iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ဆိုတာ အံ့ၾသဖြယ္ေကာင္းတဲ့အရာတစ္ခုျဖစ္ၿပီး သင္ရဲ႕လက္တြဲေဖာ္နဲ႔ နီးနီးကပ္ကပ္ရွိေနတဲ့ Relationship ဆိုတာတကယ္ကုိ ေကာင္းမြန္ပါတယ္ ဒါေပမယ့္ ဘယ္အရာမဆို ေကာင္းက်ိဳးဆိုးက်ိဳးဆိုတာ ရွိေနတဲ့အတြက္ တစ္ခါတစ္ေလမွာ တပူးပူးတတြဲတြဲရွိေနလြန္းတဲ့ သင္တို႔ႏွစ္ေယာက္ၾကားမွာ ဘယ္လုိဆံုးရႈံးမႈေတြရွိလာမလဲဆိုတာသိထားဖို႔လည္း လိုပါေသးတယ္။

၁။ငါကေန ငါတို႔ျဖစ္လာတာ
သင့္သူငယ္ခ်င္းေတြက သင့္ကို မိန္းကေလးေတြပဲ ေပ်ာ္မယ့္ပါတီကို မဖိတ္ေတာ့ဘူးဆိုရင္ သင့္ကိုသူတို႔ အလိုမရွိေတာ့ဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ သင္နဲ႔အတူ သင့္ခ်စ္သူက ေနာက္က မခြဲႏိုင္မခြာႏိုင္ ပါလာမွာကို ႀကိဳၿပီးျမင္ေယာင္ၿပီးသားမို႔ပါ။ လူေတြၾကားမွာ သင္တုိ႔နွစ္ေယာက္တပူးပူးတတြဲတြဲရွိတာ ျမင္ေယာင္မိေပမယ့္ ကိုယ့္သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ရႊင္စရာအခြင့္အေရးေတြကို လက္လႊတ္ရတတ္ပါတယ္။ ကိုယ့္ခ်စ္သူေကာင္ေလးက သူ႕သူငယ္ခ်င္းေကာင္ေလးေတြနဲ႔ ေတြ႔ဖို႔သြားမယ္ဆိုရင္လည္း မလိုက္တာ အေကာင္းဆံုးပါ။ ေယာက်ာ္းေလးေတြ စကား၀ိုင္းမွာ မိန္းကေလးတစ္ေယာက္ရွိေနတာက သူတို႔ကိုသက္ေတာင့္သက္သာမျဖစ္ေစတဲ့အျပင္ကိုယ့္အတြက္ေနရခက္ၿပီး ပ်င္းရိစရာေကာင္းလွပါတယ္။

၂။သူငယ္ခ်င္းေတြ ကိုယ့္နားကကြယ္ေပ်ာက္သြားတာ
အရင္ကေတာ့ သူငယ္ခ်င္းေတြနဲ႔ သင္ဟာ အၿမဲ ေတြ႔ေနရေပမယ့္ ခ်စ္သူရွိလာတဲ့အခါ သူ႔နားမွာ ေနျဖစ္ေတာ့တာ၊ဘယ္သြားသြားသူနဲ႔မွ သူမပါရင္ မျဖစ္တာမ်ိဳးေတြ ျဖစ္ပါတယ္။အရင္က သူငယ္ခ်င္းေတြရဲ႕ အတြင္းေရးေတြကိုသိထားရင္ေတာင္မွ သူငယ္ခ်င္းေတြက သင့္ခ်စ္သူဆီသင္ေဖာက္သည္ ျပန္ခ်မွာစိုးလို႕ တိုင္ပင္တာမ်ိဳးေတြ မရွိေတာ့တဲ့အျပင္ ကိုယ့္ခ်စ္သူကိုပဲ အခ်ိန္ေပးတဲ့အတြက္ သူတို႔ၾကားမွာကိုယ္က ပ်က္ကြက္တတ္တဲ့သူျဖစ္သြားတတ္ပါတယ္။ သူငယ္ခ်င္းေတြက သင့္ကိုပစ္ပယ္ထားတာ မုန္းလို႔ေတာ့မဟုတ္ပါဘူး။ သင္တို႔ႏွစ္ေယာက္က တတြဲတြဲ ရွိေနၿပီးသားျဖစ္တဲ့အတြက္ေၾကာင့္ပါ။

