iMyanmarHouse.com - Best Property Website for Myanmar
×
အပြာရောင်မျက်ဝန်း
အညိုရောင်မျက်ဝန်း
အစိမ်းရောင်မျက်ဝန်း
#Unicode Version
က်လုံးဆိုတာ လှပဆုံး ဆွဲဆောင်မှုရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ထဲက ခံစားချက်တွေကိုလည်း မျက်ဝန်းကတဆင့် သိရှိနိုင်တာကြောင့် နှလုံးသားရဲ့ တံခါးပေါက်အဖြစ် တင်စားကြပါတယ်။ တစ်ဦးကိုတစ်ဦး မျက်ဝန်းနဲ့ ဆက်သွယ်စကားပြောလို့ရသလို မျက်ဝန်းက အနက်ရှိုင်းဆုံး ဘာသာစကားကို ဖော်ပြပေးနိုင်တဲ့အရာတစ်ခုပါ။
လူတွေမှာ မျက်ဝန်းအရောင်အမျိုးမျိုးရှိပါတယ်။ အပြာရောင်၊ အညိုရောင်၊ အနက်ရောင်၊ အစိမ်းရောင် စသဖြင့်ပေါ့။ အာရှသားတွေရဲ့ မျက်ဝန်းအရောင်ကတော့ အညိုရောင်နဲ့ အနက်ရောင်များပါတယ်။ မျက်ဝန်းအရောင်ကပြောတဲ့ ကိုယ့်အကြောင်းလေးကို လေ့လာကြည့်ရအောင်ပါ။
အပြာရောင်မျက်ဝန်း
အပြာရောင်မျက်ဝန်းပိုင်ရှင်တွေဟာ သိပ်ကိုနှစ်လိုဖွယ်ကောင်းတဲ့သူတွေဖြစ်ပါတယ်။ မျက်ဝန်းပြာပြာကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ဆွဲဆောင်မှုရှိသူ တည်ငြိမ်သူ ပင်ကိုယ်စိတ်သဘောအရ ငြိမ်းချက်သူတွေဖြစ်ပါတယ်။ အသိဉာဏ်ဗဟုသုတကိုလည်း လေ့လာလိုက်စားသူတွေဖြစ်ပါတယ်။
အညိုရောင်မျက်ဝန်း
အညိုရောင်မျက်ဝန်းတွေရဲ့ အကြောင်းတော့ ဖော်ပြဖူးပါတယ်နော်။ လူတွေအများဆုံး ပိုင်ဆိုင်ထားကြတဲ့မျက်ဝန်းပါ။ အရမ်းကိုလွတ်လွတ်လပ်လပ်နေတတ်ပြီး ယုံကြည်မှုအပြည့်ရှိသူတွေဖြစ်ပါတယ်။ သင့်ကိုလူတွေကကြည့်လိုက်ရင်ပဲ ယုံကြည်ရလောက်တဲ့သူတွေပါ။
အစိမ်းရောင်မျက်ဝန်း
အစိမ်းရောင်မျက်ဝန်းတွေဟာ ရှားပါးမျက်ဝန်းတွေဖြစ်ပါတယ်။ သဘာဝတရားကို စူးစမ်းလေ့လာလိုစိတ်ရှိသူတွေဖြစ်ပါတယ်။ လူမှုလဆက်ဆံရေးကောင်းမွန်တယ် အကောင်းဖက်ကနေမြင်တတ်တယ်။ တီထွင်ဖန်တီးဉာဏ်ကောင်တဲ့သူပါ။ ဒါပေမယ့် အလွယ်တကူသဝန်ဆိုတတ်တဲ့သူတွေဖြစ်ပြီးတော့ အရမ်းလည်းချစ်တတ်သူတွေဖြစ်ပါတယ်။
အနက်ရောင်မျက်ဝန်းပိုင်ရှင်
အနက်ရောင်မျက်ဝန်းပိုင်ရှင်တွေဟာ လှျှို့ဝှက်တဲ့သူဖြစ်ပါတယ်။ လူသစ်တွေနဲ့ဆိုရင် ကိုယ့်ဘာသာကိုယ် ဖာသိဖာသာနေတတ်ပါတယ်။ တည်ငြိမ်ပြီး သစ္စာရှိတဲ့သူတွေပါ။ အထူးသဖြင့် သူငယ်ချင်းမိတ်ဆွေတွေအပေါ် တွယ်တာပါတယ်။ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသူတွေလည်းဖြစ်ပါတယ်။
မီးခိုးရောင် မျက်ဝန်းပိုင်ရှင်
မီးခိုးရောင်မျက်ဝန်းပိုင်ရှင်တွေကတော့ အရမ်းကို ပညာရှိတဲ့သူတွေဖြစ်ပေမယ့် ဆတ်ဆတ်ထိမခံတွေဖြစ်ပါတယ်။ အတွင်းစိတ်ကတော့ အရမ်းကိုခိုင်မာပြီး တစ်ခုခုကိုအကြောင်းအကျိုး ခွဲခြားတတ်သူဖြစ်ပါတယ်။ကိုယ့်ကိုပေးလာတဲ့အခြေအနေအတိုင်း လိုက်လျောညီထွေစွာ စိတ်ပြောင်းလဲနိုင်သူဖြစ်ပါတယ်။
နီညိုရောင် (သို့) စိမ်းညိုရာင် မျက်ဝန်းပိုင်ရှင်
Hazel Eyes လို့ခေါ်တဲ့ နီညိုရောင် (သို့) စိမ်းညိုရောင် မျက်ဝန်းပိုင်ရှင်တွေဟာ စိန်ခေါ်မှုတွေကို နှစ်သက်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ်ကမျဉ်းကြောထတတ်တဲ့သူ ဗရုတ်ကျတတ်တဲ့သူဖြစ်ပါတယ်။လူတွေကို ချည်းကပ်တဲ့နေရာမှာတော့ ဆရာကြီး
Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top