိုတကြီးမော့မော့ကြည့်တဲ့အခါ သင့်ကိုယ်သင် အားကိုးခံရတဲ့ သူတစ်ယောက်လိုခံစားရပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာမယ်။ လူကြီးဆန်လာမှာဖြစ်ပါတယ်။
ပျော်လာမယ်
သူဟာ သင့်ကို ပျော်ရွှင်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်မှာပါ။ သင့်ရဲ့အရပ်ကို မှီဖို့ ဒေါက်ဖိနပ်အမြင့်တွေ စီးမယ်၊ သင့်ကို နမ်းဖို့ ခြေဖဝါးထောက်မယ်။ စတဲ့အရာတွေက သင့်ကို ပြုံးစေမှာ မလွဲဧကန်ပါပဲ။
အရပ်သာပုတာ ရစ်တော့ရစ်နိုင်တယ်နော်
အရပ်သာပုပေမယ့် စိတ်မကျေနပ်စရာတစ်ခုခုဖြစ်လို့ကတော့ အရစ်ခံနိုင်အောင် ပြင်ဆင်ထားတော့နော်။
ပြည့်စုံတဲ့ အရပ်ပုပု သင့်ချစ်သူ
အရပ်ပုပုနဲ့ သင့်ချစ်သူက ယုံကြည်မှုအပြည့်ရှိပြီး တည်ငြိမ်ရင့်ကျက်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ကို ကလေးလေး ချစ်ကလေးလို့ ချစ်စနိုးခေါ်မိမှာပါ။ ဒါပေမယ့် ဂျပုမလေးလို့တော့မခေါ်လိုက်နဲ့နော်။ သူ့ရဲ့ ဘဝဖြစ်တည်မှု သူ့ရဲ့ တန်ဖိုးကို လေးစားပါ။ မြတ်နိုးပါ။ တန်ဖိုးထားပါ။
credit:mystylemyanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top