၃။သင့္အိပ္မက္ေတြကြယ္ေပ်ာက္သြားတာ
သင့္အေနနဲ႔သင္ ဆႏၵရွိတဲ့သင္တန္းေတြ၊အရာေတြ အကုန္လုပ္လို႔ရပါတယ္ ဒါေပမယ့္ သင္တုိ႔ႏွစ္ေယာက္လံုးလုပ္လို႔အရာေတြ ျဖစ္ေနမွပဲ လုပ္ခြင့္ရွိမွာပါ။သင့္တို႔ႏွစ္ေယာက္စလံုးက ေကာ္နဲ႔ ကပ္ထားသလို မခြဲႏိုင္ျဖစ္ေနတဲ့အတြက္ တစ္ေယာက္ လုပ္ခ်င္တာေနာက္တစ္ေယာက္က ၀င္ပါခ်င္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ေသခ်ာတာတစ္ခုကေတာ့ သင္လုပ္ခ်င္တဲ့အိပ္မက္ေတြ သိမ္းထားရမွာက ၈၀ ရာခိုင္ႏႈန္းေလာက္ကိုေသခ်ာပါတယ္။

၄။လက္ေတြ႕နဲ႔ ကင္းကြာသြားတာ
တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းကိုနီးနီးကပ္ကပ္ရွိေနတဲ့အေၾကာင္းက သိပ္ခ်စ္ၾကလို႔ပါ။ ဒီလိုခ်စ္ေနၾကတဲ့အခ်ိန္မွာေဘးကလူကိုပဲ သြားလဲဒီစိတ္၊စားလဲဒီစိတ္ စိတ္ထဲအခ်ိန္ျပည့္ထည့္ထားတဲ့အတြက္ ကိုယ့္မိသားစုေတြအေၾကာင္း၊
သူငယ္ခ်င္းေတြအေၾကာင္းကအစ ပတ္၀န္းက်င္မွာ ဘာေတြျဖစ္ပ်က္သြားသလဲဆိုတာ သိဖို႔ေမ့ေနတတ္ပါတယ္။ သင့္အေနနဲ႔ Relationship တစ္ခုဟာအေရးၾကီးတဲ့အရာတစ္ခုဆိုတာကိုပဲ သတိေပးေနဖို႔လိုပါတယ္။
 Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အချစ်ဆိုတာ အံ့သြဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး သင်ရဲ့လက်တွဲဖော်နဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ Relationship ဆိုတာတကယ်ကို ကောင်းမွန်ပါတယ် ဒါပေမယ့် ဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုးဆိုတာ ရှိနေတဲ့အတွက် တစ်ခါတစ်လေမှာ တပူးပူးတတွဲတွဲရှိနေလွန်းတဲ့ သင်တို့နှစ်ယောက်ကြားမှာ ဘယ်လိုဆုံးရှုံးမှုတွေရှိလာမလဲဆိုတာသိထားဖို့လည်း လိုပါသေးတယ်။

၁။ငါကနေ ငါတို့ဖြစ်လာတာ
သင့်သူငယ်ချင်းတွေက သင့်ကို မိန်းကလေးတွေပဲ ပျော်မယ့်ပါတီကို မဖိတ်တော့ဘူးဆိုရင် သင့်ကိုသူတို့ အလိုမရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်နဲ့အတူ သင့်ချစ်သူက နောက်က မခွဲနိုင်မခွာနိုင် ပါလာမှာကို ကြိုပြီးမြင်ယောင်ပြီးသားမို့ပါ။ လူတွေကြားမှာ သင်တို့နှစ်ယောက်တပူးပူးတတွဲတွဲရှိတာ မြင်ယောင်မိပေမယ့် ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာအခွင့်အရေးတွေကို လက်လွှတ်ရတတ်ပါတယ်။ ကိုယ့်ချစ်သူကောင်လေးက သူ့သူငယ်ချင်းကောင်လေးတွေနဲ့ တွေ့ဖို့သွားမယ်ဆိုရင်လည်း မလိုက်တာ အကောင်းဆုံးပါ။ ယောကျာ်းလေးတွေ စကားဝိုင်းမှာ မိန်းကလေးတစ်ယောက်ရှိနေတာက သူတို့ကိုသက်တောင့်သက်သာမဖြစ်စေတဲ့အပြင်ကိုယ့်အတွက်နေရခက်ပြီး ပျင်းရိစရာကောင်းလှပါတယ်။

၂။သူငယ်ချင်းတွေ ကိုယ့်နားကကွယ်ပျောက်သွားတာ
အရင်ကတော့ သူငယ်ချင်းတွေနဲ့ သင်ဟာ အမြဲ တွေ့နေရပေမယ့် ချစ်သူရှိလာတဲ့အခါ သူ့နားမှာ နေဖြစ်တော့တာ၊ဘယ်သွားသွားသူနဲ့မှ သူမပါရင် မဖြစ်တာမျိုးတွေ ဖြစ်ပါတယ်။အရင်က သူငယ်ချင်းတွေရဲ့ အတွင်းရေးတွေကိုသိထားရင်တောင်မှ သူငယ်ချင်းတွေက သင့်ချစ်သူဆီသင်ဖောက်သည် ပြန်ချမှာစိုးလို့ တိုင်ပင်တာမျိုးတွေ မရှိတော့တဲ့အပြင် ကိုယ့်ချစ်သူကိုပဲ အချိန်ပေးတဲ့အတွက် သူတို့ကြားမှာကိုယ်က ပျက်ကွက်တတ်တဲ့သူဖြစ်သွားတတ်ပါတယ်။ သူငယ်ချင်းတွေက သင့်ကိုပစ်ပယ်ထားတာ မုန်းလို့တော့မဟုတ်ပါဘူး။ သင်တို့နှစ်ယောက်က တတွဲတွဲ ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်ပါ။

၃။သင့်အိပ်မက်တွေကွယ်ပျောက်သွားတာ
သင့်အနေနဲ့သင် ဆန္ဒရှိတဲ့သင်တန်းတွေ၊အရာတွေ အကုန်လုပ်လို့ရပါတယ် ဒါပေမယ့် သင်တို့နှစ်ယောက်လုံးလုပ်လို့အရာတွေ ဖြစ်နေမှပဲ လုပ်ခွင့်ရှိမှာပါ။သင့်တို့နှစ်ယောက်စလုံးက ကော်နဲ့ ကပ်ထားသလို မခွဲနိုင်ဖြစ်နေတဲ့အတွက် တစ်ယောက် လုပ်ချင်တာနောက်တစ်ယောက်က ဝင်ပါချင်တာမျိုးတွေဖြစ်တတ်ပါတယ်။သေချာတာတစ်ခုကတော့ သင်လုပ်ချင်တဲ့အိပ်မက်တွေ သိမ်းထားရမှာက ၈၀ ရာခိုင်နှုန်းလောက်ကိုသေချာပါတယ်။

၄။လက်တွေ့နဲ့ ကင်းကွာသွားတာ
တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုနီးနီးကပ်ကပ်ရှိနေတဲ့အကြောင်းက သိပ်ချစ်ကြလို့ပါ။ ဒီလိုချစ်နေကြတဲ့အချိန်မှာဘေးကလူကိုပဲ သွားလဲဒီစိတ်၊စားလဲဒီစိတ် စိတ်ထဲအချိန်ပြည့်ထည့်ထားတဲ့အတွက် ကိုယ့်မိသားစုတွေအကြောင်း၊
သူငယ်ချင်းတွေအကြောင်းကအစ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ သိဖို့မေ့နေတတ်ပါတယ်။ သင့်အနေနဲ့ Relationship တစ်ခုဟာအရေးကြီးတဲ့အရာတစ်ခုဆိုတာကိုပဲ သတိပေးနေဖို့လိုပါတယ်။
 Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top